တောင်ကုတ်တွင် နောက်ဆုံးကျန်နေသည့် တပ်ရင်းနှစ်ခုနှင့် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် တခုလုံး အလံဖြူထောင် လက်နက်ချအညံ့ခံ ဧရာဝတီတိုင်းမ် နိုဝင်ဘာ ၂၇ ရက် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်အတွင်း စစ်ကောင်စီ၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အပါအဝင် တပ်ရင်းနှစ်ခုမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့ကြောင်း သိရသည်။ ယနေ့ နိုဝင်ဘာ ၂၇ ရက်နေ့တွင် တောင်ကုတ်မြို့ပြင် ၌ ကျန်ရှိနေသည့် စစ်ကောင်စီ၏ ခမရ ၃၄၆၊ ခမရ ၅၄၄ နှင့် စကခ ၅ အတွင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် AA ကိုပြန်လည်တိုက်ခိုက်မှု မပြုလုပ်တော့ဘဲ လက်နက်ချခဲ့ကြောင်း သိရသည်။ “စစ်တပ်က နဂိုကတည်းက အသံလွှင့်ပြီးသား။ AA လာတိုက်ရင် အသေမခံဘူး၊ အလံဖြူထောင်မယ်၊ လက်နက်ချမယ်ဆိုပြီး အသံပစ်ထားတာ။ အခုတိုက်ခံရတာ ရက်ပိုင်းအတွင်းကို အလံဖြူထောင်သွားတာ လို့ သိရတယ်”ဟု တောင်ကုတ်ဒေသခံတဦးက ဧရာဝ တီတိုင်းမ်ကို ပြောသည်။ ပြီးခဲ့သည့် နိုဝင်ဘာ ၉ ရက်နေ့ကတည်းက AA သည် တောင်ကုတ်မြို့အတွင်း စီးနင်းဝင်ရောက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မြို့အတွင်းမှ တိုက်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် မြို့ပြင်တွင်ကျန်ရှိနေသည့် တပ်ရင်းနှစ်ရင်း နှင့် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ထံ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ စစ်ကောင်စီက တောင်ကုတ်မြို့အတွင်းကို ပြီးခဲ့သည့် နိုဝင်ဘာ ၂၄ ရက်နှင့် ၂၅ ရက်နေ့တို့တွင် လေကြောင်း မှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး တောင်ကုတ်မြို့အတွင်းရှိ သိမ်တောင်၊ အင်းခုန်တောင်၊ ကိုင်းရှည် စသည့်ရပ်ကွက်များ ဗုံးထိမှန်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများခဲ့ကြောင်း သိရသည်။ လတ်တလောတွင် တပ်ရင်းနှစ်ခုနှင့်…
Author: Ka K
စစ်ခေါင်းဆောင်ကိုဖမ်းဝရမ်းထုတ်ရန် တောင်းဆိုချက်အပါအဝင် ICC ၏ပြောဆိုချက်များကို ဘယ်တုန်းကမှ အသိအမှတ်မပြုခဲ့ဟု စစ်ကောင်စီတုံ့ပြန်လိုက်သည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဆီးမိန့်ထုတ်ပေးရန် နယ်သာလန်နိုင်ငံအခြေစိုက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC)၏ ရှေ့နေချုပ်က ထိုတရားရုံး