Subscribe to Updates
Get the latest creative news from FooBar about art, design and business.
What's Hot
Author: Ka K
အီယိုရီ၊ယောနသံ /People’s Spring ကိုးကန့်တပ်မတော်(MNDAA)ခေါင်းဆောင် ဖုန်တာရွှင်သည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်၌ ဆေးကုသမှုခံယူနေကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ယနေ့(နိုဝင်ဘာ ၁၉ရက်)ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ ပြောရေးဆိုခွင့်ရှိသူ Lin Jian က MNDAA ခေါင်းဆောင်ဖုန်တာရွှင်သည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်၌ ဆေးကုသမှုခံယူနေကြောင်း ပြောကြားသည်။ “မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ခေါင်းဆောင်ဖုန်တာရွှင်ဟာ ဆေးကုသမှုခံယူဖို့အတွက် တရုတ်နိုင်ငံလာရောက်ဖို့ အစောပိုင်းက လျှောက်ထားခဲ့ပါတယ်။ (သူဟာ)လက်ရှိ ဆေးကုသမှုခံယူနေဆဲဖြစ်ပြီး ပြန်လည်သက်သာလာပြီဖြစ်ပါတယ်” ဟု တရုတ်နိုင်ငံခြားရေး ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ သို့သော် MNDAA ခေါင်းဆောင် မည်သည့်အချိန်က တရုတ်နိုင်ငံသို့ ရောက်ရှိလာပြီး တရုတ်အစိုးရ သို့မဟုတ် ယူနန်ပြည်နယ်အစိုးရက ဖုန်တာရွှင်ကို မည်သို့ထားရှိသည်ကိုမူ အသေးစိတ်ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။ ယမန်နေ့(နိုဝင်ဘာ ၁၈ရက်)ညနေပိုင်းတွင် တရုတ်နိုင်ငံက MNDAA ခေါင်းဆောင် ဖုန်တာရွှင်ကို နေအိမ်အကျယ်ချုပ်ထားရှိကာ MNDAA သိမ်းပိုက်ထားသော လားရှိုးမြို့ကို စစ်ကောင်စီထံ ပြန်လည်ပေးအပ်ရန် ဖိအားပေးနေကြောင်း မြန်မာသတင်းဌာန ၄ ခုထက်မနည်းက တိုင်းရင်းသားတော်လှန်ရေးသတင်းရင်းမြစ်များအား ကိုးကားကာ ရေးသားဖော်ပြခဲ့ကြသည်။ ဖုန်တာရွှင်သည် ပြီးခဲ့သည့်အောက်တိုဘာလက တရုတ်နိုင်ငံသို့သွားရောက်ခဲ့စဉ် တရုတ်အထူးကိုယ်စားလှယ်နှင့် တွေ့ဆုံခဲ့ပြီးနောက်ပိုင်း ပြန်ခွင့်မရတော့ဘဲ ထိန်းသိမ်းခံရခြင်းဟုMNDAAတရုတ် ရွှေလီအုပ်ချုပ်ရေးပိုင်းနှင့် နီးစပ်သူ အချို့က ပြောသည်။ အဆိုပါသတင်းကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ခဲ့ပြီးနောက် မြန်မာနိုင်ငံရေးအပေါ် အကြီးအကျယ်ဝင်ရောက်စွက်ဖက်နေသည့် တရုတ်အစိုးရကို မြန်မာပြည်သူလူထုနှင့် နိုင်ငံရေးအသိုင်းအဝိုင်းက ဝေဖန်ခဲ့သည်။ ထို့နောက်နိုဝင်ဘာ ၁၉ ရက်တွင် ပြုလုပ်သည့် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တရုတ်အစိုးရက ဖုန်တာရွှင်အကြောင်း အသိပေးလာခြင်းဖြစ်သည်။သို့သော် တိကျသည့်အဖြေမဟုတ်ကြောင်း မန္တလေးမြို့မှ တရုတ်နွယ်ဖွားအချို့နှင့် ကိုးကန့်တိုင်းရင်းသားအချို့ကပြောသည်။ ” တရုတ်အစိုးရထုတ်ပြန်ချက်ကိုက ရှင်းရှင်းလင်းလင်းရှိမနေပါဘူး။…
