ရုပ်သံသည် နှလုံးမကောင်းသူများ မကြည့်ရှုသင့်ပါ…ဤနေရာတွင်တင်ရန်အဆင်မပြေပါ၍ အောက်က telegram ကို သွားကြည့်ပေးပါ။ ကြည့်လိုပါက ဒီနေရာကိုနှိပ်ပါ မျိုးချစ်အဖွဲ့ဝင် သွေးသောက်အဖွဲ့ခေါင်းဆောင်ဆိုသူ မင်းမင်း နေပြည်တော်တွင် အသတ်ခံရ ဧရာဝတီတိုင်းမ် နိုဝင်ဘာ ၃၀ ရက် မဘသနှင့်မျိုးချစ်အဖွဲ့ဝင် သွေးသောက်အဖွဲ့ခေါင်းဆောင်ဆိုသူ မင်းမင်းကို စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်တွင် သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ကြိုးကြာနီပြည်သူ့ ကာကွယ်ရေးတပ်ထံက သိရသည်။ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ပျဉ်းမနား-တောင်ညိုလမ်းပိုင်းတွင် ကြက်ဝိုင်းကိုဆပ်ကြေးကောက်ရန်လာစဉ် ယမန်နေ့ နိုဝင်ဘာ ၂၉ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်ကပစ်ခတ်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ “ကြက်ဝိုင်းကိုဆပ်ကြေးလာကောက်နေကြသူက၊ လာ တိုင်းမှာ လက်နက်အမြဲပါတယ်။ ရဲဘော်နှစ်ယောက်က အရဲစွန့်ဝင်ရှင်းတော့ ဓားရှည်ပဲပါလာတာတွေ့ရတယ်။ သူ့ကိုပစ်တော့ ဘေးကနောက် လိုက်ကောင်က ဓားနဲ့ဝင်ခုတ်လို့ သူ့ကိုပါရှင်းခဲ့လိုက်တာ။ ဘေးမှာစစ်ကားတွေလည်းရှိတယ်”ဟု ကြိုးကြာနီပြည်သူ့ကာကွယ်ရေးတပ်၊ မကွေးအရှေ့ခြမ်းတာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။ ကိုမင်းမင်းသည် မဘသနှင့်အမျိုးသားလှုပ်ရှားမှုများတွင် ပါဝင်သူဖြစ်ပြီး လင်းယုန်ပရဟိအဖွဲ့အမည်ခံကာ သွေးသောက်အဖွဲ့အတွက် လက်နက်များအလှူခံပေးသူဖြစ်ကြောင်း သိရသည်။ သတ်ဖြတ်ခံရသူ သွေးသောက်အဖွဲ့ခေါင်းဆောင်မင်းမင်းသည် လူမှုကွန်ရက်တွင် တော်လှန်ရေးအင်အားစုများနှင့် ၎င်းတို့ကိုဆန့်ကျင်သူများကို ဖမ်းဆီးသတ် ဖြတ်ရန် အမြဲလှုံ့ဆော် ဆဲဆိုနေသူဖြစ်ပြီး၊ လက်နက်မျိုးစုံကိုင်ဆောင်ကာ ခြိမ်း ခြောက်ပြောဆိုနေသူလည်းဖြစ်သည်။ “သူအသတ်ခံရတယ်ဆိုတာ ယုံတောင်မယုံနိုင်ဘူး။ လိုင်းပေါ်ကနေ အမျိုးမျိုးပြောဆို လက် နက်ပြပြီး ရမ်းကားနေတာ။ သူသေတာ ဝမ်းသာလွန်းလို့။ တော် လှန်ရေးအဖွဲ့တွေက အဲဒီလိုလူတွေကို များများရှင်းနိုင် လေကောင်းလေပါပဲ။ လုံခြုံလှပြီထင်ပြီး လူတွေကို ဆဲဆို ရမ်းကား မိုက်ကြေးခွဲနေတာ”ဟု ရန်ကုန်မြို့နေ ပြည်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။…
Author: Ka K