တရားသူကြီးများထံ ယနေ့ (နိုဝင်ဘာ ၂၇ ရက်တွင်) လျောက်ထားခဲ့ပြီးနောက် စစ်ကောင်စီကယင်းကဲ့သို့ တုံ့ပြန်ခြင်းဖြစ်သည်။ ရခိုင်ပြည်နယ်အတွင်း ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်များတွင်း သတ်ဖြတ်မှုများနှင့် ရိုဟင်ဂျာများ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့တိမ်းရှောင်ကြရသည့် အကြောင်းရင်းတို့ကို ၂၀၁၉ ခုနှစ်မှ စတင်စစ်ဆေးလာခဲ့ရာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရာဇဝတ်မှုအတွက် တာဝန်ရှိသူဟု သတ်မှတ်နိုင်ကြောင်း ICC ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။ ယခု ဖမ်းဝရမ်းလျောက်ထားမှုသည် မြန်မာနိုင်ငံမှ အဆင့်မြင့်အရာရှိတစ်ဦးကို ဖမ်းဆီးအမိန့်ထုတ်ရန် ပထမဆုံး လျှောက်ထားခြင်းဖြစ်သည်ဟုလည်း ICC က ဆိုသည်။ ဖမ်း၀ရမ်းထုတ်ရန် လျှောက်ထားသည့် လျှောက်လွှာတွင် စာရွက်စာတမ်း အထောက်အထားများ၊ သိပ္ပံနည်းကျ စစ်ဆေးအတည်ပြုထားသော သက်သေများ၊ ဓာတ်ပုံနှင့် ဗီဒီယိုသက်သေများအပါအဝင် လူပုဂ္ဂိုလ် သက်သေထွက်ဆိုချက်များ ပါဝင်သည်ဟုလည်း ICC က ဆိုသည်။ ဓာတ်ပုံ – EPA ဖတ်ရန်
ရန်ကုန်၊ နိုဝင်ဘာ ၂၇ ကရင်နီပြည်၊ လွိုင်ကော်မြို့သို့ ချီတက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၄၀ ကျော်သေဆုံးပြီး ၆ ဦးအရှင်ဖမ်းမိကာ လက်နက် ၂၂ လက်သိမ်းဆည်းရရှိခဲ့ကြောင်း KA စစ်ရေးဗိုလ်မှူးကြီးဖုန်းနိုင်နှင့် ကရင်နီစစ်ရေးသတင်းရင်းမြစ်တို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ပြောကြားသည်။ နိုဝင်ဘာလ ၂၅ ရက်နေ့က မိုးဗြဲမြို့မှတဆင့် လွိုင်ကော်မြို့သို့ အင်အား ၈၀ ကျော်ဖြင့် ချီတက်လာ သောအကြမ်းဖက်စစ်ကောင်စီ၏ တပ်မ ၆၆ လက်အောက်ခံ ခလရ ၈၀ မှ တပ်သားများကို မိုးဗြဲမြို့၊ ကုန်းသာကျေးရွာအနီး ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ချေ မှုန်းခဲ့ရာ အကြမ်းဖက်စစ်ကြောင်းတစ်ခုလုံး ချေမှုန်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “မိုးဗြဲမြို့၊ ကုန်းသာရွာတိုက်ပွဲမှာ ၅ ယောက်အရှင်မိတယ်၊ လက်နက် ၂၂ လက်ရပါတယ်။ ကျနော်တို့ သိမ်းဆည်းရရှိတာလောက်ပဲ သိရသေးတယ်။ တိုက်ပွဲက ၂၅ ၊ ၂၆ ရက်နေ့ ၂ ရက်ဖြစ်တာ၊ တိုက်ပွဲမှာတော့ ကျနော်တို့ဘက်က ရဲဘော်တွေထိခိုက်မှုမရှိပါဘူး” ဟု KA စစ်ရေးချုပ် ဗိုလ်မှူးကြီး ဖုန်းနိုင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ လွိုင်ကော်မြို့သို့ ချီတက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းတွင် အတင်းအဓမ္မစစ်မှုထမ်း စေခိုင်းခြင်းခံရသူ ၆ ဦးအရှင်ဖမ်းမိခဲ့ကြောင်း၊ စစ်သား ၄၀ ကျော်သေဆုံးကြောင်းလက်နက် ၂၀ ကျော် သိမ်းဆည်းရရှိကြောင်း ကရင်နီစစ်ရေးသတင်းရင်းမြစ်တစ်ခုကလည်း အတည်ပြုပြောကြား သည်။ “မနေ့က လွိုင်ကော်မြို့ဘေး တိုက်ပွဲမှာ ပြည်သူ့စစ်မှုထမ်းအသစ်တွေ ၆ ယောက်အရှင်မိတယ်၊ လက်နက် ၂၀…
ရန်ကုန်၊ နိုဝင်ဘာ ၂၇ ရခိုင်ပြည်မှ ရိုဟင်ဂျာများနှင့်ပတ်သက်၍ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများအတွက် ပြစ်မှုထင်ရှားသဖြင့် မြန်မာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ပေးရန် နိုင်ငံတကာရာဇဝတ်တရားရုံး (ICC)၏ ရှေ့နေချုပ် Karim A.A. Khan KC က ICC တရား ရုံးတွင် ယနေ့ လျှောက်ထားလိုက်ပြီဖြစ်ကြောင်း ICC တရားရုံး က ယနေ့ တရား ဝင် သတင်း ထုတ်ပြန်သည်။ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့မှ စတင်ပြီး ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်များအတွင်း မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှု သတ်ဖြတ်မှုလှိုင်းများနှင့် မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ရိုဟင်ဂျာများ ထွက်ခွာလာမှု နှင့် နောက်ဆက်တွဲ ရာဇဝတ်မှုများကို စုံစမ်း စစ်ဆေးခဲ့ကြောင်း၊ ကျယ် ကျယ် ပြန့်ပြန့် လွတ်လပ်ပြီး သမာသမတ်ကျတဲ့ စုံစမ်းစစ်ဆေးမှုအပြီး စစ်တပ်ကာ ကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်က လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ် မှုများအတွက် ရာဇဝတ်မှုကျူးလွန်သည်ဟု ICC တရားရုံးက ဆုံးဖြတ်ကောက် ချက်ချခဲ့ကြောင်း၊ စစ်တပ်က ရိုဟင်ဂျာများကို ညှဉ်းပန်းသတ်ဖြတ်မှုများနှင့် နှင်ထုတ်မှုများကို မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့တွင် ကျူးလွန်ခဲ့ကြောင်း ICC က ထုတ်ပြန်သည်။ ICC တရားရုံးက မင်းအောင်လှိုင်ကို ဖမ်းဝရမ်း ထုတ်ရန်လျှောက်ထားမှုသည် အဆိုပါ အမှုအတွက် ဖမ်းဝရမ်းထုတ်ရန် ပထမဆုံး လျှောက်ထားချက်ဖြစ်ပြီး နောက် ဆက်တွဲ…
