Author: Ka K

နိုဝင်ဘာ ၁၅ ရက်၊ နံနက် ၁၁ နာရီ နိုဝင်ဘာ ၁၈-၁၉ ရက်နေ့မှာ ဖိလစ်ပိုင်နိုင်ငံကို ဖြတ်ကျော်တိုက်ခတ်ပြီး တောင်တရုတ်ပင်လယ်ထဲကိုဝင်ရောက်လာမည့် (လက်ရှိအချိန်မှာ CATEGORY-1 တိုင်ဖွန်းမုန်တိုင်း) MAN-YI – ဖိလစ်ပိုင်အမည် PEPITO ကတွန်းပို့လိုက်မည့် မိုးတိမ်အချို့နဲ့ အရှေ့လေပွေလှိုင်းအချို့က မြန်မာနိုင်ငံဘက်အထိ မိုးအနည်းငယ် သယ်ဆောင်လာနိုင်ပါတယ်။ နိုဝင်ဘာ ၁၈-၁၉-၂၀ ရက်တွေအတွင်း – 🔸 ရှမ်းပြည်နယ်တောင်ပိုင်းမှာ မိုးအသင့်အတင့်(၂၄ နာရီအတွင်း မိုးရေချိန် ၄၀ မီလီမီတာအထက် – ၁လက်မခွဲကျော်ခန့်) နဲ့ 🔸 နေပြည်တော်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသအချို့မှာ နေရာကွက်ပြီး အချိန်အခါမဟုတ်မိုးအနည်းငယ် ရွာသွန်းနိုင်ပါတယ်။ 🔸 နိုဝင်ဘာ ၁၈-၁၉ ရက်တွေမှာ မိမိဒေသဘက်ကို မိုးတိမ်တောင်များဝင်လာတာတွေ့ရင်၊ မိုးတွေအုံ့လာရင် – ရိတ်သိမ်းပြီး/ရိတ်သိမ်းဆဲ သီးနှံတွေ မိုးမထိအောင်သတိထားပြီးကာကွယ်နိုင်အောင် ကြိုတင်ပြင်ဆင်ထားကြဘို့တော့ အကြံပေးချင်ပါတယ်။ မိုးများမှာမဟုတ်တဲ့အတွက် အရမ်းစိုးရိမ်စရာလဲ မလိုပါ။ ပြည်နယ်တိုင်းမြို့များအတွက် ၄ ရက်စာ မိုးလေဝသအခြေအနေကြိုတင်ခန့်မှန်းချက်တွေကို MMWeather Site မှာတင်ပေးထားတာလဲ ကြည့်ကြပါ။ https://www.mmweather.org/divisional-cities-weather ဆက်လက်ဖတ်ရှုရန်