ဧရာဝတီတိုင်းမ် နိုဝင်ဘာ ၁၈ရက် ရခိုင်ပြည်နယ်၊ မောင်တောရှိ နောက်ဆုံးကျန်ရစ်သော စစ်ကောင်စီ၏ နယ်ခြားစောင့်စခန်းစခန်း နခခ-၅ မြို့သူကြီးနှင့် အဆက်အသွယ်ပြတ်တောက်သွား၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကယ်ထုတ်ပေးပါရန် စစ်ကောင်စီတပ်လော်ဘီများနှင့် တပ်ဖွဲ့ဝင်မိသားစုများက တောင်းဆိုလျက်ရှိကြောင်း သိရသည်။ မောင်တော နခခ ၅ အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ယနေ့ နိုဝင်ဘာ ၁၈ရက်နေ့တွင် အဆက်အသွယ် လုံးဝပြတ်တောက်သွားသည့်အတွက် စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်ကို ဖခင်ကယ်တင်ပေးပါ ဟု စစ်တပ်ထောက်ခံသူများက လူမှုကွန်ရက်စာမျက်နှာ များတွင် တောင်းဆိုထားသည်။ “လက်အောက်ငယ်သားတွေကို ဖုန်းပေးမသုံးလို့ အဆက်အသွယ်မရတာ တစ်လကျော်ပြီ။ အခုက စစ်အရာရှိတွေနဲ့ပါ အဆက်အသွယ်မရတော့တာလို့ ပြောပါတယ်။ အခြေအနေတွေဆိုးကုန်ပြီထင်ပါ တယ်” ဟု တပ်မိသားစုဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။ နခခ-၅ မြို့သူကြီး၏ သုံးဆင့်ကာရံထားသည့် ခြံစည်းရိုးနှင့် မိုင်းကွင်းများမှာလည်း စစ်ကောင်စီတပ်က ပစ်ချသည့် ဗုံးများကြောင့် အချို့မှာ ပြိုကျပျက်စီးသွားပြီး အာရက္ခတပ်တော် (AA) ၏ အနီးကပ် တိုက်ခိုက်ခြင်းကို ခံနေရကြောင်း သိရသည်။ စစ်ကောင်စီထောက်ခံ တယ်လီဂရမ်ချန်နယ်များတွင် “နခခ၅ ကျသွားပြီ။ တပ်ဆုတ်စရာ နတ်မြစ် လမ်းကြောင်းကို ကမ်းထိုးရေယာဉ်များကပ်ပြီး စစ်ကောင်စီတပ်ဖွဲ့များကို ကယ်ထုတ်ပေးပါ ဖခင်” ဟု ရေးသားတောင်းဆိုနေကြသည်။ AAအနေဖြင့် မောင်တောမြို့တစ်ခုလုံးကို ထိန်းချုပ်ထားပြီး မောင်တောမြို့ပြင်တွင် တစ်ခုတည်း ကျန်ရှိသည့် စစ်ကောင်စီ၏ နခခ ၅ ကို သိမ်းပိုက်ရန်ကြိုးစားလျက်ရှိကြောင်း ပြီးခဲ့သည့် နိုဝင်ဘာ ၁၃ရက်နေ့က ထုတ်ပြန်ထားသည်။ ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်သွားသည်မှာ မောင်တောတစ်နေရာတည်းတွင်သာ မကဘဲ အမ်း…
