တစ်လလုံးမှာ လပြည့်ည တစ်ညပဲနော် လပြည့်ည ရောက်တိုင်း ရွတ်ဆိုရမည့် ငွေပြည့် ငွေလျှံ ချမ်းသာစေမယ့် ငွေဝင်ဂါထာငွေဝင်ဂါထာဟု ကျော်ကြားသောဒိဝါတပတိဂါထာတော် သဗ္ဗမင်္ဂလာဂါထာပါဠိတော် (၁) ဒိဝါ တပတိ အာဒိစ္စော ၊ ရတ္တိမာ ဘာတိ စန္ဒိမာ။ သန္နဒ္ဓေါ ခတ္တိယော တပတိ ဈာယီ တပတိ ဗြဟ္မဏော။ အထ သဗ္ဗ မဟောရတ္တိ ံဗုဒ္ဓေါ တပတိ တေဇသာ။ (၂) တာဒိသံ တေဇသမ္ပန္နံ ၊ ဗုဒ္ဓံ ဝန္ဒာမိ အာဒရံ။ နမက္ကာရာ နုဘာဝေန ၊ သဗ္ဗေ ပူရေ န္တု သင်္ကပ္ပါ။ ဂါထာတော် မြန်မာပြန် အနက် (၁) နေမင်းသည် နေ့အခါ၌သာ တောက်ပ၏။ လမင်းသည် ညဉ့်အခါ၌သာ တောက်ပ၏။ ရှင်ဘုရင်သည် မင်းမြှောက်တန်ဆာငါးပါး ဆင်ယင်ထားမှသာ တောက်ပ၏ ။ ရဟန္တာသည် ဈာန်ဝင်စားနေမှသာ တောက်ပ၏ ။ မြတ်စွာဘုရားရှင်သည်ကား နေ့ရောညပါ အခါခပ်သိမ်း တန်ခိုးတော် အမျိုးမျိုးဖြင့် အချိန်တိုင်း တောက်ပ၏ ။ (၂) ထိုသို့နေရော ညဉ့်ပါ ဘယ်ခါမလပ် တန်ခိုးရှိန်စော်အာနုဘော်တော်တို့ဖြင့်ထွန်းလင်းတောက်ပတော်မူသောဘုရားရှင်အား ဘုရားတပည့်တော်သည် ရိုသေမြတ်နိုးလက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏ မြတ်စွာဘုရား။ ဤသိုရှိခိုးပူဇော်ရသော အကျိုးအားကြောင့် အလုံးစုံကုန်သော လောကီစီးပွါး အထွေထွေစည်းစိမ် ဥစ္စာရတနာ အထွေတို့နှင့် လျင်လျင်မြန်မြန် ပြည့်စုံနိုင်ရပါစေသား အရှင်မြတ်ဘုရား။ ရွတ်ဆိုလိုပြီး ပါဠိအသံကို ပီပြင်အောင် မရွတ်ဖတ်တတ်သော သူများအတွက် ရည်ရွယ်ပါသည် ဖတ်တတ်သူများက ကျော်သွားပေးပါ။…
Author: Ka K
“အိမ််စောင့်နတ်၊ ကိုယ်စောင့်နတ်တောင်် မနေနိုင်တော့ပဲ ဖြည့်ဆည်းပေးရတဲ့ ဂါထာ” သမ္ဗုဒ္ဓေ ဂါထာလေးအကြောင်းမသိသူတွေအတွက်ဗဟုသုတအဖြစ်ပြောချင်ပါတယ် သမ္ဗုဒ္ဓေဂါထာတော်က၂ရခေါက်ကျော်ရင်အိမ်စောင့်နတ်၊ကိုယ်စောင့်နတ်တောင်နေမရတော့ပါဘူး၊ ပြိတ္တာကတော ဂါထာအစကြားတာနဲ့တစ်ချိုးတည်းလစ်ပြေးပါတယ်၊ကျောင်းထိုင်ပြတ္တာကြီးတွေအခြားဂါထာတွေပရိတ်တွေလိုက်ဆိုပြနိုင်ပေမယ်သမ္ဗုဒ္ဓေစရွတ်တာနဲ့လစ်ပြေးတာပါပဲ၊ပြေးတဲ့နောက်ကလိုက်ရွတ်၊သူကိုယ်ရောင်မဖြောက်ပြေးနိုင်ပါဘူး၊ သမ္ဗုဒ္ဓေဂါထာတော်တစ်နေ့တစ်ထောင်မကရွတ်ရင်နတ်တွေတိမ်ကြားမင်းတွေထက်တောင်ဘုန်းကြီးလာနိုင်ပီးစိတ်ကတောင့်တရင်သူတို့တွေကောင်းကောင်းနေမရပါဘူး၊လိုက်ဖြေစည်းပေးရပါတယ်သမ္ဗုဒ္ဓေဂါထာတော်ဟာနေမင်းကြီးနဲ့တူပါတယ်၊ သဲစုမကဘုရားတွေရှိခိုးရတာကြောင့်အရမ်းအစွမ်းထက်ကြောင်းအနည်းငယ်ဗဟုသုတအနေနဲ့တင်ပြလိုက်ပါတယ်် သင့်ရဲ့အသက်နဲ့မွေးနေ့ကိုသာ မှန်မှန်ပြောပါမှန်လွန်းလို့ ခဏခဏတွက်ကြည့်နေရတဲ့ ဇနကဟောကိန်း- ဒီနေရာမှာနှိပ်၍ ကြည့်နိုင်ပါတယ် သမ္ဗုဒ္ဓေဂါထာ မြန်မာပြန်် (၁) သမ္ဗုဒ္ဓေ အဋ္ဌဝီသ ဉ္စ၊ ဒွါဒသ ဉ္စ သဟဿကေ။ ပ ဉ္စသတ သဟဿာနိ၊ နမာမိ သိရသာမဟံ။ နှစ်ကျိပ်ရှစ်ဆူသော ဘုရားရှင်၊ တစ်သောင်းနှစ်ထောင်သောဘုုရားရှင်၊ ငါးသိန်းသောဘုရား ရှင် (၅၁၂ဝ၂၈ ဆူသော ဘုရားရှင်)တို့ကို ဦးခေါင်းဖြင့် ရိုသေစွာရှိခိုးပါ၏။ (၂) အပ္ပကာ ဝါဠုကာ ဂင်္ဂါ၊ အနန္တာ နိဗ္ဗူတာ ဇိနာ။ တေသံ ဓမ္မ ဉ္စ သံဃ ဉ္စ၊ အာဒရေန နမာ မဟံ။ ဂင်္ဂါမြစ်ကမ်းရှိ သဲပွင့်များမှာနည်း၏။ ပရိနိဗ္ဗာန်် စံတော်မူပြီးသော အောင်တော်မူဘုရားရှင် တို့ကား အဆုံးမရှိကုန်။ ထိုဘုရားရှင်များနှင့်် ထိုဘုရားရှင်တို့၏ ဓမ္မနှင့်သံဃာကိုလည်း ရိုသေစွာရှိခိုးပါ၏။ (၃) နမက္ကာရာနုဘာဝေန၊ ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ။ အနေကအန္တရာယာပိ၊ ဝိနာသန္တု အသေသတော။ ရှိခိုးရသည့်အာနုဘော်ကြောင့် ဘေးရန်ခပ််သိမ်းကို ရှောင်ရှား၍ အန္တရာယ်များစွာတို့လည်း အကြွင်းမဲ့ ပျောက်ကင်းပါစေသတည်း။ ဘာအလုပ်ပဲ လုပ်လုပ် အောင်မြင်ပြီး ဒုက္ခမျိုးစုံကြုံပေမယ့် အမြဲကံကောင်းနေပြီးချမ်းချမ်းသာသာနေရမယ့် လက္ခဏာ – ဒီနေရာမှာနှိပ်ပြီး ကြည့်နိုင်ပါတယ်
သင့်လက်ဖဝါးမှာ ‘ “X ” အက္ခရာပါရှိပါသလား။ပါခဲ့ရင်တော့ သင့်ရဲ့ ကံကြမ္မာဟာ အကောင်းဆုံးဖြစ်တ ယ်လို့ သုတေသနပြုလုပ်ချက်များအရသော်လည်းကောင်း၊ မြန်မာဗေဒင်နည်းအရပါ အတိအကျပြောဆိုထားပါတယ်။ဒီ လက္ခဏာဟာ လူ ၂သန်းမှာ ၃ရာခိုင်နှုန်းလောက်ဘဲပါတာဖြစ်ကြတယ်။ အစီအစဉ်မချဘဲအောင်မြင်သူများဖြစ်တယ်။သူများတွေက အောင်မြင်ဖို့အတွက် အစီအစဉ်တွေချပြီး လုပ်ရတတ်ပေမယ့် ဒီအမှတ်အသားပါသူတွေကတော့ အစီအစဉ်ချစရာမလိုဘဲ အောင်မြင်တတ်ပါတယ်။သူတို့သည် အကြီးမြတ်ဆုံးသောအရာတွေကို လုပ်နိုင်စွမ်းရှိကြပါတယ်။ ထိုးထွင်းသိစိတ်ရှိကြတယ် X ပုံစံ လက္ခဏာရှာရှင်များသည် ဝမ်းတွင်းစိတ်၊ အလိုလိုသိစိတ် ပါလာတတ်ကြသည်။သူတို့ကို လိမ်လို့မရပါ။ သစ္စာတရားကို တန်ဖိုးထားပြီး အရာရာကို အသေးစိတ် သတိထားမိတတ်ကြသည်။ ထိုးထွင်းစိတ်လည်း အရမ်းမြင့်မားပါတယ်။ဆဌမ အာရုံရရှိထားသော သူများဟုဆိုနိုင်သည်။ သင့်ရဲ့အသက်နဲ့မွေးနေ့ကိုသာ မှန်မှန်ပြောပါမှန်လွန်းလို့ ခဏခဏတွက်ကြည့်နေရတဲ့ ဇနကဟောကိန်း- ဒီနေရာမှာနှိပ်၍ ကြည့်နိုင်ပါတယ် လူတွေရဲ့ခေါင်းဆောင်ဖြစ်တတ်တယ်ဒီအမှတ်အသားပါတဲ့သူတွေအတွက် စိတ်ရော၊ကိုယ်ပါ ပင်ပန်းရတတ်ပါတယ်။ လူအများချစ်ခင်နှစ်သက် အားကိုခြင်းခံရတတ်ပါတယ်။ ဒီလိုအားကိုးခြင်းခံရတဲ့အတွက် သူများကိစ္စများ လိုက်လံဆောင်ရွက်ရလေ့ရှိပြီး ကိုယ်ရော စိတ်ပါ ပင်ပန်းရနိုင်သည်။ မကောင်းသော သမာအာဇီဝမကျသော အလုပ်တွေနှင့်လည်း အကျိုးမပေးတတ်ပါ။ ပြောရမယ်ဆိုရင် အကုသိုလ် အလုပ်တွေနှင့် ဘာတစ်ခုမှ အကျိုးမပေးတတ်ပါ။ အခက်အခဲ ဒုက္ခတွေမှ ကျော်လွှားလွန်မြောက်နိုင်မယ်ဒီကြက်ခြေခတ်ပါလာသူတွေအတွက် မကောင်းတဲ့အချက်ကတော့ မတော်တဆမှုတွေနှင့် ကြံရနိုင်ပါတယ်။ ရေနစ်ခြင်း၊မီးလောင်ခြင်း၊ ဓါတ်လိုက်ခြင်း၊ဆိုင်ကယ်၊ ကားအက်ဆီးဒန့် ဖြစ်တာမျိုးတွေ တွေ့ကြုံရတတ်ပါတယ်။ သို့ပေမယ့် သေမှာမဟုတ်ပါဘူး။ သူများလက်ချက်နဲ့ မသေနိုင်သလို အက်ဆီးဒန့်တွေကြောင့်လည်း သေမှာ မဟုတ်ပါဘူး။ အခက်အခဲဘယ်လောက်ရှိရှိ နောက်ဆုံးမှာ ကူညီသူတွေအမြဲရှိတတ်ပါသည်။ သူတော်ကောင်းလက်ရှေးဟောင်း ကျမ်းဂန်များအဆိုအရ ဒီလက်ဟာ သူတော်ကောင်းလက်လို့ဆိုပါတယ်။လောကဓံတွေကြုံတွေ့ပြီး နောက်ဆုံးမှာ တရားထူး၊တရားမြတ်ကို ရှာဖွေ တွေ့ရှိသွားတတ်ကြပါသည်။ တကယ်သာ တရားကျင့်ကြံနိုင်ပါက သောတပန်အနည်းဆုံးတည်နိုင်ပါသည်။…