Read More

ရန်ကုန်၊ နိုဝင်ဘာ ၁၅ ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကြမည့် မြန်မာများ စစ်မှုထမ်းရေး မြန်မာနိုင်ငံသို့ ပြန်လာရန် စစ်ကောင်စီက ညွှန်ကြားစာထုတ်ပြန်ခြင်းနှင့် ကတိစာချုပ် လက်မှတ်ရေးထိုးခိုင်းခြင်းများ လုပ်ဆောင်နေသော်လည်း အများစုသော မြန်မာများက ပြန်လာမည်မဟုတ်ကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။ အောက်တိုဘာလနှောင်းပိုင်းနှင့် နိုဝင်ဘာလဆန်းပိုင်းတွင် ပြည်ပသို့ ထွက်ခွာသွားသော မြန်မာအလုပ်သမားများသည် ပြည်ပတွင် အလုပ်လုပ်နေစဉ် ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းရန် ဆင့်ခေါ်ခြင်းခံရပါက မိခင်နိုင်ငံသို့ အချိန်မီ ပြန်လာ၍ စစ်မှုထမ်းရန် လက်မှတ်ရေးထိုးခဲ့ကြရ ကြောင်းသိရှိရသည်။ “ထိုင်း MOU နဲ့ ဂျပန်သင်တန်းသားတွေထဲက အဲဒီစာချုပ် လက်မှတ်ထိုးလိုက်ရတဲ့ အလုပ်သမားတွေရှိပါတယ်။ စစ်မှုထမ်းခိုင်းရင် ပြန်လာပါမယ်ဆိုတဲ့ စာချုပ်ကို မီသွားတဲ့ လက်မှတ်ထိုးလိုက်ရတဲ့ မြန်မာအလုပ်သမားတွေ ရှိပါတယ်” ဟု ရန်ကုန်မှ ပြည်ပအလုပ်အကိုင်အေဂျင်စီတာဝန်ရှိသူတစ်ဦးက ဆိုသည်။ အကြမ်းဖက်စစ်ကောင်စီက အေဂျင်စီနှင့် ပြည်ပထွက်မည့် မြန်မာအလုပ်သမားများကို လက်မှတ်ရေးထိုးခိုင်းသည့် စည်းကမ်းချက်များတွင် စစ်မှုထမ်းရေးစည်းကမ်းချက် အသစ်ပါဝင်လာကြောင်း၊ ယင်းစည်းကမ်းချက်မှာ အေဂျင် စီသည် ပြည်ပနိုင်ငံသို့ စေလွှတ်သည့် အလုပ်သမားအား ပြည်ပတွင် အလုပ်လုပ်ကိုင်နေစဉ်အတွင်း ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းဆောင်ရန် ဆင့်ခေါ်ခြင်းခံရပါက ၃ နှစ် စာချုပ်သက်တမ်းပြည့်ချိန် မိခင်နိုင်ငံသို့ ပြန်လာ စစ်မှုထမ်းဆောင်နိုင်ရေး သက်ဆိုင်ရာ အလုပ်ရှင်နှင့် အလုပ်သမားကို အသိပေး၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးရမည်ဟု စစ်ကောင်စီက စည်းကမ်းချက် အသစ် ချမှတ်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။ သို့ရာတွင် ပြည်ပရောက် မြန်မာအလုပ်သမားများက စစ်မှု ထမ်းရန် မိခင်နိုင်ငံသို့ ပြန်လာရမည်ဆိုသော စစ်ကောင်စီ ၏ သတ်မှတ်ချက်ကို…

Read More

ရန်ကုန်၊ နိုဝင်ဘာ ၁၄ စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ ကျောက်က္ကာလမ်း၊ ရန်ကင်းမီးပွိုင့်တွင် လုံခြုံရေး ယူနေသော ရဲ ၂ ဦးနှင့် စစ်ကူ ထွက်လာသော စစ်သားများကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား၊ ရဲ ၆ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း Kaung Kin Local PDF (ဒီပဲယင်းမြို့နယ်) အဖွဲ့မှ တာဝန်ရှိသူတစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယနေ့ နိုဝင်ဘာလ ၁၄ ရက် နံနက် ၇ နာရီခန့်က မုံရွာမြို့၊ ကျောက္ကာလမ်းမပေါ်ရှိ ရန်ကင်းမီးပွိုင့်တွင် လုံခြုံရေးယူနေသော ဒုအရာခံ ဗိုလ် ၁ ဦးနှ့င် ရဲတပ်သား ၁ ဦးကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နှစ်ဦး စလုံးသေဆုံးသွားပြီး BA 63 (ခေါ်) G3 အမျိုးအစားသေနတ်တစ်လက်သိမ်းဆည်းရရှိခဲ့ ကြောင်း သိရသည်။ “သူတို့က လူကြီးလမ်းကြောင်းခရီးစဉ်ရှိပုံရတယ်။ ရန်ကင်းဘုန်းကြီးကျောင်းထဲမှာကတော့ စောစော ကတည်းက ရှိနေတာ၊ မီးပွိုင့်မှာ လုံခြုံရေးယူနေတဲ့ ခွေး ၂ ကောင်ကို ပစ်ပြီးတော့ ကျနော်တို့ G3 သေနတ်တစ်လက်ယူပြီးပြန်ထွက်ခဲ့တဲ့ အချိန်မှာ ရန်ကင်းမီးပွိုင့်မှာရှိတဲ့ စခနဲ့ လည်းထိတွေ့တိုက်ပွဲ ဖြစ်တယ်။ ရန်ကင်းမီးပွိုင့်မှာရှိတဲ့ စခကင်းထဲကိုလည်း ၄၀ မမ တစ်လုံးပစ်ထည့်လိုက်တယ်။ အဲဒီထဲ မှာရှိတဲ့ စခတွေလည်းထိသွားတယ်လို့ သိရတယ်။ ရန်ကင်းဘုန်းကြီးကျောင်းထဲကနေ ထွက်လာတဲ့ စခတွနဲ့လည်း ထိတွေ့တိုက်ပွဲထပ်ဖြစ်တယ်။ စုစုပေါင်း ၆ ဦးသေတယ်၊…