စစ်ကောင်စီတပ် သေဆုံးထိခိုက်ရှိပြီး လက်နက်အချို့သိမ်းရ နိုဝင်ဘာလ ၂၆ ရက် ချင်းပြည်နယ် ဟားခါး – ထန်တလန်မြို့နယ်ကြားရှိ စီသရီးတောင်စခန်း(ပွိုင့် -၃ စခန်း)အမည်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ချင်းပြည်ကောင်စီ ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ချင်းသတင်းရင်းမြစ်တစ်ဦးက ပြောသည်။ ဟားခါး – ထန်တလန်ကြားတွင် တိုက်ပွဲများသုံးရက်ဆက်တိုက်ဖြစ်ပွားခဲ့ရာ ယခင် စစ်ကောင်စီတပ် သိမ်းထားသည့်စခန်းကို နိုဝင်ဘာ ၂၅ရက်ညနေပိုင်း၌ ချင်းပြည်ကောင်စီ ပူးပေါင်းတပ်က ပြန်လည်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ “ ဟားခါးနဲ့ ထန်တလန်ကြားမှာရှိတဲ့ စီသရီးလို့ခေါ်လို့ရတယ်။ အဲဒီစခန်းကို ညနေပိုင်း ၅နာရီနဲ့ မိနစ် ၂၀လောက်မှာ ချင်းပြည်ကောင်စီတပ်ဖွဲ့က သိမ်းပိုက်နိုင်တာပေါ့။ လက်နက်ခဲယမ်းတချို့နဲ့ စကစ အလောင်းလည်းရှိပါတယ်။ ပြီးရင် တချို့ထွက်ပြေးနိုင်တဲ့ သူတွေ ၉ယောက်လောက် ဟားခါး ပြည်သူ့ဆေးရုံမှာ ပို့ထားတယ်တဲ့။ ဟားခါးမှာ ရှိတဲ့ ဒေသခံတွေ ပြောကြားချက်အရ ကျနော်တို့သိရတယ်။ ဒီနေ့လည်း တိုက်ပွဲရှိပါတယ်”ဟု ချင်းသတင်းရင်းမြစ်က ပြောသည်။ စီသရီးတောင်စခန်း(ပွိုင့် -၃ စခန်း)သိမ်းတိုက်ပွဲဖြစ်ပွားချိန် စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ဟု ဆိုသည်။ “ကျနော်တို့ဘက်ကတော့ ထိခိုက်ဒဏ်ရာရတာတွေမရှိဘူးပေါ့။ အဲဒီလိုမျိုးရှိတယ်။ အခုဟားခါး ထန်တလန်ကြား တိုက်ပွဲရှိပါတယ်။ ဒီနေ့လည်း လေယာဉ်လာတယ်”ဟု ချင်းသတင်းရင်းမြစ်က ပြောသည်။ စီသရီးတောင်စခန်းသိမ်းတိုက်ပွဲမှ စစ်ကောင်စီတပ်၏ လက်နက် ၆လက်နှင့် ခဲယမ်းကျည်များကို ချင်းပြည်ကောင်စီ ပူးပေါင်းတပ်က ရရှိခဲ့ကြောင်း သိမ်းပိုက်ရရှိ လက်နက်ခဲယမ်း ဓာတ်ပုံမှတ်တမ်းတွင် တွေ့ရသည်။ ထို့အပြင် ဟားခါး – ထန်တလန်ကြားရှိ အော်တိုတောင်တွင်လည်း စစ်ကောင်စီနှင့် ချင်းပြည်ကောင်စီတပ်များနီးကပ်စွာ ရှိနေပြီး…
ရန်ကုန်၊နိုဝင်ဘာ ၂၆ နေပြည်တော် MICC 2 အဆောက်အအုံတွင် စစ်ဗိုလ်ချုပ်အသိုင်းအ၀ိုင်းမှ သားသမီး မင်္ဂလာဆောင်ကျင်းပနေချိန် တော်လှန်ရေးတပ်များက ကာမီကာဇေအသေခံဒရုန်းများဖြင့် ဗုံးကျဲတိုက်ခိုက်သဖြင့် လုံခြုံရေးအစောင့် ရဲနှင့်စစ်သားတချို့ ထိခိုက်ဒဏ်ရာရပြီး သေဆုံးမှုတချို့ရှိနိုင်ကြောင်း သိရှိရသည်။ ယမန်နေ့ နိုဝင်ဘာလ ၂၅ ရက်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်ဝန်းကျင်အချိန် နေပြည်တော် MICC 2 အဆောက်အအုံတွင် စစ်ကောင်စီတပ်မှ ဗိုလ်ချုပ် အသိုင်းအ၀ိုင်းက သားသမီး မင်္ဂလာဆောင်ကျင်းပနေချိန် အသေခံဒရုန်းများဖြင့် ဗုံးကျဲတိုက်ခိုက်မှုဖြစ်ပွားခြင်းဖြစ်ကြောင်း ၊ အဆိုပါ မင်္ဂလာဆောင်သို့ စစ်တပ်နှင့်ရဲများက လုံခြုံရေးယူခဲ့ကြောင်း၊ အဆိုပါ မင်္ဂလာဆောင်စောင့် လုံခြုံရေး ရဲနှင့်စစ်သားများကို အသေခံဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲံခြင်းဖြစ်ကြောင်း သိရှိရသည်။ “မနေ့ မနက် ၁၀ နာရီဝန်းကျင်လောက်မှာ MICC 2 ဘက်ကနေ ပေါက်ကွဲသံလိုကြားရတာမျိုးတယ်လို့ အဲဒီအနားမှာ နေသူတွေက ပြောတယ်။ စစ်တပ်ဘက်သတင်းတွေ ဖုံးထားတော့ သတင်းက လိုက်မေးရတာ ခက်နေပေမယ့် အခုနောက်ဆုံး စစ်သားနဲ့ရဲ တချို့ ဒရုန်း ဗုံးထိမှန်တယ်လို့ သိရတယ်။ သေဆုံးမှုရှိနိုင်တယ်” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောဆိုသည်။ စစ်တပ်ထောက်ခံသော လော်ဘီတယ်လီဂရန်ချန်နယ်များတွင် နိုဝင်ဘာလ ၂၅ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန် နေပြည် တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဇေယျသိဒ္ဓိရပ်ကွက်၊ ညွှန်ကြားရေးမှူးချုပ် အိမ်ရာအတွင်းတွင် ဒရုန်းတစ်စီး ပျက်ကျနေကြောင်း သတင်းဖော်ပြထားသည်။ “ဒရုန်းမှာ ဗုံးမပါတော့ဘူး။ ဒီအတိုင်း ပျက်ကျနေတာတွေ့တယ်။ MICC…
အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (တပ်ရင်း) များနှင့် မြို့နယ်အလိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) များ အမိန့်တခုတည်းအောက်တွင် ပူးပေါင်း၍ တိုက်ပွဲဝင်နိုင်ရန် ထားဝယ်ခရိုင်တပ်ပေါင်းစုကို ဖွဲ့စည်းလိုက်ကြောင်း သိရသည်။ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ ထားဝယ်ခရိုင် အမှတ် (၁) တပ်ရင်း ၊ အမှတ် (၂)တပ်ရင်း နှင့် ထားဝယ်မြို့နယ် ၊ သရက်ချောင်းမြို့နယ် ၊ လောင်းလုံးမြို့နယ် ၊ ရေဖြူမြို့နယ်များ၏ မြို့နယ်အလိုက် ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ပကဖ) များ ပူးပေါင်း၍ ထားဝယ်ခရိုင် တပ်ပေါင်းစုကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၂၈)ရက်နေ့တွင် စတင်ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။ ထားဝယ်ခရိုင် တပ်ပေါင်းစုကို ထားဝယ်ခရိုင်အတွင်းရှိ လက်နက်ကိုင် တော်လှန်ရေးအင်အားစုများ အားလုံးနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရန် ၊ အမိန့်တခုတည်းအောက်တွင် ပူးပေါင်းတိုက်ပွဲဝင်နိုင်ရန် ၊ ဘုံရန်သူကို စုပေါင်းအားဖြင့် တွန်းလှန်တိုက်ခိုက်ရန်နှင့် တူညီသောဘုံရည်မှန်းချက်အတိုင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ဖွဲ့စည်းတည်ထောင်ခြင်းဖြစ်သည်ဟု