သမ္မတ၏ မိခင်ပါတီက စစ်အုပ်ချုပ်ရေးအမိန့် ကြေညာမှု မှားယွင်းဟု ထုတ်ပြန်ပြီး စစ်အုပ်ချုပ်ရေး ပယ်ဖျက်ရန် အတိုက်အခံများနှင့်ပူးပေါင်း ဒီဇင်ဘာ ၃ ရက် ဗိုလ်ချုပ်ကြီးမှ ဆုတ်ခွာရန်အမိန့်ပေးသဖြင့် စစတပ်ဆုတ်ခွာ။ ပြည်သူများ လက်ခုတ်တီး ကြ်ုဆို။ ကမ္ဘာ့အမြန်ဆုံး စစ်အုပ်ချုပ်ရေးအဖြစ် မှတ်တမ်းဝင်သွားပါတယ်။ တောင်ကိုရီးယားသမ္မတ Yoon Suk Yeol ၏ စစ်အုပ်ချုပ်ရေး အမိန့်ကို တောင်ကိုရီးယား ပါလီမန်က အရေးပေါ် အစည်းဝေးခေါ်ယူပြီး ပယ်ဖျက်ကြောင်း ကြေညာလိုက်ရာ စစ်အုပ်ချုပ်ရေးအမိန့် ပျက်ပြယ်သွားကာ တောင်ကိုရီးယားစစ်တပ်က ပါလီမန် အဆောက်အအုံမှ ပြန်လည် ဆုတ်ခွာသွားပြီဖြစ်သည်။ ယနေ့ညပိုင်းတွင် တောင်ကိုရီးယားသမ္မတက ရုတ်တရက် စစ်အုပ်ချုပ်ရေး ကြေညာခဲ့ခြင်းဖြစ်ပြီး တောင်ကိုရီးယား ပါလီမန်က သမ္မတ၏ စစ်အုပ်ချုပ်ရေး အမိန့်ကို ပယ်ဖျက်ကြောင်း လွှတ်တော်မတ် ၁၉၀ က မဲပေး၍ ပယ်ဖျက်ခဲ့ကြောင်း၊ လွှတ်တော်တွင် အမတ်နေရာပေါင်း ၃၀၀ ရှိသည့်အနက်မှ လွှတ် တော် မတ် ၁၉၀ က သမ္မတ၏ စစ်အုပ်ချုပ်ရေး အမိန့်ကို လွှတ်တော်တွင် မဲပေး၍ ပယ်ဖျက်ကြောင်း ကြေညာခြင်းဖြစ်သည်။ တောင်ကိုရီးယားသမ္မတ၏ မိခင်နိုင်ငံရေးပါတီဖြစ်သော People Power ပါတီက သမ္မတ၏ စစ်အုပ်ချုပ်ရေး ကြေညာမှုသည် မှားယွင်းပြီး ယင်းစစ်အုပ်ချုပ်ရေး အမိန့်ကို အတိုက်အခံ လွှတ်တော်မတ်များနှင့်တူ တားဆီးသွားမည်ဖြစ်ကြောင်း ကြေညာကာ အတိုက်အခံများနှင့်ပူးပေါင်းလိုက်သည်။ တောင်ကိုရီးယားသမ္မတက ဇနီးသည်၏ အကျင့်ပျက်ခြစားမှု၊ ဝန်ကြီးများ၏ အကျင့်ပျက်ခြစားမှုကို စုံစမ်းစစ်ဆေးရန် ငြင်းပယ်ခဲ့ပြီး သမ္မတနှင့် လွှတ်တော်ကြား နိုင်ငံတော်ဘတ်ဂျက်ကို အတည်ပြုရန်…
Author: Ka K
မီးကွင်းဂမုန်းပင်သည် အလွန်ပင်ဆေးဖက်ဝင်သော အဖိုးတန်အပင်တစ်မျိုး ဖြစ်ပါသည်။ ၄င်းအပင်ကို နေရာတိုင်းမှာ လွယ်ကူစွာ မြင်တွေ့နိုင်ပါသည်။ (၁) နှာခေါင်းသွေးလျှံအတွက် မီးကွင်းဂမုန်း နှာခေါင်းသွေးလျှံဖြစ်လာပါက မီးကွင်းဂမုန်းပင်ကို ရေစင်အောင်ဆေးကာထောင်း၍ ၄င်းအဖတ်ကို နှာခေါင်းပေါ် အုံပေးပါက နှာခေါင်းသွေးတိတ်စေပါသည်။ (၂) ဆီးရောဂါ၊ ဆီးကျောက်ရောဂါ ဆီးရောဂါအမျိုးမျိုးနှင့် ဆီးကျောက်ရောဂါများအတွက် မီးကွင်းဂမုန်းကို ရေ ၃ ခွက် ၁ ခွက်တင် ကျို၍ သကြားအနည်းငယ်နှင့် သောက်ပေးပါက ဆီးရောဂါအမ်ျိုးမျိုးကို သက်သာပျောက်ကင်းစေပါသည်။ (၃) နားကိုက်၊ နားပြည်ယို မီးကွင်းဂမုန်း၏ အရွက်သန့်သန့်ကို အရည်ညစ်ယူ၍ ကိုက်နေသော နားကို ခပ်ပေးပါက နားကိုက်၊ နားပြည်ယိုရောဂါများကို ပျောက်ကင်းစေပါသည်။ (၄) ဝမ်းကိုက်နေလျှင် မီးကွင်းဂမုန်း၏ သတ္ထုရည်ကို သောက်ပေးပါက ဝမ်းကိုက်၊ ဝမ်းဖော၊ ဝမ်းယောင်ရောဂါကို သက်သာပျောက်ကင်းစေပါသည်။ အရွက်နုကို ပဲလှော်ထောင်းအမှုန့်နှင့် ရော၍ သုပ်စားနိုင်ပါသည်။ (၅) ချောင်းဆိုး၊ သလိပ်ကပ် ချောင်းဆို သလိပ်ကပ်ဖြစ်ပါက မီးကွင်းဂမုန်းအရွက်ကိုထောင်း၍ အရည်ညစ်ယူကာ ၄င်းဆေးရည်ကို သကြားခဲ၏ အမှုန့်နှင့် ရောသောက်ပေးလျှင် ချောင်းဆိုး သလိပ်ကပ်များ ပျောက်ကင်းစေပါသည်။ (၆) သွေးကင်ဆာ သွေးကင်ဆာဖြစ်နေလျှင် မီးကွင်းဂမုန်း၏ ပင်စည်နှင့်အရွက်တို့ကို ရေစင်အောင်ဆေးကာ ကြိတ်၍ အရည်ညစ်ယူကာ ၅ မိနစ်ခန့် အပူပေး(ကျို၍) ခဏအအေးခံကာ ထမင်းစားဇွန်းဖြင့် မနက်တစ်ဇွန်း၊ ညတစ်ဇွန်း သောက်နိုင်ပါသည်။ တစ်ပတ်ကို ၃ ရက်ဖြင့် တစ်လလောက် သောက်ပါက ကင်ဆာဆဲလ်များကို လျှော့ချပေးစေနိုင်ပါသည်။
▪️တရုတ်၏ကြားဝင်မှုဖြင့် လားရှိုးအပါအဝင် သက်ဆိုင်ရာကိစ္စများဆွေးနွေးနိုင်ဟု အသိပေး ▪️စစ်ကောင်စီက နိုင်ငံအနှံ့ ဝေဟင်နှင့်မြေပြင်ထိုးစစ်များ ရပ်ပေးရမည်ဖြစ်ပြီး ခုခံကာကွယ်ခွင့်ဆက်စွဲကိုင်မည်ဟု ထုတ်ပြန် ဟန်နွေ/People’s Spring ပြည်တွင်းစစ်ရေးပဋိပက္ခကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန်လိုလားကြောင်း ကိုးကန့် တပ်မတော် ဟု ခေါ်ဆိုသည့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA) စစ်ရေးကော်မတီက ယနေ့ (ဒီဇင်ဘာ ၃ရက်)တွင် ထပ်မံကြေညာသည်။ စစ်ဘေးဒုက္ခဒဏ်ကိုပြင်းထန်စွာခံစားနေရသည့် အပြစ်မဲ့ပြည်သူလူထု၏ အကျိုးကို ငဲ့ညှာ ထောက်ထားရန်၊တရုတ်-မြန်မာနယ်စပ်၏ တည်ငြိမ်အေးချမ်းရေးကို ကာကွယ် ထိန်းသိမ်းရန်၊ ပြည်တွင်းစစ်ရေးပဋိပက္ခများကိုနိုင်ငံရေး နည်းလမ်းဖြင့်ဖြေရှင်းနိုင်ရန်နှင့် ဒေသတွင်းငြိမ်းချမ်းရေးကိုလက်တွေ့ကျကျဖော်ဆောင်ရန်အတွက် MNDAA၏ ရပ်တည်ချက်နှင့် သဘောထားကို ထပ်မံထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ နိုဝင်ဘာ ၂၅ရက်က တရုတ်အစိုးရ၏ ဖိအားပေးမှုကြုံနေရသည့် တအာင်းတပ်မတော်(TNLA)က တရုတ်၏ ကြားဝင်မှုဖြင့် ဆွေးနွေးရန်အသင့်ရှိကြောင်း ကြေညာချက်ထုတ်ပြန်ပြီးနောက် တစ်ပတ်ခန့် အကြာတွင် MNDAAက ယခု ကြေညာချက်ကို ထပ်မံထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ MNDAAသည်လည်း တိုက်ပွဲရပ်ရန် ၊ သိမ်းပိုက်ထားသည့် လားရှိုးမြို့ကို စစ်ကောင်စီကို ပြန်ပေးရန် တရုတ်အစိုးရ၏ ဖိအားပေးမှု ရင်ဆိုင်နေရသည်ဟု သတင်းများထွက်ပေါ်လျက်ရှိသည်။ MNDAA၏ကြေညာချက်တွင် ၎င်းတို့ အဖွဲ့အနေဖြင့် နိုင်ငံတော်မှခွဲထွက်ပြီး နိုင်ငံတော်အသစ်ထူထောင်ခြင်းကို ပြုလုပ်မှာမဟုတ်ကြောင်း၊ စစ်မှန်သောကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို တောင်းဆိုခြင်းသာဖြစ်ကြောင်း ဖော်ပြပြီး နိုင်ငံတော်အချုပ်အခြာအာဏာနှင့် နိုင်ငံပိုင်နယ်မြေ တည်တံ့ ခိုင်မြဲရေးကို တစိုက်မတ်မတ် ထိန်းသိမ်းကာကွယ်သွားမည်ဟု ဆိုသည်။ ယနေ့မှစ၍ ရောက်ရာနေရာ၌ တပ်များ ချက်ချင်း အပစ်ရပ်စဲပြီး စစ်ကောင်စီတပ်များကို အစပြုထိုးစစ်ဆင်တိုက်ခိုက်မည်မဟုတ်ဟု အသိပေးကာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ကြားဝင်စေ့စပ်ကြိုးပမ်းဆောင်ရွက်မှုအောက်တွင် လားရှိုးအပါအဝင် သက်ဆိုင်ရာကိစ္စရပ်များကို တွေ့ဆုံဆွေးနွေးသော နည်းလမ်းဖြင့်ဖြေရှင်းနိုင်မည်ဟု မျှော်လင့်ကြောင်း ဖော်ပြသည်။ တရုတ်ပြည်သူ့…
တောင်ကိုရီးယား သမ္မတ ယွန်ဆွတ်ခ်ယိုလ်ဟာ ပြည်တွင်းမှာ အရေးပေါ် စစ်အုပ်ချုပ်ရေး အမိန့်ကို ရုတ်တရက် ထုတ်ပြန် ကြေညာလိုက်ပါတယ်။ ဒီဇင်ဘာ ၃ ရက်နေ့က မိန့်ခွန်းမှာ ယွန်က မြောက်ကိုရီးယားကို လိုလားတဲ့ အင်အားစုတွေနဲ့ အတိုက်အခံ အင်အားစုတွေဟာ နိုင်ငံတော် ပျက်စီးရာ ပျက်စီးကြောင်း ကိစ္စရပ်တွေကို လုပ်ဆောင်နေတယ်လို စွပ်စွဲသွားခဲ့ပါတယ်။ သူဟာ စစ်အုပ်ချုပ်ရေး အမိန့်ကနေတဆင့် လွတ်လပ်တဲ့၊ ဒီမိုကရေစီ ပြည့်ဝတဲ့ နိုင်ငံအဖြစ်ကို ပြန်လည် ဦးဆောင် ရယူသွားမယ်လိုလည်း ယွန်က ပြောပါတယ်။ မြောက်ကိုရီးယား