Read More

ပါခွီး (မဇ္ဈိမ) ။ ။ ချင်းပြည်နယ်၏မြို့တော် ဟားခါးမြို့နယ်အတွင်း ဇူလိုင်လ ၁၂ရက်နေ့မှ နိုဝင်ဘာလ ၁၂ အထိ လေးလကျော်ကြာ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၃ ဦးသေဆုံးပြီး ရဟတ်ယာဉ်တစီးကိုလည်း ထိမှန်အောင် ပစ်ခတ်နိုင်ခဲ့ကြောင်း CDF ဟားခါး တာဝန်ရှိသူ မဇ္ဈိမကို ပြောသည်။ ထို့ပြင် စစ်ကောာင်စီတပ်ဖွဲ့ဝင် ခြောက်ဦးကို အရှင်ဖမ်းမိနိုင်ခဲ့ပြီး ဒဏ်ရာရသူ ၁၄ ဦးထက်ရှိကြောင်းလည်း ဆိုသည်။ အဆိုပါ စစ်ဆင်ရေးကာလအတွင်း ရဲ ၁၃ ဦးနှင့် စစ်သားလေးဦး လက်နက်ချ အလင်းဝင်လာခဲ့ပြီး ၎င်းတို့ယူဆောင်လာသည့် လက်နက်များနှင့် တိုက်ပွဲများအတွင်းသိမ်း ဆည်း ရရှိခဲ့သော လက်နက် ၄၃ လက် ရှိခဲ့ကြောင်း သိရသည်။ လက်နက်နှင့် အလင်းဝင်လာသူများကို လက်နက်နှင့် ခဲယမ်းပေါ်မူတည်၍ ကျပ်သိန်း ၃၀ မှ သိန်း ၅၀ ထိ ဆုငွေများချီးမြှင့်ခဲ့ပြီး ၎င်းတို့အားလုံးကို လုံခြုံစိတ်ချရသည့် ဘေးကင်း ရာသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ ကျည်ထိမှန်သွားသော ရဟတ်ယာဉ်မှာ Mi-17 သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်ဖြစ်ပြီး အောက်တိုဘာလ ၁၀ရက်နေ့ တွင် ပစ်ခတ်ခဲ့ခြင်းဟု CDF – Hakha တာဝန်ရှိသူက ယခုလို ပြောသည်။ “ကလေးမြို့ကနေ ဟားခါးကိုလာတဲ့ရဟတ်ယာဥ်ကို ဟားခါးကနေပြန်အတက် ကျနော်တို့စောင့်နေတဲ့နေရာအနီးကပျံသွားတဲ့အချိန် ပစ်ခတ်ခဲ့တာပါ ၊ ရဟတ်ယာဥ် ကိုယ်ထည်ကို ထိမှန်သွားတဲ့ဟာကို ကျနော်တို့ ဖုန်းနဲ့ မှတ်တမ်းယူထားတဲ့သက်သေ တွေရှိပါတယ်” ဟု CDF – Hakha…