ဆိုသည်။ ထားဝယ်ခရိုင် တပ်ပေါင်းစုကို ထားဝယ်ခရိုင်အတွင်းရှိ လက်နက်ကိုင် တော်လှန်ရေးအင်အားစုများ ၊ ဒေသအခြေပြု လက်နက်ကိုင်အင်အားစုများ ( Local PDF ) ၊ ထောက်ပို့အင်အားစုများ ၊ နိုင်ငံရေး အင်အားစုများ ၊ သက်ဆိုင်ရာ ကဏ္ဍအလိုက် အင်အားစုများ ၊ သတင်းမီဒီယာ ကွန်ယက်များအားလုံးနှင့် ပူးပေါင်းပြီး စစ်အာဏာရှင်ဖြုတ်ချရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ် ဖော်ဆောင်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။…
မြန်မာပြည်တဝှမ်းလုံးတွင် စစ်ရေးရှုံးနိမ့်လာသည့် စစ်ခေါင်းဆောင်က တိုင်းရင်းသား လက်နက်ကိုင်များကို ထာဝရငြိမ်းချမ်းရေးတည်ဆောက်ရမည့်အချိန်ဖြစ်သည်ဟု ယနေ့ ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၂၅)ရက်နေ့တွင် ပြုလုပ်သည့် အမျိုးသားနေ့အောင်ပွဲတွင် ပြောသည်။ စစ်ကောင်စီအာဏာသိမ်းပြီး(၃)နှစ်ကျော်ကြာတွင် တော်လှန်ရေးတပ်များသည် မြို့ ပေါင်း(၈၀)ကျော်ကို သိမ်းယူထားနိုင်နေပြီး မြို့သိမ်းတိုက်ပွဲများ ဆက်လက်လုပ်ဆောင်နေချိန် စစ်ခေါင်းဆောင်က ယခုကဲ့သို့ပြောဆိုလာခြင်းဖြစ်သည်။ စစ်ခေါင်းဆောင်၏ သဝဏ်လွှာတွင် “ယခုအချိန်သည် တိုင်းရင်းသား ညီအစ်ကို မောင်နှမ အချင်းချင်း ယုံမှားသံသယကင်းရှင်းပြီး မလိုလားအပ်သည့် အယူဝါဒများပယ်ဖျောက်ကာ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ယုံကြည်လေးစား ချစ်ခင်မှုများဖြင့် ပါဝင်လက်တွဲ၍ ထာဝရငြိမ်းချမ်းရေးတည်ဆောက်ရမည့် အချိန်ဖြစ်သည်။”ဟုပါရှိသည်။ အပြောနှင့် အလုပ်မညီသည့် စစ်ခေါင်းဆောင်သည် သဝဏ်လွှာတွင် ငြိမ်းချမ်းရေးတည်ဆောက်ရန်၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုစနစ်ကို တည်ဆောက်ရန် ပြောဆိုထားသော်လည်း လက်တွေ့တွင် မြို့ရွာများကို လေကြောင်းမှ ဗုံးကြဲခြင်း၊ လက်နက်ကြီးနှင့် ပစ်ခတ်ခြင်း၊ အရပ်သားများကို ဖမ်းဆီးသတ်ဖြတ်ခြင်းနှင့် နေအိမ်များကို မီးရှို့ခြင်းများ ဆက်တိုက်ပြုလုပ်နေခြင်းဖြစ်သည်။ “တိုင်းရင်းသားအချင်းချင်း အပြန်အလှန်လေးစားခြင်း၊ နားလည်စာနာခြင်းတို့ဖြင့် တစ်ဦးနှင့်တစ်ဦးအကြား ပူးပေါင်းဆောင်ရွက်မှုများဖြစ်ပေါ်စေပြီး နားလည်မှုလွဲမှားခြင်းနှင့် ပဋိပက္ခများ လျှော့ချကာ တွေ့ဆုံဆွေးနွေးခြင်းဖြင့် ဖြေရှင်းနိုင်သည်။”ဟုလည်း စစ်ခေါင်း က