ကွန်မြူနစ် အင်အားစုတွေရဲ့ ခြိမ်းခြောက်မှုကနေ ကာကွယ်ဖို့၊ ပြီးတော့ နိုင်ငံတော် ပျက်စီးရာ ပျက်စီးကြောင်း စီမံလုပ်ဆောင်နေတဲ့ အစုအဖွဲတွေကို ချေမှုန်းဖို အရေးပေါ် စစ်အုပ်ချုပ်ရေး အမိန့်ကို ကြေညာလိုက်ကြောင်း ယွန်က မိန့်ခွန်းထဲမှာ ထည့်ပြောသွားခဲ့ပါတယ်။ ပြည်သူတွေရဲ့ လွတ်လပ်မှု၊ လုံခြုံမှုကို သေချာခိုင်မာအောင် ကာကွယ်ဖို့၊ အဖျက်အမှောင့်တွေ၊ ပြည်ဖျက် အင်အားစုတွေရဲ့ အန္တရာယ်ကနေ နိုင်ငံကို တည်တည်ငြိမ်ငြိမ် ကျော်လွှားနိုင်စေဖိုအတွက် အခု သတ်မှတ် ကြေညာချက်ဟာ ရှောင်လွှဲလို မရတဲ့ ရွေးချယ်မှုလိုလည်း ယွန်က ဆိုပါတယ်။ ယွန်ရဲ့ အရေးပေါ် စစ်အုပ်ချုပ်ရေး ကြေညာမိန့် ထွက်ပေါ်လာတဲ့နောက် အတိုက်အခံ လစ်ဘရယ် ဝါဒစွဲ ဒီမိုကရက်တစ် ပါတီကလည်း လွှတ်တော် အမတ်တွေကို အရေးပေါ် အစည်းအဝေးတစ်ခု ခေါ်ယူထားတယ်လို သိရပါတယ်။ ယွန်ဟာ ၂၀၂၂ ခုနှစ်မှာ သမ္မတ ဖြစ်လာချိန် ကတည်းက အတိုက်အခံတွေ…
ဒီဇင်ဘာ ၃ ရက် လူထိခိုက်သေဆုံးမှုများဖြစ်ပေါ်ခဲ့သော ထိုင်းငါးဖမ်းစက်လှေကို စစ်ကောင်စီ၏ ရေတပ်က ပစ်ခတ်ခဲမှုမှာ မြန်မာရေပိုင်နက်အတွင်း ကျူးကျော်၍ လုပ်ထုံး လုပ်နည်းအရ ပစ်ခတ် ဖမ်းဆီးမှုအဖြစ် အကြမ်းဖက်စစ်တပ်ပြောရေးဆိုခွင့်ရှိသူ အကြမ်းဖက် ဇော်မင်းထွန်းက ခုခံကာကွယ်ပြောဆိုသည်။ နိုဝင်ဘာလ ၃၀ ရက်နေ့ ထိုင်းငါးဖမ်းစက်လှေများကို မြန်မာစစ်ကောင်စီ၏ ရေတပ်သင်္ဘောက ပစ်ခတ်ရာ ထိုင်းနိုင်ငံသား ၁ ဦး ရေနစ်သေဆုံးခဲ့ပြီး ၂ ဦးဒဏ်ရာရရှိကာ သင်္ဘောသား ၃၁ ဦးကို မြန်မာစစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ပြီး ယင်းပစ်ခတ်မှုကို ထိုင်းဝန်ကြီးချုပ်က ကန့်ကွက်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။ “မြန်မာနိုင်ငံရေပိုက်နက်အတွင်း ငါးဖမ်းနေတဲ့ ထိုင်းငါးဖမ်းစက်လှေတွေကို လုပ်ထုံးလုပ်နည်းနဲ့အညီပဲ ဖမ်းဆီးခဲ့တာဖြစ်ကြောင်း ပြောလိုပါတယ်။ နံပါတ် ၂ကတော့ ထိခိုက်သေဆုံးမှုများရှိခဲ့ပါတယ်။ ဖြစ်စဉ်အနေနဲ့ကတော့ မြန်မာနိုင်ငံ ကော့သောင်းမြို့နယ်၊ မြန်မာ့ရေပိုက်နက်အတွင်းထဲမှာ လုံခြုံရေးတာဝန်ထမ်းဆောင်နေတဲ့ မြန်မာ့ စစ်ရေယာဉ် တစ်စင်းက နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက် ၂ နာရီ ၄၀ ခန့်မှာ မြန်မာရေပိုက်နက်အတွင်းမှာ လှုပ်ရှားနေတဲ့ မသင်္ကာဖွယ် လှုပ်ရှားမှု ၅ ခုကို ရေဒါကနေ ဖမ်းဆီးရရှိပါတယ်။ ဒါကြောင့် ဒီနေရာကို စစ်ဆေးခဲ့ပါတယ်။ စစ်ဆေးတဲ့အခါမှာ ငါးဖမ်းစက်လှေများဖြစ်ကြောင်း တွေ့ရပါတယ်။ စစ်ဆေးဖို့အတွက် မီးအချက်ပြ ခေါ်ယူခြင်း ဆောင်ရွက်ခဲ့ပါတယ်။ ထွက်ပြေးခဲ့ပါတယ်။ နောက်ကနေ လိုက်လံ ဖမ်းဆီးခဲ့ပါတယ်။ မနက် ၃ နာရီ ၂၀ မိနစ်မှာ ထိုင်းငါးဖမ်းလှေတစ်စီးကို ကော့သောင်းမြို့နယ် ၊ ကြက်မောက် ကျွန်း မြောက်ဘက်ထိပ် အရှေ့မြောက်ဘက် ၃…
အကြမ်းဖက်သံသယဖြင့် စစ်ဆေးနေကြောင်းသတင်းထုတ်ပြန် ———————– Myanmar Now ပြီးခဲ့သည့်စနေနေ့(နိုဝင်ဘာ ၃၀) နံနက်အစောပိုင်းက ကပ္ပလီပင်လယ်ပြင်အတွင်း စစ်ကောင်စီရေတပ်က ဖမ်းဆီးခဲ့သည့် ထိုင်းငါးဖမ်းစက်လှေတွင် လိုက်ပါလာသည့် ထိုင်းလေးဦးနှင့် မြန်မာ၂၇ ဦးကို ပြန်မလွှတ်သေးဘဲ အကြမ်းဖက်အဖွဲ့များနှင့် ဆက်နွယ်ကြောင်း သံသယဖြင့် စစ်ဆေးနေကြောင်း စစ်ကောင်စီပြောခွင့်ရအရာရှိကဆိုသည်။ မြန်မာနှင့်နယ်နိမိတ်ထိစပ်နေသည့် ရနောင်းခရိုင်ပင်လယ်ပြင်အတွင်း ငါးဖမ်းနေသည့် ထိုင်းငါးဖမ်းစက်လှေကို စစ်ကောင်စီရေတပ်က ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း ထိုင်းရေတပ်က သတင်းထုတ်ပြန်ထားပြီး လှေပေါ်ပါထိုင်းနိုင်ငံသားလေးဦးကို ပြန်လွှတ်ပေးရန် ထိုင်းအစိုးရက တောင်းဆိုထားသည်။ စစ်ကောင်စီကတော့ ငါးဖမ်းစက်လှေများသည် မြန်မာရေပိုင်နက်အတွင်းဝင်ရောက်ခဲ့သဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ လှေပေါ်ပါလာသူများကို အကြမ်းဖက်သံသယဖြင့် စစ်ဆေးနေကြောင်း ယနေ့ညပိုင်းတွင် သတင်းထုတ်ပြန်လိုက်သည်။ “လက်နက်ခဲယမ်းမဟုတ်တဲ့ အကြမ်းဖက်အဖွဲ့တွေနဲ့ ဆက်နွယ်နေတဲ့ ပစ္စည်းများတွေ့ရှိရတဲ့အတွက် စစ်ဆေးလျှက်ရှိပါတယ်” ဟုစစ်ကောင်စီပြောခွင့်ရအရာရှိ ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းဌာနများကို ပေးပို့သည့် ကြိုတင်အသံသွင်းထားသည့် ဖြေဆိုချက်တွင် ထည့်သွင်းပြောကြားခဲ့သည်။ စစ်ကောင်စီက “အကြမ်းဖက်အဖွဲ့” ဟုရည်ညွှန်းပြောဆိုခဲ့သော်လည်း အဖွဲ့အစည်းအမည်ကို တိတိကျကျပြောဆိုခဲ့ခြင်းမရှိပါ။ စစ်ကောင်စီသည် ၎င်းတို့ကိုဆန့်ကျင်သည့် အဖွဲ့အစည်းများကို အကြမ်းဖက်အဖွဲ့အဖြစ် မကြာခဏကြေညာလေ့ရှိသည်။ ပုံစာ – ၂၀၁၉ အတွင်းက ကိုကိုးကျွန်းအနီးစစ်ရေးလေ့ကျင့်နေသည့် မြန်မာရေတပ်သင်္ဘော (ဓာတ်ပုံ -စစ်ကောင်စီ)