Read More

ရန်ကုန်၊ နိုဝင်ဘာ ၁၄ ရန်ကုန်နှင့်မန္တလေးတွင် စစ်မှုထမ်း အပတ်စဉ် ၇ အတွက် လူငယ်အရေအတွက် ရာချီ စစ်တပ်က တောင်းခံနေပြီး လိုအပ်ချက်မပြည့်၍ ပေါ်တာဆွဲ ဖမ်းဆီးမှုများ ဆက်တိုက်ဖြစ်ပေါ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်တွင် စစ်မှုထမ်း အပတ်စဉ် ၇ အတွက် လူငယ် ၂၀၀ ဦး ရှာဖွေပေးရန် စစ်တပ်က မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များထံသို့ တောင်းခံလာ​ကြောင်း၊ ယခုနိုဝင်ဘာလ ၁၄ ရက်နေ့အထိ စစ်မှုထမ်းအပတ်စဉ် ၇ အတွက် လိုအပ်သော တပ်သားသစ်အရေအတွက် ပြည့်မီခြင်းမရှိသေး၍ အမြန်ဆုံး ပြည့်မီအောင် ဆောင်ရွက်ပေးရန် စစ်တပ်က အမိန့်ပေးလာကြောင်း ဒေသသတင်းရင်းမြစ်များက ပြောဆိုသည်။ “မန္တလေး၊ မဟာအောင်မြေမှာ အခြေအနေ အရမ်းဆိုးနေတယ်။ လူငယ်တွေကို လမ်းပေါ်မှာလည်း ညီလေး ခဏ ဆိုပြီး ခေါ်သွားတာ စုံစမ်းမရတော့ဘူး။ ဆေးသမား၊ ခြေလက်မသန်တာကော ရောဂါအခြေအနေတော်တော်ဆိုးတဲ့သူတွေကော အကုန်သိမ်းကျုံးပြီး ပေါ်တာဆွဲနေတယ်။ စစ်မူ ထမ်း အတွက် လူမပြည့်လို့ဆိုပြီး မနက်ပိုင်း၊ ညပိုင်း အကုန်ဝင်ဆွဲနေတာ။ မနက်ပိုင်းကြီး ဧည့်စာရင်းဆိုပြီး ဝင်လာပြီး တက်ဆွဲနေတာပဲ။ လူငယ်တွေ ရပ်ကွက်တွေမှာတောင် မနေရဲအောင်ဖြစ်ပြီးတော့ ရှောင်နေရတယ်” ဟု မန္တလေး၊ မဟာအောင်မြေမှ သတင်းရင်းမြစ်က ပြောဆိုသည်။ အလားတူ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ အကွက် ၈၆၈ ရပ်ကွက်တွင် ကွပ်စိတ်မှူး စိုးဝင်း ဦးဆောင်ပြီး ရဲ ၁၅ ဦးနှင့် ပျူစောထီးများက ဧည့်စာရင်း အကြောင်းပြ၍…