ရန်ကုန်၊ နိုဝင်ဘာ ၁၈ ကိုးကန့် MNDAA ခေါင်းဆောင် ဖုန်တာရွှင်ကို တရုတ်နိုင်ငံက အကျယ်ချုပ် ဖမ်းဆီးထားသည်ဆိုသော သတင်းကို MNDAA သတင်းရင်းမြစ်တစ်ခုက ငြင်းဆိုသည်။ ယနေ့ လူမှုကွန်ရက်တွင် လားရှိုးကို စစ်ကောင်စီထံသို့ ပြန်မပေးမှုဖြင့် တရုတ်အစိုးရက MNDAA ခေါင်းဆောင်ကို အကျယ်ချုပ်ဖမ်းဆီးထားပြီဆိုသော သတင်းများ ပြန့်နှံ့လာပြီး ယင်းသတင်းနှင့်ပတ်သက်၍ MNDAA သတင်းရင်းမြစ်က ငြင်းဆိုလိုက်ခြင်းဖြစ်သည်။ “မဟုတ်ပါဘူး။ အဲဒီသတင်းက” ဟု MNDAA သတင်းရင်းမြစ်က ဆိုသည်။ စစ်မြေပြင်တွင်ရှိနေသော MNDAA အခြားတပ်မှူး သတင်းရင်းမြစ်တစ်ခုကလည်း လားရှိုးမြို့တွင် ကိုးကန့်တပ်များက မြို့ ပြန်လည် ပုံမှန်အတိုင်း လည်ပတ်ရေး အားသွန်ခွန်စိုက် လုပ်ဆောင်လျက်ရှိပြီး ပြည်သူများ၏ စီးပွားရေး၊ လူမှုရေး ၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်း မာရေး ကောင်း မွန်သော ယန္တရားများ ဖြစ်ပေါ်လာစေရန် ဆောင်ရွက်နေကြောင်း၊ လားရှိုးမြို့မှ ပြန်လည် ဆုတ်ခွာမည်ဆိုသော ကောလာဟလ သတင်းများ၊ လားရှိုးမြို့ကို ပြန်လည်ပေးအပ်မည်ဆိုသော သတင်းများမှာ ရည်ရွယ်ချက်ရှိရှိ တမင်တကာ ပြိုကွဲပျက်စီးစေရန် ထုတ်လွှင့်နေခြင်းဖြစ်သည်ဟု ဆိုသည်။ “မြေပြင်မှာတော့ ပုံမှန်အတိုင်း လုပ်စရာရှိတာလုပ်နေကြပါတယ်။ လုံခြုံရေး၊ ပညာရေး ၊စီးပွားရေး၊ ကျန်းမာရေး၊ အုပ်ချုပ်ရေး ဒါတွေကို လည်ပတ်နိုင်အောင် လုပ်ဆောင်နေပါတယ်။ လားရှိုးမြို့ပေါ်မှာ လေယာဉ်တွေနဲ့သာ ဗုံးလာမကျဲရင် အခုထက်တောင် ပိုပြီးတော့ စည်းကားသိုက်မြိုက်နေပါပြီ။ လားရှိုးကို ဘယ်သူ့ကို ပြန်ပေးရမှာလဲ” ဟု အဆိုပါ သတင်းရင်းမြစ်က ဆိုသည်။ လောက်ကိုင်အခြေစိုက် MNDAA သတင်းရင်းမြစ်ကမူ…
ဧရာ၀တီတိုင်းမ် နိုဝင်ဘာ ၁၈ ရက် အမ်းရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) နှင့် တပ်ရင်းများကို ထောက်ပံ့ပို့ဆောင်နေရသည့် အမှတ် (၉၂၆) ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ခွဲ (ထပခ-၉၂၆) ကို အာရက္ခတပ်တော် (AA) က သိမ်းပိုက် လိုက်ကြောင်း သိရသည်။ AA သည် ပြီးခဲ့သည့် နိုဝင်ဘာ၁၅ရက်နေ့ကတည်းက ထပခ ၉၂၆ကို သိမ်းယူခဲ့ကာ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် စစ်ကောင်စီ၏ တပ်ရင်းတပ်ဖွဲ့များသို့ မြေပြင်ထောက်ပို့သည့် လမ်းကြောင်းကို ဖြတ်တောက်လိုက်ခြင်းဖြစ်ကြောင်းသိရသည်။ “တပ်ထိန်းတပ်ခွဲ-၁၀ ဘက်မှာလည်း လက်နက်ကြီး၊ လက်နက်ငယ်သံတွေ မနေ့ကတည်းက တိတ် သွားပြီး လေယာဉ်ကပဲ လာကြဲတော့တယ်ပြောတယ်။ တပ်ထိန်းတပ်လည်း ပါသွားလောက်ပါပြီ” ဟု အမ်းဒေသခံနှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။ AA သည် ထပခ ၉၂၆ တပ်ကို ပြီးခဲ့သည့် နိုဝင်ဘာ ၁၂ရက်နေ့ကတည်းက ပိတ်ဆို့တိုက်ခိုက်ပြီး မြေပြင် ဆက်သွယ်ရေးလမ်းကြောင်း