အကြွေးတွေ အများကြီး ရှိပြီး ဘယ်လို ပြန်ဆပ်ရမယ်မှန်းမသိ၊ ဘာဆက်လုပ်ရမယ်မှန်းမသိဘဲ ဘဝမှာ စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့သူမျိုးတွေ့ဖူးကြမှာပါ။ ဘယ်လိုလုပ်ရမယ်မှန်းမသိတာက အဓိကပြဿနာပါပဲ။ စနစ်တကျနဲ့ ပြန်ဆပ်နိုင်မယ့်အလေ့အထနည်းလမ်းတစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။ (၁) အလုပ်ပိုလုပ်ပါ။ ဆင်ခြေတွေဘေးဖယ်ထားလိုက်ပါ ရိုးရိုးလေးပဲတွေးပါ၊ အကြွေးတွေများလာရင် အသုံးလျှော့ချပြီးအလုပ်ပိုလုပ်မှ ငွေပိုထွက်လာမယ်၊ ငွေပိုထွက်လာမှ အကြွေးကိုမြန်မြန်ပြီးအောင်ဆပ်နိုင်မယ်မဟုတ်လား။ ရာထူးတက်မှလစာပိုရမှ ဖြစ်နိုင်မှာပေါ့ အခုအချိန်မှာလည်း ဘာအလုပ်မှရှာလို့မရဘူး တစ်ယောက်တည်းက အလုပ်ဘယ်နှစ်ခုလုပ်နိုင်မှာလဲလို့ ပြန်ပြောစရာရှိပါတယ်။ ပုံမှန်ဝင်ငွေ ဝင်နေတဲ့အလုပ်က တစ်ခုရှိတယ်ဆိုပါစို့၊ အလုပ်ချိန်ပြီးသွားတဲ့အခါ ဘာဆက်လုပ်နိုင်မလဲဆိုတာမျိုး ထပ်စဉ်းစားလိုက်ပါ။ ဥပမာ သင့်အလုပ်ချိန်ပြီးတာနဲ့ ဒါမှမဟုတ် တခြားအချိန်ပိုင်းအလုပ်တစ်ခုခုလို နေရာမျိုးမှာ ညဘက်အလုပ်လုပ်တာမျိုး စနေ၊ တနင်္ဂနွေနှစ်ရက် အလုပ်ချိန်ရတာမျိုးပေါ့။ (၂) ငွေတွေ ပိုရှိလာတဲ့အခါ အကြွေးဆပ်ဖို့သာ အာရုံစိုက်ပါ။ တစ်ချို့ကျတော့ ငွေတော့ ပိုထွက်လာပါတယ်။ သုံးလို့တောင်မလောက်ဘူးဆိုတာမျိုးရှိတာမို့ ပိုရလာသမျှငွေသည် အကြွေးကို ထိုးဆပ်ဖို့ဆိုတာ ကိုယ့်ကိုကိုယ် သတိပေးပါ။ ငွေဆိုတာလွယ်လွယ်မသုံးချင်တဲ့သူမရှိပါဘူး လူဆိုတာလဲ လိုချင်တာတွေဘယ်တော့မှ မပျောက်သွားပါဘူး။ သို့သော်ဆင်ခြင်ပါ ကိုယ့်အခြေအနေကိုပြန်အကဲခက်ပါ အကြွေးမြန်မြန်ကျေလေ ဝန်ပေါ့လေပါပဲ။ အကြွေးကျေပြီးမှ ပိုလျှံလာသမျှ ငွေက သင့်ငွေပါပဲ။ (၃) ဦးစားပေးရမယ့် အကြွေးမျိုးကို အရင်စဉ်းစားပါ။ ဥပမာ အတိုးများတဲ့အကြွေးရယ်၊ အတိုးနည်းနည်းပဲယူတဲ့အကြွေးရယ်၊ အတိုးလုံးဝမယူတဲ့အကြွေးရယ် သုံးမျိုးယူထားတယ်ဆိုပါစို့၊ အတိုးများပြီး အချိန်ကြာလေလေ အရင်းတောင်ပြန်ကျေသွားနိုင်လောက်တဲ့အထိ အတိုးများတဲ့ အကြွေးမျိုးကို အရင်ဆုံးကျေအောင်ဆပ်လိုက်ပါ။ ပြီးမှ အတိုးနည်းတဲ့အကြွေးကို ဆပ်ဖို့ စဉ်းစားပါ။ အတိုးနည်းတဲ့အကြွေးဆပ်နေရင်းနဲ့ အတိုးမယူတဲ့အကြွေးသမားကို နည်းနည်းချင်းစီ ဖဲ့ဆပ်သွားကြည့်ပါ။ အပေါင်ပစ္စည်းပေးပြီးချေးထားရင်ညှိကြည့်ပါ။ အသုံးမလိုတာတွေရှိရင် ရောင်းချပြီး ငွေထွက်လာအောင်လုပ်ပါ။ အကြွေးဆပ်လိုက်ပါ။ (၄) အတိုးနဲ့အရင်းတွဲဆပ်ပါ။…