Read More

🟥 ၁ နှစ်အတွင်း မြို့နယ် ၁၂ ခုသိမ်းပိုက်ထားပြီး အမ်း၊ တောင်ကုတ်၊ ဂွ နှင့် မောင်တောတို့ကို သိမ်း ပိုက်ရန် လက်တစ်ကမ်းအလိုရောက်ရှိ ရန်ကုန်၊ နိုဝင်ဘာ ၁၄ ရခိုင်ပြည်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များအားလုံး အလုံးစုံချုပ်ငြိမ်းစေရေး AA က ဆက်လက် အကောင်အထည်ဖော်နေကြောင်း တရားဝင် ကြေညာလိုက်သည်။ ရခိုင်ဒေသတွင် တိုက်ပွဲများ ၁ နှစ်ပြည့်သည့် ယမန်နေ့တွင် AA က ယင်းကဲ့သို့ ထုတ်ပြန်ကြေညာလိုက်ခြင်းဖြစ်ပြီး ၁ နှစ်ပြည့်သည့်အချိန်အထိ တိုက်ပွဲအရှိန်သည် လျော့ကျ သွားခြင်းမရှိဘဲ တိုက်ပွဲများမှာ နေ့စဉ်နှင့်အမျှ ဆက်လက်ပြင်းထန်လျက်ရှိကြောင်း၊ အာရက္ခဒေသနေ ပြည်သူလူထုနှင့် အာရက္ခတပ်တော်၏ အဓိက ရည်မှန်းချက်တစ်ခုဖြစ်သော အာရက္ခဒေသတွင်းရှိ “စစ်ကောင်စီတပ်ဖွဲ့များအားလုံး အလုံးစုံချုပ်ငြိမ်းစေရေး” ကို AA ဆက်လက် အကောင်အထည်ဖော်လျက်ရှိကြောင်း AA က ထုတ်ပြန်ကြေညာသည်။ ရခိုင်ဒေသတွင် တိုက်ပွဲကာလမှာ ၁ နှစ်တိတိ ပြည့်မြောက်ခဲ့ပြီးဖြစ်သော်လည်း ထိုးစစ်စတင်သည့်ရက်မှ ၁ နှစ်ပြည့်သည်အထိ တစ်ရက်မှ တိုက်ပွဲရပ်တန့်ခြင်း မရှိဟု ဆိုရလောက်သည်အထိ AA၏ ရက်ဆက်ထိုးစစ်များ၊ မြို့သိမ်းတိုက်ပွဲများနှင့်အတူ စစ်ကောင်စီ၏ ကြည်း၊ ရေ၊ လေ ခုခံစစ်၊ တန်ပြန်ထိုးစစ်များကြောင့် တိုက်ပွဲများမှာ အာရက္ခ နှင့် ပလက်ဝဒေသ တစ်ခွင်လုံး၌ ပြင်းထန်ခဲ့ကြောင်း သိရှိရသည်။ အာရက္ခဒေသတစ်ခုလုံး အာရက္ခပြည်သူ့လက်ထဲသို့ အမြန်ဆုံးရောက်ရှိစေရေး၊ စစ်ကောင်စီတပ်ဖွဲ့ဝင် များ ကင်းစင်ရေး အစရှိသည့် ရည်မှန်းချက်များအတွက် ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီ၏ လက်ကျန် စခန်းများကို အာရက္ခတပ်တော်မှ တစ်ခုပြီးတစ်ခု ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း၊…