ပိတ်ဆို့ဖြတ်တောက်ထားခဲ့ခြင်း ဖြစ်သည်။ ယမန်နေ့ နိုဝင်ဘာ ၁၇ရက်နေ့ အထိ ခမရ ၃၇၁ ပျဉ်းတောရွာအနီးနှင့် အောက်ရွာတို့တွင် တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လျက်ရှိကြောင်း သိရသည်။ တပ်ထိန်းတပ်ခွဲ တထခ-၁၀၊ အောက်ရွာ၊ ဆီဆိုင်ကုန်းနှင့် လေယာဉ်ကွင်း တို့တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီသည် ပြီးခဲ့သည့် နိုဝင်ဘာ ၁၆ရက်နေ့က ဗုံးအလုံးရေ ၂၀ကျော် လာရောက်ကြဲချခဲ့ကြောင်း သိရသည်။ “တစ်မိုင်ကုန်းက ဆုတ်လာတဲ့တပ်တွေ အောက်ရွာမှာ စီးပြီး ခုခံနေလို့ တိုက်ပွဲပြင်းထန်နေတာလို့ ပြောပါတယ်”…
အမေရိကန်က ထောက်ပံ့ထားတဲ့ တာဝေးပစ် ဒုံးကျည်တွေကို ရုရှားနိုင်ငံ ပိုင်နက်ထဲ နက်နက်ရှိုင်းရှိုင်း တိုက်ခိုက်မှုတွေမှာ အသုံးပြုဖို့ သမ္မတ ဂျိုးဘိုင်ဒန်က ယူကရိန်းကို ခွင့်ပြုပေးလိုက်ပါတယ်။ ယူကရိန်းက ကာလရှည်ကြာ တောင်းဆိုနေခဲ့တဲ့ အဲဒီကိစ္စကို ဘိုင်ဒန်ဟာ သမ္မတသက်တမ်း ကုန်ဆုံးခါနီးကျမှ ပထမဆုံးအကြိမ် မီးစိမ်းပြခဲ့တာ ဖြစ်ပါတယ်။ ATACMSလို့ အတိုကောက် ခေါ်ဝေါ်တဲ့ အဲဒီ တာဝေးပစ် ဒုံးကျည်တွေဟာ မိုင်ပေါင်း ၁၉၀ လောက် အကွာအဝေးက ပစ်မှတ်တွေကို ချေမှုန်းနိုင်စွမ်း ရှိပါတယ်။ ဘိုင်ဒန်ရဲ့ သဘောထား အပြောင်းအလဲက ရုရှားရဲ့ လက်နက်တိုက်တွေကို တိတိကျကျ ပစ်မှတ်ထား ဖြိုခွင်းဖို့ ယူကရိန်းအတွက် အထောက်အကူကောင်းတွေ ရရှိလာနိုင်မှာ ဖြစ်ပါတယ်။ အကျိုးဆက် အနေနဲ့ ယူကရိန်း အရှေ့ပိုင်းမှာ တဖြည်းဖြည်း ရှေ့တိုး ချီတက်လာနေတဲ့ ရုရှားထိုးစစ်ကိုလည်း အနှောင့်အယှက် ပေးနိုင်ဖွယ် ရှိပါတယ်။ ဘိုင်ဒန်ဟာ အမေရိကန် ထောက်ပံ့ထားတဲ့ တာဝေးပစ် ဒုံးကျည်တွေ လွတ်လပ်စွာ အသုံးပြုခွင့်အတွက် ယူကရိန်းရဲ့ အစဉ်တစိုက် တောင်းဆိုမှုကို အကြိမ်ကြိမ် ငြင်းပယ်ခဲ့ရာကနေ နိုဝင်ဘာ ၁၇ ရက်နေ့မှာ သဘောထား ပြောင်းသွားခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ မြောက်ကိုရီးယားတပ်တွေက ယူကရိန်း စစ်ပွဲမှာ ရုရှားဖက်က ကူညီတိုက်ခိုက်ကြောင်း အထောက်အထားတွေ ခိုင်မာလာတဲ့ အချိန်မှာ အမေရိကန်ရဲ့ တုံ့ပြန်မှု တစ်ခုလို့လည်း ဆိုနိုင်ပါတယ်။ အမေရိကန်ရဲ့ တာဝေးပစ် ဒုံးကျည်တွေကို အကန့်အသတ်တွေ မရှိဘဲ အသုံးပြုလို့ ရလာခြင်းက ယူကရိန်းအတွက် အသက်ရှူ ချောင်စရာ…