ကမ်းလှမ်းလာသည်။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် မဖြေရှင်းဘဲ လက်နက်ကိုင်၍ ဖြေရှင်းနေမည်ဆိုက လွတ်လပ်သော်လည်း မငြိမ်းချမ်းသည့်အခြေအနေကို ပေါ်ပေါက်စေမည်ဖြစ်သည်ဟု စစ်ခေါင်းဆောင်က ခြိမ်းခြောက်ပြောဆိုသည်။ စစ်ခေါင်းဆောင်၏ ကမ်းလှမ်းချက်တွင် တိုင်းရင်းသားလက်နက်ကိုင်များသာပါဝင်ပြီး NUG နှင့် ပြည်သူ့ကာကွယ်ရေးတပ်များကို ကမ်းလှမ်းချက် ပါဝင်ခြင်းမရှိသည်ကို တွေ့ရသည်။ အမျိုးသားညီညွတ်ရေးအစိုးရနှင့် ပြည်သူ့ကာကွယ်ရေးတပ်များကို ဖြုတ်ချလိုသည့် စစ်ခေါင်းဆောင်သည် ပြည်သူ့ကာကွယ်ရေးတပ်များကို ကြောထောက်နောက်ခံပြုပေးထားသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်များအား ငြိမ်းချမ်းရေးဆွေးနွေးလိုနေခြင်းဖြစ်ပြီး ဆွေးနွေးပွဲအထမြောက်မြောက်ပါက…
နယ်မြေပေါ်အခြေစိုက်ထားတဲ့ စခန်းတွေ ဖယ်ခိုင်းလို့ ထိုင်းစစ်တပ်နဲ့ UWSA တို့ စစ်ရေးတင်းမာ ထိုင်း-မြန်မာနယ်စပ် မယ့်ဟောင်ဆောင်နယ်စပ်စည်းနား ထိုင်းစစ်တပ်နဲ့ “၀” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) တို့ နိုဝင်ဘာ ၂၅ ရက်နေ့မှာ နယ်မြေပြဿနာကြောင့် အတင်းမာဆုံးအခြေအနေရောက်ရှိနေပြီး UWSA ဘက်က လက်နက်ကြီးတွေ တပ်ဆင်ပြီး တိုက်ခိုက်ဖို့ အသင့်ပြင်ထားကြောင်း ထိုင်း Khaosod မီဒီယာက ဖော်ပြပါတယ်။ မြန်မာပြည်က တိုင်းရင်းသားလက်နက်ကိုင်တွေထဲ အင်အားအကြီးမားဆုံး တပ်ဖြစ်တဲ့ UWSA မယ့်ဟောင်ဆန် အနီး Doi Nong Luang နဲ့ Doi Hua Ma နေရာတွေအပြင် တခြား နေရာ ၅ ခုမှာ စစ်စခန်းတွေ အခြေချထားတာကို ထိုင်းဘက်က သူတို့နိုင်ငံပိုင်နက်ထဲ လာရောက် အခြေချထားတယ်လို့ စွပ်စွဲပြီး တပ်တွေအားလုံး ဖယ်ရှား ပေးဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။ ဒီအငြင်းပွားမှုပြဿနာဟာ ဆယ်စုနှစ် တစ်ခုနီးပါးကြာမြင့်ခဲ့ပြီး နိုဝင်ဘာ ၁၈ နဲ့ ၁၉ ရက်တွေမှာ UWSA ထိပ်တန်းအရာရှိတွေနဲ့ ထိုင်းတော်ဝင်စစ်တပ်အရာရှိတွေ ချင်းမိုင်မှာ တွေ့ဆုံလို့ မူးယစ် ဆေးပြဿနာ၊ နယ်မြေကျူးကျော်မှုနဲ့ မှောင်ခိုမှုတွေ တိုက်ဖျက်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။ ထိုင်းဘက်က ဒီဇင်ဘာ ၁၈ မတိုင်ခင် UWSA အထိုင်ချထားတဲ့ တပ်နေရာ ၇ နေရာကနေ ဆုတ်ခွာဖို့ သတိပေးခဲ့ပြီး UWSA တာဝန်ရှိသူတွေက ပန်ဆန်းက ဌာနချုပ်ကို တင်ပြပြီး အကြောင်းပြန်မယ်လို့ ပြန်ကြားခဲ့ပါတယ်။ နိုဝင်ဘာ ၂၀ ရက်မှာ…
ဆက်လက်ဖတ်ရှုရန်