Read More

ရန်ကုန်၊ နိုဝင်ဘာ ၁၃ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြို့နယ် ၁၂ ခု သိမ်းပိုက်ထားသော TNLA က တပ်ဖွဲ့ဝင် ၁၂၀၀ ကျော်ကို အထူးတိုက်ခိုက်ရေးနှင့် စစ်သင်တန်း ၃ လကျော်ကြာ သင်ကြားပေးပြီးနောက် နိုဝင်ဘာလ ၉ ရက်နေ့နှင့် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် စစ်သင်တန်းဆင်းသွားပြီဖြစ်ကြောင်း TNLA က သတင်းထုတ် ပြန်သည်။ အမျိုးသား အထူးတိုက်ခိုက်ရေး သင်တန်းဆင်းပွဲတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၏ စစ်ဦးစီးအရာရှိချုပ် ဗိုလ်မှူးချုပ် တားနော်ရိူန်းက ၁၀၂၇ စစ်ဆင်ရေးအတွင်း သိမ်းပိုက်ရရှိထားသည့် မြို့ နယ် ၁၂ ခုကို ဆက်လက်ကာကွယ်စောင့်ရှောက်သွားရန် တစ်ဦးချင်း တာဝန်ရှိကြောင်း၊ မိမိလူမျိုးနှင့် အနာဂတ်မျိုးဆက်သစ်အတွက် မျိုးချစ်စိတ်ဓာတ် ထားရှိရန် လိုအပ်ကြောင်း သင်တန်းဆင်းပွဲတွင် ပြောဆိုခဲ့ကြောင်း သိရှိရသည်။ TNLA အမျိုးသား အထူးတိုက်ခိုက်ရေးသင်တန်းတွင် အမှတ်စဥ် က နှင့် ခ ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး သင်တန်းကာလအတွင်း စစ်ဆင်ရေးနှင့် ရှေ့တန်းတွင် တိုက်ခိုက်ရေး ကျွမ်းကျင်မှုအဆင့်ရှိစေရန် အဓိက သင်ကြားပေးကာ သင်တန်းကာလ ၃ လကျော်ကြာ သင်ကြားပေးခဲ့ပြီး သင်တန်းသား စုစုပေါင်း ဦးရေ ၁၀၀၀ ကျော် တက်ရောက်ပြီးမြောက်ခဲ့ကြောင်း သိရှိရသည်။ ထို့ပြင် အမျိုသမီး စစ်သင်တန်းအမှတ်စဥ် ၆၆ (ဂ) သင်တန်းဆင်းပွဲကိုလည်း နိုဝင်ဘာလ ၁၁ ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် တအာင်းပြည် ထိန်းချုပ်နယ်မြေ တစ်နေရာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း၊ အမျိုးသမီး စစ်သင်တန်းဆင်းပွဲကို သင်တန်းသူ ၂၀၀ ဦးရေ ဝန်းကျင်ရှိပြီး…

Read More

မျက်မှောက်ခေတ်၊ နိုဝင်ဘာလ ၁၃ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်ထဲမှာရှိတဲ့ ပုလဲမြို့ကို နိုဝင်ဘာလ ၁၃ ရက်နေ့ ညနေပိုင်းက ဗမာအမျိုးသား တော်လှန်ရေးတပ်မတော်(BNRA)ကထိန်းချုပ်နိုင်ခဲ့ပြီး စစ်ကောင်စီဘက်က အရာရှိအချို့ ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ရေးသတင်းအရင်းအမြစ် တွေက မျက်မှောက်ခေတ်သတင်းဌာနကို ပြောပါတယ်။ ပုလဲမြို့သိမ်းတိုက်ပွဲကို နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက် ၄ နာရီအချိန်မှာ မြို့သိမ်းတိုက်ပွဲစတင်ခဲ့ပြီး ၃ ရက်အကြာမှာ မြို့ကို ထိန်းချုပ်နိုင်ခဲ့ကြောင်း ၊ နှစ်ဖက်ထိခိုက်မှုတွေရှိခဲ့ကြောင်း သိရပါတယ်။ “ပုလဲမြို့က သိမ်းပြီးပြီ။ မြို့ပျက်ကြီးဖြစ်နေပြီ။ လေယာဉ်ကတော့ မနက်ပိုင်း အကြိမ်ရေများတယ်။ပစ်တာရော ဗုံးသီးချတာရော။ ဒီနေ့ညနေကြတော့ လေယာဉ်နဲ့ ခြောက်ခေါက်လာပစ်တယ်။ဗုံးသီးလည်း ချတယ်။ မြို့ထဲက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေမရှိတော့ဘူးကြားတယ် ” လို့ စစ်ရေးသတင်းအရင်း အမြစ်က မျက်မှောက်ခေတ်သတင်းဌာနကို ပြောပါတယ်။ ဒါ့အပြင် ပုလဲမြို့သိမ်းတိုက်ပွဲကနေ စစ်ကောင်စီတပ်ဖွဲ့ဝင် အရှင် ၂၀ ဉီးနဲ့ စစ်တပ်အရာရှိ ၅ ဉီးကိုလည်း အသက်ရှင်လျှက် ဗမာအမျိုးသား တော်လှန်ရေးတပ်မတော် (BNRA)က ဖမ်းဆီးရမိခဲ့တဲ့အကြောင်း သတင်းတွေ ထွက်ပေါ်နေပြီး ဒီအခြေအနေနဲ့ ပက်သက်ပြီး မျက်မှောက်ခေတ်သတင်းဌာနအနေနဲ့ အတည်ပြုနိုင်ရန် စုံစမ်းနေဆဲဖြစ်ပါတယ်။ ယင်းမာပင်ခရိုင်ထဲမှာ စစ်ကောင်စီတပ်က ထိန်းချုပ်ထားတဲ့ မြို့နယ် လေးမြို့နယ်အထိရှိပြီး ယင်းမာပင် ၊ ဆားလင်းကြီး ၊ ကနီ ၊ ပုလဲ စတာတွေဖြစ်ကြပြီး ဒီလေးမြို့နယ်အထဲက ပုလဲမြို့ကို စစ်ကောင်စီတပ်ဘက်က လက်လွှတ်လိုက်ရတာဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန်