အကြွေးကြေစီးပွားတက်ယတြာ အစီရင် မိတ်ဆွေများအားလုံး မင်္ဂလာပါ။သူတစ်ပါးတွေဆီကပိုက်ဆံအကြွေးယူခဲ့ရလျှင် မိမိပြန်ဆပ် ရမည်ဆိုသည့် တာဝန္ကတိ ထားရှိရပါတယ်။အကြွေးဆပ်ခြင်သော်လည်း အခက်အခဲအမျိုးမျိုးကြောင့် မဆပ်နိုင်သူများ၊ကြွေးပူများမိနေ၍စိတ်ညစ်နေရသူများ၊သံသရာကြွေးမပါချင်သူများအောက်ပါယတြာကိုပြုလုပ်ပါ ပန်းကန်တချပ်ပေါ်တွင် အညှာခြွေထားသော ကွမ်းရွက် တစ်ရွက်တင်ပါ။သံပုရာသီးတစ်လုံးကိုနှစ်ခြမ်းခြမ်းပြီး ထိုကွမ်းရွက်ပေါ်တွင် သံပုရာခြမ်းကို တင်ထားရမည်။အစီရင်လုပ်ထားသောပန်းကန်ပြားကို မိမိအိမ်ဘုရားစင် တွင်တင်ထား ကပ်လှူထားရမည်။သောက်တော်ရေတခွက်ကပ်လှူပါ ဖယောင်းတိုင် (၅)တိုင် အမွေးတိုင် (၅)တိုင်ထွန်းညှိပူဇော်ပြီး သိဒ္ဓိိလာဘံ ဟူ၍ (၉)ခေါက်တိတိ ရွတ်ဆိုပေးရမည်။မိမိငွေကြေးအကြွေးများအမြန်ကြေစေကြောင်းဆုတောင်းပါ မိမိမွေးနေ့မှာစလုပ်ပါ။လုပ်ဆောင်ရမည့်အချိန်မလိုအပ်ပါ။သံပုရာသီးကို မကြာမကြာလဲပေးပါ။နေ့တိုင်းဖယောင်းတိုင်ထွန်း အမွေးတိုင်ထွန်း ဂါထာရွတ် ဆုတောင်းပါ။ (၁၁)ရက်တိတိမပျက်မကွက်ပြုလုပ်ပေးရမည်။ဤယတြာပြုလုပ်ခြင်းဖြင့် မိမိပိုက်ဆံအကြွေးပူများ အမြန်ဆုံးကြေကြပါစေ။စီးပွားလာဘ်လာဘတိုးတက်ပါစေ။ ဗေဒင်နှင့်လက္ခဏာပညာရှင် ဆရာကျော် M.Sc(bot) အမှန်တကယ်ပင် အကြွေးကြေပြီး စီးပွားတက်ချင်ရင် ယတြာလုပ်ရုံတင်မကပဲ လက်တွေ့ကျင့်ကြံလုပ်ဆောင်သင့်ပါတယ်- ဘာတွေလုပ်ဆောင်သင့်လဲ ဒီမှာနှိပ်ပြီး ဖတ်ကြည့်စေချင်ပါတယ်။
✍အခုဖော်ပြမယ့်နိမိတ်တွေ တွေ့ရပြီ မြင်ရပြီဆိုရင် စီပွားရေးတက်တော့မယ် ကံကောင်းတော့မယ်လို့ကြိုတင်သိထားပါ။ မိမိအိမ်ခေါင်းရင်းဘက်အိမ်က အလှူကြီးအတန်းကြီးလှူရင်ဖြစ်စေ အိမ်တက်တရားနားရင်ဖြစ်စေ အဲဒီနိမိတ်ကြုံလာရင် သေချာပေါက်စီးပွားတက်တော့မယ် သူတို့အလှူကို သွားပြီးလည်းကူညီပါ သူတို့လှူတာကြွေးတာကိုလည်း အားရပါးရစားပါ တစ်ခုတော့သတိထား အလှူပြီးလို့ မဏ္ဏုပ်ဖျက်တာတို့ ပစ္စည်းတွေသိမ်းတာဆည်းတာတွေကို လုံးဝသွားမကူပါနဲ့ မသိချင်ယောင်ဆောင်နေပါ ကူညီမိတယ်ဆိုရင်တော့ စီးပွားမတက်တော့ဘူး ခေါင်းရင်ဘက်က အိမ်မှာ ရေတွင်းရေကန်တူးဖော်နေရင် အရမ်းကောင်း ကိုယ်တိုင်သွားကူပေးလိုက် စီးပွားတက်တော့မယ် မိမိအိမ်ရဲ့ခြေရင်းဘက်ကအိမ်မှာ နာရေးအသုဘပေါ်လာရင် သေချာပေါက် စီးပွားတက်တော့မယ် ဒူးနံ့နေတော့ အဲဒီအိမ်ကိုမသွားနဲ့ စိတ်မကောင်းကြောင်းသွားမပြောနဲ့ ထီဆုကြီးတွေတောင်ပေါက်တတ်တယ် ကိုယ့်အိမ်ခြေရင်း ကိုယ့်အခန်းခြေရင်းဘက်က လင်မယားတွေ ခဏခဏစကားများရန်ဖြစ်တာနေ့တိုင်းကြားနေရပြီဆိုရင် ဝမ်းသာနေတော့ စီးပွားတက်တော့မယ် အိမ်နောက်ဖေး မီးဖိုမှာဖြစ်ဖြစ် အိမ်သာမှာဖြစ်ဖြစ်`ပျား”လာစွဲရင် စီးပွားတက်တော့မယ် အဲဒီပျားမပျံအောင်ဂရုစိုက် ဘုရားပုံတော်တွေ ဘုရားဆင်းတုတော်တွေ ဘုန်းကြီးရဟန်းတွေ ဝတ်ဖြူစင်ကြယ်နဲ့ပုဂ္ဂိုလ်တွေကိုအိမ်ကိုဝင်လာတယ် အိမ်မက်မက်တယ်ဆိုရင် ပြန်ပြီးမအိပ်မိစေနဲ့ ထီထိုးရတယ် အလုပ်တွေကိုဖိလုပ်ရတယ်ရဲရဲတင်းတင်းရင်းနှီးမြုပ်နှံရတယ် ကံကောင်းချမ်းသာစီးပွားတက်တော့မယ့်နိမိတ်တွေပဲ “ကြာပန်းတွေနဲ့ရေကန်ကြီး ရေတွေကလည်းကြည်စိမ်းနေတာပဲ” အဲဒီအိမ်မက်မျိုးမက်ရင် ချမ်းသာတော့မယ့်နိမိတ်ပဲ အဲလိုအိမ်မက်မက်ပြီးရင်ပြန်မအိပ်တော့နဲ့ လင်းပေါက်ထိုင်ချင်ထိုင် မထိုင်ချင်ပုတီးစိတ် မစိတ်ချင်တစ်ခုခုလုပ်နေ ပြန်ပြီးတော့မအိမ်မိစေနဲ့ ရေကကြည်နေရမယ်နော် ရေတွေကနောက်နေရင်တော့ ဆန့်ကျင်ဘက်လို့နားလည်ထား ရေတွေကနောက်တယ်ဆိုရင် ပြန်အိပ်ပေါ့ မြင်းဖြူ ဆင်ဖြူ စီးရတယ်ဖြစ်ဖြစ် ကိုယ့်အိမ်ထဲကို ဝင်လာတယ်ဖြစ်ဖြစ် မက်ရင် ကောင်းပြီ သူဌေးဖြစ်တော့မယ် ပြန်မအိပ်နဲ့။
နေ့စဉ်မျက်နှာသစ်တိုင်း ရွတ်ဖတ်ပါမမေ့ပါနဲ့ မိတ်ဆိုး ဆွေဆိုး ပတ်ဝန်းကျင်ဆိုးမှ လွတ်မြောက်စေနိုင်မည် ။ မျက်နှာသစ်ရာ ရွတ်ကြပါ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ဓမ္မံ သရဏံ ဂစ္ဆာမိ သံဃံ သရဏံ ဂစ္ဆာမိ ဒုတိယမ္မိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ဒုတိယမ္မိ ဓမ္မံ သရဏံ ဂစ္ဆာမိ ဒုတိယမ္မိ သံဃံ သရဏံ ဂစ္ဆာမိ တတိယမ္မိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ တတိယမ္မိ ဓမ္မံ သရဏံ ဂစ္ဆာမိ တတိယမ္မိ သံဃံ သရဏံ ဂစ္ဆာမိ ကျွန်ုပ်အား မွေးထုတ်ပေးခဲ့သော မိဘနှစ်ပါးတို့သည် ဘေးရန်ခပ်သိမ်းကင်းပါစေ။ ဒေါသခပ်သိမ်း ကင်းပါစေ၊ဆင်းရဲခပ်သိမ်း ကင်းပါစေ။မိမိကိုယ်ကို ချမ်းသာစွာ ရွက်ဆောင်နိုင်ပါစေသတည်း။ကျွန်ုပ်အား ပညာသင်ကြားပေးကြဖူးသော ဆရာသမားအပေါင်းတို့သည် ….. ဘေးရန်ခပ်သိမ်းကင်းပါစေ။ ဒေါသခပ်သိမ်း ကင်းပါစေ၊ဆင်းရဲခပ်သိမ်း ကင်းပါစေ။မိမိကိုယ်ကို ချမ်းသာစွာ ရွက်ဆောင်နိုင်ပါစေသတည်း ။ ၁။လုံးစုံများစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ ၊ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ ၂။ကြောက်တတ် မကြောက်တတ် နှစ်ရပ်များစွာ သတ္တဝါ ချမ်းသာ ကိုယ်စိတ်မြဲပါစေ။ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေသတည်း။ ၃။မြင်အပ် မမြင်အပ် နှစ်ရပ်များစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ။ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။ ၄။ဝေးနေ နီးနေ နှစ်ထွေများစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ။ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။ ၅။ဘဝဇာတ်ဆုံး မဆုံးများစွာ သတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေ။ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။ ၆။ရှည်တို အလတ် သုံးရပ်ခန္ဓာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ။ဥပဒ်ရန်ဘေး ကင်းစင်ဝေး…
အကြွေးပြန်ရနည်း သင့်မွေးနေ့နံက် ၉း၀၀ မှ ၁၀း၃၀နာရီအ တွင်းပြု လုပ်ရပါမည် လိုအပ်တာတွေက ကြွေပန်းကန်တစ်ချပ် ဖယောင်းတိုင်၁တိုင် နှမ်းဆီ /သံလွင်ဆီ အိမ်ရိုက်သံတစ်ချေ ာင်း ငရုတ်သီးမှုန့်အနည်းငယ် လိုအပ်ပါတယ် ပထမဦးစွာ ဖယောင်းတိုင်ကို သံချောင်းဖြင့် ဖယောင်းတိုင်၏ အပေါ်မှအောက်သို့ အကြွေးပေးရမယ့်သူ၏နာမည်ရေးပါ ရေး ပြီးပါက သံလွင်ဆီသုတ်ပါ ပြီးလျှင်ငရုတ်သီးမှုန့် သုတ်ပြီး