#တချက်ရှိုးလိုက်အုံးသာကောကြီး ဝမ်ဆွေ့တို့ အမောက်မထောင်နိုင်တော့ပြီ 👎🏿👎🏿👎🏿 အခုတလော စိတ်ဝင်စားစရာအကောင်းဆုံးလို့ ခံစားမိတဲ့ သတင်းကတော့ ….. လူလည်ကြီး တ ရုတ် ကို KIA, ရဲ့တုန့်ပြန်ချက်ပဲ …. စစ်တပ်ကို ပေါ်ပေါ်ထင်ထင်ထောက်ခံအားပေးနေတဲ့ တ ရုတ် ဟာ KIA ကို ချီဗွေ, လော့ဆော်, ပန်ဝါ စတဲ့ နယ်စပ်စခန်းတွေကို မတိုက်ဖို့ ဖိအားပေးတယ်၊… တ ရုတ် ရဲ့ တဖက်သတ်အောက်တန်းကျယုတ်မာမှုကို သိနေတဲ့ KIA က လက်မခံပဲ တ ရုတ် နယ်စပ်က မြေရှားသတ္ထုတွေ အဓိကထွက်တဲ့ နေရာတွေ၊ မြို့တွေကို သိမ်းယူပစ်လိုက်တယ်၊… တ ရုတ် ဟာ မွှန်ထူပြီး ခြိမ်းခြောက်အကြပ်ကိုင်တဲ့ အနေနဲ့ နယ်စပ်ဂိတ်တွေ အားလုံးကို ပိတ်ဆို့ပစ်လိုက်တယ်၊ အမှန်တော့ တ ရုတ်ဟာ အဆင်ခြင်မဲ့စွာ ပက်လက်လှန်ပြီး တံတွေးထွေးလိုက်တာပဲ ..။ တ ရုတ် ဟာ KIA ကို မြောက်ပိုင်းအဖွဲ့တွေလို အကြပ်ကိုင်လို့ ရမယ် ထင်နေခဲ့တယ်၊ တ ရုတ် ဟာ KIA ကို အထင်မကြီးဘူး၊ ငါတို့ လုပ်သမျှခံလိမ့်မယ်လို့ ထင်နေတာကိုး … တ ရုတ် ဟာ စီးပွားရေးဈေးကွက်အရ ချုပ်ကိုင်ပြီး ကမ္ဘာကို သြဇာညောင်းနေတဲ့ မြေရှားသတ္တုဟာ ကချင်ဒေသက ထွက်နေတာလေ ..။ KIA က ဒီအထာကို သိနေ,နေတော့ လှလှလေး တုန့်ပြန်လိုက်တယ်၊.. ရတယ် သာကောရေ၊..…
မိုးမောက်တွင် စစ်လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် သေဆုံးသော ကလေးငယ် ၇ ဦးနှင့် ပြည်သူ ၂ ဦး ၏ အမည်များ ရရှိထားပြီး အားလုံးကို ခရစ်ယာန်ဘာသာရေး ထုံးတမ်းအစဉ်အလာဖြင့် မြေမြုပ်သဂြိုလ် ရန်ကုန်၊ နိုဝင်ဘာ ၁၆ ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်တွင် စစ်ကောင်စီ၏ လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် သေဆုံးသော ကလေးငယ် ၇ ဦးနှင့် ပြည်သူ ၂ ဦး၏ နာမည်များ ရရှိပြီး အားလုံးကို ယနေ့ ခရစ်ယာန်ဘာသာရေး ထုံးတမ်းအစဉ်အလာနှင့်အညီ မြေမြုပ်သဂြိုလ်လိုက်ပြီဖြစ်ကြောင်း သိရှိရသည်။ ယမန်နေ့ နိုဝင်ဘာလ ၁၅ ရက်နေ့ ညနေ ၄ နာရီခန့်အချိန် မိုးမောက်မြို့နယ်၊ ကုန်းလောရွာရှိ စစ်ဘေးရှောင် ပြည်သူများ နေထိုင်သော ခရစ်ယာန် ဘုရားကျောင်းကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကလေးငယ် အပါအဝင် ပြည်သူ ၉ ဦး သေ ဆုံးပြီး ၁၀ ဦး ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မိုးမောက်မြို့နယ် ကုန်းလောကျေးရွာ ခရစ်ယာန်ဘုရားကျောင်းတွင် စစ်ဘေးတိမ်းရှောင်နေသော ပြည်သူများကို စစ်ကောင်စီ လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်မှု ကြောင့် ၁၃ နှစ်အောက်အရွယ် ကလေး ၇ ဦး နှင့် အသက် ၃၀ ကျော် ပြည်သူ ၂ ဦး သေဆုံးခဲ့ရခြင်းဖြစ်သည်။ စစ်တပ်၏ လေယာဉ်ဖြင့် ဗုံးကျဲသတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရသော ကလေးငယ် ၇…
◾️လက်နက်နှင့်အတူ စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦး အရှင်ဖမ်းမိဟု TNLAထုတ်ပြန် ဒီးဒီ/People’s Spring ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ တောင်းခမ်းကျေးရွာ၌ ယနေ့(နိုဝင်ဘာ ၁၆ရက်) တိုက်ပွဲပြင်းထန်ရာ စစ်ကောင်စီ၏ တပ်မ(၁၁)၏ ခမရ (၂၁၃) တပ်ရင်းမှူး ဗိုလ်မှူး၊ ဗိုလ်ကြီး အဆင့်ရှိသူနှင့် တပ်သားများ သေဆုံးပြီး လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းများသိမ်းဆည်းရမိကြောင်း တအာင်းတပ်မတော် (TNLA)က အသိပေးထုတ်ပြန်သည်။ စစ်တက္ကသိုလ်များရှိရာ ပြင်ဦးလွင်မြို့နှင့် (၃၅)မိုင်ကွာဝေးသော နောင်ချိုမြို့နယ်၊ တောင်းခမ်းကျေးရွာရှိ စစ်ကောင်စီ၏ အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၂)နှင့် အမြောက်တပ်စခန်း (၃၅၄)တပ်ရင်းတို့၌ စစ်ကောင်စီတပ်နှင့် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည်ဟု ဆိုသည်။ တိုက်ပွဲအတွင်း တပ်မ(၁၁)၏ ခမရ (၂၁၃) တပ်ရင်းမှူး ဗိုလ်မှူး၊ ဗိုလ်ကြီး အဆင့်ရှိသူနှင့် တပ်သားများ သေဆုံးပြီး လက်နက်ခဲယမ်းများ နှင့် စစ်အသုံးအဆောင်ပစ္စည်းများသိမ်းရပြီး လက်နက်ခဲယမ်းနှင့်အတူ စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးလည်း အရှင်ဖမ်းဆီးနိုင်ခဲ့သည်ဟု ထပ်မံအသိပေးထားသည်။ တိုက်ပွဲသတင်းနှင့်ပတ်သက်ပြီး တအာင်းတပ်မတာ်ထံဆက်သွယ်မေးမြန်းရာ ဆက်သွယ်၍ မရသေးပေ။ ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်-ကျောက်ဂူမှ နောင်ချိုမြို့နယ်အတွင်း စစ်အင်အားဖြည့်တင်းရန် ကြိုးပမ်းနေသည့် စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာသောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဟု ဆိုသည်။ နောင်ချိုမြို့ရှိ တောင်းခမ်းအမြောက်တပ်စခန်းထိန်းချုပ်နိုင်ရန် စစ်ကောင်စီတပ်သည် ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်-ကျောက်ဂူမှတစ်ဆင့် စစ်အင်ဖြည့်တင်းနေပြီး လေကြောင်းမှတစ်ဆင့်လည်း စစ်လက်နက်ခဲယမ်းများ ဖြည့်တင်းနေသည်ဟု ဆိုသည်။ ထို့အပြင် စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်နေရာတွင်လည်း လက်နက်ကြီးများ ပစ်ခတ်ခြင်း၊လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်နေဟု ထပ်မံဖော်ပြထားသည်။ နိုဝင်ဘာ ၁၂ရက်က နောင်ချို မြို့ လမ်းဆန်းလက်ဖက်ရည်ဆိုင်ကို ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူ ၁၁ဦး သေဆုံးပြီး ၁၁ဦး…