Read More

ရန်ကုန်၊ နိုဝင်ဘာ ၁၃ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် တရုတ်နိုင်ငံတွင် မဲခေါင်အစည်းအဝေး တက်ရောက်၍ မြန်မာနိုင်ငံ ပြန်လည် ရောက်ရှိလာပြီးနောက် ကယား(ကရင်နီ)၊ ရခိုင်နှင့် ရှမ်းမြောက်တို့တွင် စစ်ကူအင်အားများ အလုံး အရင်းဖြင့် ဖြည့်ဆည်းလာကြောင်း ဒေသသတင်းရင်းမြစ်များနှင့် တပ်သတင်းရင်းမြစ်တချို့ထံမှ သိရှိရသည်။ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် မဲခေါင်အစည်းဝေး တက်ရောက်ပြီး နိုဝင်ဘာလ ၁၀ ရက်နေ့ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံ ပြန် လည် ရောက်ရှိလာပြီးနောက် နိုဝင်ဘာလ ၁၁ ရက်နေ့၊ နိုဝင်ဘာလ ၁၂ ရက်နေ့တို့တွင် ရှမ်းမြောက်၊ ကရင်နီ နှင့် ရခိုင်တို့တွင် စစ်ကူအင်အားများကို မြေပြင်မှလည်းကောင်း၊ လေကြောင်းဖြင့် လည်းကောင်း အဆက်မပြတ် ဆက်တိုက်ပေးပို့မှုများရှိနေကြောင်း သိရှိရသည်။ “မိုင်းရယ်ဘက်ကို စစ်ကူအင်အားတွေ ဆက်တိုက် လွှတ်နေပါတယ်။ ရှမ်းတောင်ဘက်က တပ်တွေ တော်တော်များများ၊ ထုတ်နုတ်အင်အားတွေ ထပ်ပြီး ပေးခိုင်းတာရှိတယ်။ ပြည်သူ့စစ်၊ စစ်မှုထမ်းနဲ့ လက်ရုံးတပ်တွေက အင်အားတွေ ထုတ်နုတ်ပြီး ပေးခိုင်းနေတာ။ ဒီရက်ပိုင်းထဲ ပိုပြီးတော့ အင်အားတွေ ဆက်တိုက်ပို့နေတယ်။ နိုဝင်ဘာလ ၁၁ ရက်နေ့မှာ အင်အား ၄၀၀၊ နိုဝင်ဘာလ ၁၂ ရက်နေ့မှာ အင်အား ၂၀၀ ပို့ဆောင် တယ်လို့သိရပါတယ်” ဟု တပ်သတင်းရင်းမြစ်တစ်ခုက ပြောဆိုသည်။ အလားတူ ကရင်နီပြည်နယ်နှင့် ရှမ်းတောင် ဖယ်ခုံဘက်တွင်လည်း ယခု ၂ ရက်အတွင်း စစ်အင်အားများ မြေပြင်မှ ပေးပို့လျက်ရှိကြောင်း၊ ရရှိထားသော သတင်းအချက်အလက်များအရ ဖယ်ခုံမြို့သို့…