ရန်ကုန်၊ နိုဝင်ဘာ ၃၀ နေပြည်တော်၊ ပုပ္ပသီရိမြို့နယ်၊ နေပြည်တော် -တောင်ညိုလမ်းမပေါ်တွင် စစ်လော်ဘီအကြီးစား မင်းမင်းနှင့်၎င်း၏ သက်တော်စောင့် တို့ကို ပစ်ခတ်ရှင်း လင်းခဲ့ရာ နေရာတွင်ပင်သေဆုံးသွားကြောင်း နတ်မောက်မြို့နယ်အခြေစိုက် ကြိုး ကြာနီတပ်ရင်း (BO-7) မှာ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။ ယမန်နေ့ နိုဝင်ဘာလ ၂၉ ရက် မွန်းလွဲ ၁ နာရီခန့်အချိန် တော်လှန်ရေးတပ်ဖွဲ့များ၏ သတင်းများကို စုံစမ်းရန် နေပြည်တော်၊ ပုပ္ပသီရိမြို့နယ်၊ နေပြည်တော် -တောင်ညိုလမ်းအတိုင်း ကားဖြင့် ဆင်းလာသော အကြမ်းဖက်စစ်တပ် လော်ဘီအကြီးစား မင်းမင်းနှင့် နောက် လိုက် ၃ ဦးတို့ကို လမ်းပိုင်းတနေရာအရောက် ဗိဿနိုး ပြည်သူ့ကာကွယ်ရေး တပ်မတော်၊နတ်မောက်မြို့နယ်အခြေစိုက် ကြိုး ကြာနီတပ်ရင်း (BO-7) ရဲဘော်များက ပစ်ခတ်ရှင်းလင်းခဲ့ရာ လော်ဘီမင်းမင်းနှင့် ၎င်း၏ နောက်လိုက်သက်တော်စောင့် ၁ ဦးတို့ သေဆုံးသွားကြောင်း၊ ကျန်နောက်လိုက် ၁ ဦးမှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။ “သူနဲ့ သူ့ရဲ့သက်တော်စောင့်တို့က ဓားနဲ့ပြန်ခုခံလို့ ပစ်ရှင်းလင်းခဲ့လိုက်တာ၊ နေပြည်တော် အပိုင် ထဲမှာပဲ တောင်ညိုနားမှာပေါ့၊ သူ့ လုပ်ရပ်တွေက မကွေး၊တောင်တွင်း၊ နတ်မောက် အဲဒီနေရာတွေမှာ လှုပ်ရှားတယ်၊ ကျော်စိုးဦးလို ပုံစံမျိုးမီဒီယာမှာအလုပ်လုပ်တယ်၊ သတင်းပေးတယ်၊ ထောက်လှမ်း ရေးတွေဘာတွေဆိုရင်လည်း သူ့တပည့်တွေနဲ့ ဝင်တယ်၊ သူကိုယ်တိုင် ပြည်သူတွေကို ရိုက်နှက်တာ၊ ရွာတွေကိုမီးရှို့တာ၊ သတ်တာတွေလည်း မနည်းတော့ဘူး။ ပြည်သူတစ်ယောက်ဆိုရင် သူရိုက်နှက် တာမခံနိုင်တော့လို့ တံတားပေါ်ကနေခုန်ချအဆုံးစီရင်ပစ်လိုက်တာရှိတယ်။” ဟု နတ် မောက်မြို့…
ခါချဉ်တောင်ပေါ် တက်လာတဲ့ အကြမ်းဖက်စစ်သားတွေ အယောက် ၄၀ ခန့် သေစေခဲ့တဲ့ မိုင်းဆွဲတိုက်ခိုက်မှု (ရုပ်/သံ) ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အပိုင်ထဲက ပဲခူးရိုးမအတွင်းကို နိုဝင်ဘာ ၂၇ ရက်က စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေကို မြို့ချောင်း-စိန်ကန့်လန့် ရိုးမဖြတ်ကျော်လမ်း ခါ ချဉ်တောင်ပေါ်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ထံက သိရပါတယ်။ မိုင်းဆွဲခံရတဲ့ အကြမ်းဖက်စစ်သား အယောက် ၄၀ သေဆုံးခဲ့ပြီး ၁၅ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ အဲဒီနောက် နှစ်ဘက်အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှု နာရီဝက်ခန့်ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးရဲ ဘော် ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ထံက သိရပါတယ်။ ပဲခူးရိုးမထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေ မိုင်းဆွဲခံရပြီး အယောက် ၄၀ သေ ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အပိုင်ထဲက ပဲခူးရိုးမအတွင်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား အယောက် ၄၀ သေဆုံးသွားတယ်လို့ သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) တပ်ခွဲ (၅) က သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၇ ရက်နေ့၊ မနက်အစောပိုင်းမှာ ပဲခူးရိုးမအတွင်း မြို့ချောင်း-စိန်ကန့်လန့် ရိုးမဖြတ်ကျော်လမ်းကနေ ခါချဉ်တောင်ပေါ်ကို အင်အား ၈၀ ခန့်နဲ့ တက်လာတဲ့ စစ်ကြောင်းကို ပဒေသာမိုင်းနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ “သူတို့က တောင်ပေါ်ကို ခြေလျင်လာတာ… ကားတွေကို ထားခဲ့ပြီးတော့။…
နိုဝင်ဘာ ၂၉၊ ၂၀၂၄ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်းတို့နဲ့ အနီးစပ်ဆုံးမြို့ဖြစ်တဲ့ ရခိုင်ရိုးမပေါ်က တောင်ကုတ်မြို့ကို AA က အလုံးစုံသိမ်းပိုက် ထိန်းချုပ်လိုက်ပြီဖြစ်ပြီး၊ မြို့နယ်တွင်း ကျန်ရှိနေသေးတဲ့ တပ်ရင်း ၃ခုကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ အာရက္ခတပ်တော် AA က အသိပေးထုတ်ပြန်ပါတယ်။ တောင်ကုတ်မြို့က စစ်တပ်စခန်း ၁၀ ခုကို သိမ်းပိုက်ရရှိပြီးတဲ့နောက် တောင်ကုတ်မြို့ကို ထိန်းချုပ်ကာ AA က မြို့နယ်တစ်ခုလုံး သိမ်းပိုက်နိုင်ရေးအတွက် တောင်ကုတ် စကခ ၅ ၊ ခမရ ၅၄၄ နဲ့ ခမရ ၃၄၆ တပ်ရင်းတို့ကို ဆက်လက် ထိုးစစ်ဆင်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ တောင်ကုတ်မြို့က မောင်းတံဂိတ် စစ်စခန်းတွေ၊ တက္ကသိုလ်ကျောင်းဝင်း စစ်စခန်း၊ အာလိမ်ငါးဆင့်ဘုရားကုန်း စစ်စခန်း၊ ဖုန်ညိုတံတားအနီး စစ်ခန်းတွေ၊ တောင်ကုတ်မြို့အဝင် ဂိတ်စခန်း၊ သိမ်တောင် ဆုတောင်းပြည့်ဘုရားကုန်း စစ်စခန်း၊ ကြိုးကြာကွင်း စစ်စခန်း၊ ကိုင်းရှည်တံတားထိပ် စစ်စခန်း၊ သီရိဆေးရုံ စစ်စခန်းနဲ့ တောင်ကုတ်မြို့မရဲစခန်းတို့ကို AA က သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ စစ်စခန်းတွေကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၄ ရက်ကနေ ၂၀ ရက်အတွင်း ၁၇ ရက်ကြာ ထိုးစစ်အပြီးမှာ သိမ်းပိုက်ရရှိခဲ့တာဖြစ်ပြီး တောင်ကုတ်မြို့တွင်းတစ်ခုလုံးကို နိုဝင်ဘာလ ၂၄ ရက်နေ့မှာ အလုံးစုံ ထိန်းချုပ်ထားနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ တောင်ကုတ်မြို့ကို ထိန်းချုပ်နိုင်ခဲ့တာကြောင့် AA ဟာ သံတွဲပြီးရင် ရခိုင်ပြည်တောင်ပိုင်းမှာ ဒုတိယမြောက်မြို့ကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ တောင်ကုတ်မြို့ဟာ ရခိုင်ရိုးမပေါ်မှာ…
အဉ္စနလီညှင်း(လေးဝတီ FM) ၂၇ ၊ နိုဝင်ဘာ ၊ ၂၀၂၄ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်ရင်း၊ တပ်ခွဲ၊ စစ်ကြောင်း အသီးသီးက တပ်ဖွဲ့ဝင်အင်အား ၁၀၀ဝ ကျော်ဟာ နိုဝင်ဘာ လ အတွင်းမှာ အာရက္ခတပ်တော် AA ဆီကို ပုံစံအမျိုးမျိုးနဲ့ ဝင်ရောက်ခိုလုံခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်က သိရပါတယ်။ အဲ့ဒီလို ဝင်ရောက်ခိုလုံတဲ့ အထဲမှာ ဗိုလ်မှူးကြီးအဆင့်ရှိသူပါ ၊ ပါဝင်ပြီး နပခမှာ တာဝန်ကျနေတဲ့ အထဲက တပ်သားဟောင်းတွေရော နောက်ထပ်ပို့တဲ့ စစ်ကူစစ်ကြောင်းတွေပါ ပါတယ် လို့ ဆိုပါတယ်။ “စစ်ကောင်စီတပ်ထဲမှာက ထိပ်ပိုင်းအရာရှိမိသားစုတွေကို နေပြည်တော်ကို ရွှေ့လိုက်တယ်၊ နောက်ပြီး နောက်ဆုတ်လာတဲ့ တပ်ရင်းတွေကို နပခ ထဲ အဝင်မခံဘဲ ပြန်လွှတ်တယ်၊ ရှေ့တန်းကို အင်အားမရှိဘဲ ပို့ခံရတဲ့ လူတွေက အင်အားမမျှလို့ ပူးပေါင်းတာတွေလည်းရှိတယ်။ သူတို့အချင်းချင်း သဘောထားကွဲလွဲလို့ လာရောက်ပူးပေါင်းတာတွေလည်းရှိတယ် ” လို့ စစ်ရေးသတင်းရင်းမြစ်က လေးဝတီ FM ကို ပြောပါတယ်။ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ကို အာရက္ခတပ်တော် က ဝန်းရံပိတ်ဆို့ တိုက်ခိုက်နေတာ နှစ်လ ကျော်ကြာမြင့်ပြီ ဖြစ်ပြီး နိုဝင်ဘာ အတွင်းမှာ အပြင်းထန်ဆုံးဖြစ်ခဲ့ တာဖြစ်ပါတယ်။ AA က ထိမ်းသိမ်းထားတဲ့ တပ်သားတွေထဲမှာ ဒဏ်ရာ ရှိတဲ့ သူတွေ လည်းပါဝင်နေပြီး အများစုက အစာအဟာရ ပြတ်လတ်နေကြတယ် လို့ ဆိုပါတယ်။ “တိုက်ပွဲမှာ ဖမ်းမိတာလည်းပါတယ်၊ အုပ်စုလိုက် လာပူးပေါင်းတာလည်းပါတယ်။ တချို့က…