ကြွေ ပန်းကန်မှာထွန်းပါ ဘုရားစင်မှလွဲ၍ အဆင်ပြေသည့် နေရာ တွင် ထားနိုင်ပါသည်။ သင်ယူလေ့လာဖူးတာလေးမျှ ဝေတာပါ လိုအပ်တာရှိပါက ကျ နော့အားနည်းချက်ဖြစ်ပါသည်။ နားမလည်ပါက 09-776575701 သို့ခေါ်၍ မေးမြန်းနိုင်ပါသည်။ မပေးနိုင်တဲ့သူကို ဤနည်းဖြင့် ဇွတ်အတင်းလုပ်မယူပါနဲ့ ပေးနိုင်ရဲ့သားနဲ့ ပေကပ်ကပ်လုပ်နေသူမျ ား လူပါးဝသူတွေကို သာဤနည်းဖြင့်ပြု လုပ်ပါ Aung Kyaw Htun
၂၀၂၄ ဒီဇင်ဘာ ၃ ရက် အင်္ဂါနေ့ ည ၁၀ နာရီ ၁၅ မိနစ်။ တောင်ကိုရီးယား သမ္မတက တောင်ကိုရီးယားက မလုံခြုံတော့ဘူး၊ မြောက်ကိုရီးယားက ဒုက္ခပေးတော့မယ့် အန္တရာယ်ရှိတယ်လို့ live နဲ့ အရေးပေါ်ပြောတယ်။ တောင်ကိုရီးယားက လက်ငင်းဒရာမာ တဆက်တည်းမှာပဲ မာရှယ်လော စစ်အုပ်ချုပ်ရေးကိုကြေညာလိုက်တယ်။ တောင်ကိုရီးယားရဲ့ စစ်အုပ်ချုပ်ရေး ဥပဒေ (မာရှယ်လော) ဆိုတာ ‘အရပ်ဘက်က အာဏာပိုင်တွေက နိုင်ငံကို အုပ်ချုပ်ခွင့်မရှိ၊ စစ်တပ်က တိုင်းပြည်ကို ယာယီအုပ်ချုပ်ခွင့်ရှိတယ်ဥပဒေ’ ပေါ့။ ၁၉၇၉ ခုနှစ်က သမ္မတ ပါ့ခ်ချုံဟီး လုပ်ကြံခံခဲ့ရတုန်းက ချန်ထူးဝမ် စစ်အာဏာသိမ်းခဲ့တာ နောက်ဆုံးပဲ။ ဒီမိုကရေစီရပြီးကတည်းက ဒီလိုဖြစ်တာ ပထမဆုံးပဲ။ ▬▬▬▬ စစ်တပ်ကလည်း သမ္မတ အမိန့်အရ ဆိုပြီး စစ်အုပ်ချုပ်ရေးအတွက် ကွပ်ကဲမှုဌာနချုပ်ကို အလျှင်အမြန် ဖွဲ့စည်းလိုက်တယ်။ ဟယ်လီကော်ပတာတွေ၊ စစ်သားတွေ၊ရဲတွေ၊ ရုတ်တရက် ပေါ်လာတယ်။ လွတ်တော်ထဲဝန်းထဲကို စစ်သားတွေက ဆင်းပြီး လွှတ်တော်ရုံးထဲမှန်ခွဲပြီး ဝင်တယ်။ ဘာကြောင့်လဲဆိုတော့ သမ္မတရဲ့ကြေညာချက်အရ စစ်တပ်က ယာယီအုပ်ချုပ်ခွင့်ရသွားလို့ဖြစ်ပါတယ်။ ▬▬▬▬ ကွပ်ကဲမှုဌာနချုပ်က ချက်ချင်းပဲ ကြေညာချက် (၆) ခုထုတ်လိုက်တယ်။ ဆိုတော့ ကာချုပ်က လက်ခံတဲ့သဘောပါ။ ( ဥပဒေအရ ကာချုပ်က ငြင်းလို့ရပါတယ်။) (၁) နိုင်ငံရေးလှုပ်ရှားမှုတွေကို တားမြစ်တယ် — အမျိုးသားလွှတ်တော် နဲ့နိုင်ငံရေးပါတီတွေအားလုံး နိုင်ငံရေးလှုပ်ရှားမှုအားလုံးကို တားမြစ်လိုက်တယ်။ (၂) မီဒီယာတွေကို ဆင်ဆာဖြတ်ပါတယ် — မီဒီယာနဲ့ သတင်းထုတ်တာတွေအားလုံးကို အစိုးရက ထိန်းချုပ်လိုက်ပြီ။…