Read More

▪︎စစ်​ကောင်စီတပ်ဖွဲ့ဝင် ၄၀ ဦးလက်နက်ချ အိမ်သွင်/People’s Spring ချင်းညီနောင်အဖွဲ့က တိုက်ခိုက်နေသည့် ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် မြို့စွန်ရှိ အမှတ် ၂၆၈ ​​ခြေလျင်တပ်ရင်း( ခလရ၂၆၈) မှလွဲ၍ ဌာနဆိုင်ရာရုံးများကိုတိုက်ခိုက်သိမ်းပိုက်ထားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ဦး လက်နက်ချအလင်းဝင်ကြောင်း သတင်းရရှိသည်။ ” ရဲစခန်းနဲ့ထွေအုပ်ရုံးကို ရထားတာ၂ ရက်ရှိပြီ။ ချင်းရဲဘော်တွေက သတင်းမထုတ်ပြန်သေးတာ။ ကျန်နေတာက ခလရ ၂၆၈။ တိုက်ပွဲကဆက်ဖြစ်နေတယ်။ စစ်ကောင်စီကလည်း ကလေးမြို့ကနေ လက်နက်ကြီးတွေဆက်တိုက်ပစ်နေတာပါ” ဟု ဖလမ်းမြို့မှ စစ်ဘေး ရှောင်တစ်ဦးကပြောသည်။ လက်နက်ချအလင်းဝင်သူ ၄၀ဦးတွင် အရာရှိအချို့ပါဝင်ကြောင်း သိရသော်လည်း ချင်းညီနောင်အဖွဲ့က တရားဝင်သတင်းမထုတ်ပြန်သေး၍ အသေးစိတ်မသိရသေးပေ။တိုက်ပွဲအတွင်း၌ ချင်းညီနောင်အဖွဲ့ထိခိုက်ကျဆုံးမှု အချို့လည်းရှိနေကြောင်း သတင်းရရှိသည်။ ဖလမ်းမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင် ပူးပေါင်းတပ်ဖွဲ့က အောက်တိုဘာလ၂၅ရက်နေ့တွင် စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ဒေသခံပြည်သူများ မှာဘေးလွတ်ရာသို့ထွက်​ပြေးတိမ်းရှောင်နေကြရသည်။ စစ်ကောင်စီတပ်က ကလေးမြို့ အမြောက်တပ်မှနေ၍ ဖလမ်းမြို့ ဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေပြီး မြို့မကျရေး ခုခံတိုက်ခိုက်နေကြောင်း ချင်းညီနောင် ပူးပေါင်းတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးကပြောသည်။ ချင်းညီနောင်အဖွဲ့တွင် ချင်းအမျိုးသားကောင်စီ (မင်းတပ်)၊ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO)၊ ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU)၊ ချင်းကာကွယ်ရေးတပ် (ကန်ပက်လက်)၊ ချင်းလဲန်းကာကွယ်ရေးတပ် (မတူပီ) တပ်မဟာ (၁)နှင့် မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ (MTC) တို့ ပါဝင်သည်။ တချိန်တည်းတွင်ချင်းညီနောင်နှင့်ပူးပေါင်းအဖွဲ့များသည် မင်းတပ်မြို့မှ စစ်ကောင်စီစခန်းများကိုလည်း တိုက်ခိုက်နေပြီး စစ်ကောင်စီက တပ်စခန်းများမကျရန် လေကြောင်းအားပြု၍ အပြင်းအထန် ဗုံးကြဲခုခံနေသည်။ ချင်းညီနောင်အဖွဲ့သည် ပြီးခဲ့သည့် ဇွန်လတွင် မတူပီမြို့ရှိ စစ်ကောင်စီစခန်းများကိုအာရက္ခတပ်တော်(AA)၊Yaw Army (YA) နှင့်…

Read More