Connect Burma ၊ နိုဝင်ဘာ ၂၉ ရခိုင်ပြည်နယ်ထဲက သိမ်းပိုက်ဖို့ကျန်ရှိနေတဲ့ တောင်ကုတ်မြို့ကို အပြီးသတ်သိမ်းယူလိုက်ပြီလို့ အာရက္ခ တပ်တော် AA က ထုတ်ပြန်ထားပါတယ်။ အာရက္ခတပ်တော်အနေနဲ့ ရခိုင်ပြည်နယ်အတွင်းကသိမ်းပိုက်ဖို့ကျန်ရှိနေတဲ့ မြို့တွေကို အားလုံးကို တစ်မြို့မကျန် ဆက်လက်သိမ်းပိုက်ရယူနိုင်ဖို့ စစ်ကောင်စီတပ်စခန်းတွေကို တပြိုင်နက်ထိုးစစ်ဆင်တိုက် ခိုက်နေတယ်လို့ AA က ဆိုပါတယ်။ ယခုလတွေ အတွင်း အမ်း၊ တောင်ကုတ်၊ ဂွ မြို့နယ်တွေ က စစ်ကောင်စီ စခန်းတွေကို ဆက်တိုက်ထိုးစစ်ဆင်နေပြီး တောင်ကုတ်မြို့ကို ဦးစွာသိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။ တောင်ကုတ်မြို့ ကိုသိမ်းယူနိုင်ဖို့ စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့ စခန်း ၁၀ ကို သိမ်းယူခဲ့ရတယ်လို့ AA က ထုတ်ပြန်ပါတယ်။ အဲ့ဒီစခန်း ၁၀ ခုကို နိုဝင်ဘာလ (၄) ရက် ကနေ (၂၀) ရက်အတွင်း (၁၇) ရက်ကြာ ထိုးစစ်ဆင်တိုက်ခိုက်မှု အပြီး တောင်ကုတ်မြို့တစ်ခုလုံးအား နိုဝင်ဘာလ (၂၄) ရက်နေ့မှာ အလုံးစုံထိန်းချုပ်နိုင်တာဖြစ်တယ်လို့ဆိုပါတယ်။ အဲ့ဒီစခန်းတွေထဲမှာ မောင်တံဂိတ် စစ်စခန်းများ၊ တက္ကသိုလ်ကျောင်းဝင်း စစ်စခန်း၊ အာလိမ်ငါးဆင့်ဘုရားကုန်း စစ်စခန်း၊ ဖုန်ညိုတံတားအနီး စစ်ခန်းများ၊ တောင်ကုတ်မြို့အဝင် ဂိတ်စခန်း၊ သိမ်တောင် ဆုတောင်းပြည့်ဘုရားကုန်း စစ်စခန်း၊ ကြိုးကြာကွင်း စစ်စခန်း၊ ကိုင်းရှည်တံတားထိပ် စစ်စခန်း၊ သီရိဆေးရုံ စစ်စခန်းနဲ့ တောင်ကုတ်မြို့မရဲစခန်းတို့ဖြစ်တယ်လို့ သိရပါတယ်။ တောင်ကုတ်မြို့ပတ်ဝန်းကျင် က စစ်ကောင်စီ၏ စခန်းအားလုံးကို သိမ်းပိုက်ရယူပြီးနောက် စစ်ကောင်စီတပ်ရဲ့ တောင်ကုတ်မြို့အခြေစိုက် အဓိကစခန်းကြီးတွေဖြစ်တဲ့ စကခ (၅)…
မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ ICC ရှေ့နေရဲ့ လျှောက်ထားမှု နိုင်ငံတကာသတင်းဌာနကြီးတွေမှာ အထူးသတင်းအဖြစ် ဝေဝေဆာဆာ ဖော်ပြကြ နိုဝင်ဘာ ၂၈၊ ၂၀၂၄ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်း၀ရမ်းထုတ်ဖို့ ICC ရှေ့နေရဲ့ လျှောက်ထားမှုအပေါ် နိုင်ငံတကာသတင်းဌာနတွေမှာ ခေါင်းကြီးပိုင်းသတင်းတွေအဖြစ် ဝေဝေဆာဆာ ဖော်ပြခဲ့ကြပါတယ်။ မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ ICC ရှေ့နေချုပ် ကာရင် အာဆက် အာမက်ခန်က နိုင်ငံတကာ ရာဇဝတ်တရားရုံး ICC ကို မနေ့က နိုဝင်ဘာ ၂၇ ရက်မှာ တင်သွင်းလိုက်ပြီးတဲ့နောက် အခုလို နိုင်ငံတကာသတင်းဌာနတွေက အထူးသတင်းအဖြစ် ဦးစားပေး ဖော်ပြလာကြတာ ဖြစ်ပါတယ်။ အရှေ့တောင်အာရှက စစ်တပ်ထိပ်သီးခေါင်းဆောင်တွေထဲမှာ တရားမဝင် အာဏာသိမ်းထားတဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပထမဆုံးအကြိမ် ICC ရဲ့ ဖမ်း၀ရမ်းထုတ်ခံရဖို့ နီးစပ်လာတဲ့ အခြေအနေကို နိုင်ငံတကာ သတင်းဌာနတချို့က ရေးသားဖော်ပြလာခြင်း ဖြစ်ပါတယ်။ မင်းအောင်လှိုင်ကို ICC တရားရုံးက ဖမ်း၀ရမ်းထုတ်ရေး လျှောက်ထားလိုက်တဲ့ သတင်းတွေကို CNN ၊ Reuters ၊ AP ၊ AFP ၊ BBC တို့လို ကမ္ဘာ့နာမည်ကျော်သတင်းဌာနကြီးတွေအားလုံးမှာ ထိပ်တန်းသတင်းတွေအဖြစ် ဖော်ပြလာကြတာပါ။ ဒါ့အပြင် နိုင်ငံတကာက မြန်မာနိုင်ငံအကြောင်း မသိရှိသေးတဲ့ စာဖတ်ပရိတ်သတ်တွေအတွက် လူမျိုးတုံးသတ်ဖြတ်မှုတွေ ပြုလုပ်နေတဲ့ မင်းအောင်လှိုင်နဲ့ ပတ်သက်ပြီးတော့လည်း အကျယ်တဝင့် ရေးသားဖော်ပြမှုတွေ လုပ်ခဲ့ကြပါတယ်။ ရိုဟင်ဂျာတွေကို ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ ICC ရှေ့နေချုပ် ကာရင် အာဆက် အာမက်…
ဆက်လက်ဖတ်ရှုရန်
နိုဝင်ဘာ ၂၈၊ ၂၀၂၄ မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ကြိုးဝကျေးရွာအနီး တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးတပ်တွေ အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အယောက် ၃၀ ခန့်သေပြီး တပ်ကြပ်အဆင့် ၁ ယောက် ဖမ်းဆီးမိကာ လက်နက်အများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။ အကြမ်းဖက်စစ်သားတွေဟာ နိုဝင်ဘာ ၂၂ ရက်က ကြိုးဝကျေးရွာအတွင်းက အရပ်သားနေအိမ်တွေကို ဖောက်ထွင်းပြီး တန်ဖိုးရှိပစ္စည်းတွေကို ခိုးယူနေချိန် ဒရုန်းနဲ့ ၆၀ မမ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ ၄ ယောက်ဒဏ်ရာရရှိသွားပြီး တပ်ပြန်ဆုတ်သွားခဲ့ပါတယ်။ အဲဒီနောက် စစ်တပ် တပ်စွဲထားတဲ့နေရာကို နိုဝင်ဘာ ၂၆ ရက် မနက်ပိုင်းမှာ တော်လှန်ရေးတပ်တွေ အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံတပ်သား ၃၀ ခန့်သေပြီး တပ်ကြပ်အဆင့် ၁ ယောက် ဖမ်းမိခဲ့ကာ MA1 ၃ လက်၊ MA3 ၄ လက်၊ ၄၀ မမ ဗုံးပစ်လောင်ချာ ၁ လက်၊ ငါးကြင်းမြှီး စက်လက် ၁ လက်၊ ၆၀ မမ စိန်ပြောင်း ၁ လက်၊ ကင်းထောက် ဒရုန်း ၁ စီး၊ တိုက်ခိုက်ရေး ဒရုန်း ၁ စီး၊ ၅.၅၆ ကျည် ၁,၈၀၀ တောင့်၊ စက်လက်ကျည် ၄၅၀ တောင့်၊ ၆၀ မမ ဗုံးသီး ၇ လုံးနဲ့ ဒေသခံတွေထံက ခိုးယူထားတဲ့ ရွှေလက်ကောက်…
“အားကောင်းတဲ့ ဆိုက်ကလုံးမုန်တိုင်းအဝါရောင်အဆင့်တဲ့ဟေ့..မိုးမင်းသမီးလေး စုစုစံသတိပေး”