မဲဆောက်၊ ဒီဇင်ဘာ ၂ ထိုင်းနိုင်ငံတွင် တရားမဝင် အလုပ်လုပ်ကိုင်နေသည့် မြန်မာ၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နှင့် လာအိုနိုင်ငံတို့မှ ရွှေ့ပြောင်းအလုပ်သမားများအားလုံးကို လွတ်လွတ်လပ်စွာ နေထိုင်ခွင့်ပြုကြောင်း ထိုင်းဝန်ကြီးချုပ်က အမိန့်ထုတ်ပြန်ထား သည်။ အဆိုပါ လွတ်လပ်စွာ နေထိုင်ခွင့်ပြုခြင်းကို ပြီးခဲ့သည့် နိုဝင်ဘာ ၂၈ ရက်က ထိုင်းဝန်ကြီးချုပ် ဖယ်ထောင်ထန် ရှင်နာဝပ်နှင့်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ဝန် ကြီး အနုထင် ချန်ဝီလကွန်တို့မှ လက်မှတ်ရေးထိုး၍ အမိန့်ထုတ်ပြန်ခဲ့ခြင်းဖြစ် သည်။ ထိုင်းတွင် တရားမဝင် အလုပ်လုပ်ကိုင်နေသည့် မြန်မာ အပါအဝင် နိုင်ငံခြား သား အလုပ်သမားများကို နိုဝင်ဘာ ၂၈ ရက်မှစတင်၍ ဒီဇင်ဘာ ၃၀ ရက်အထိ လွတ်လပ်စွာ နေထိုင်ခွင့်ပြုကြောင်း ထိုင်းဝန်ကြီးချုပ်နှင့်၊ ပြည်ထဲရေးဝန်ကြီးတို့၏ အမိန့်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယင်း အမိန့်ထုတ်ချက်အရ ထိုင်းနိုင်ငံတွင် နိုင်ငံကူးလက်မှတ် PJ, PV, CI, စသည့် စာအုပ်ကိုင်ဆောင်၍ အလုပ်လုပ်နေသော်လည်း စာအုပ်သက်တမ်းကုန်ဆုံးနေသူများနှင့် အထောက်အထား (လုံးဝ) မရှိသည့် အလုပ်သမားများအားလုံး အကြုံဝင်မည်ဖြစ်သည်။ ထိုသို့ တရားမဝင် နိုင်ငံခြားသားအလုပ်သမားများကို လွတ်လပ်စွာနေထိုင်ခွင့်ပြုထားသော်လည်း အလုပ်ရှင်အနေဖြင့် သက်ဆိုင်ရာနယ်မြေရှိ အလုပ်သမားစီမံခန့်ခွဲရေး(ကျတ်ဟာငန်)ရုံးသို့ မိမိအလုပ်သမား၏ နာမည်၊ နေရပ်လိပ်စာ၊ အသက်၊ မည်သည့်နိုင်ငံသား၊ အမျိုးသား/အမျိုးသမီး ဖြစ်ကြောင်း စသည့် အချက်အလက်များ ပေးပို့ထားရမည်ဖြစ်ကြောင်း သိရသည်။ မှတ်ချက် : ပြီးခဲ့သည့် နိုဝင်ဘာ ၂၈ ရက်က ထိုင်းဝန်ကြီးချုပ်နှင့် ပြည်ထဲရေး ဝန်ကြီးတို့၏ အမိန့်ထုတ်ပြန်ချက်ကို မြဝတီမဲဆောက်မီဒီယာ ဆီလျှော်အောင်…
🟥 “သူက ဘုရားအလောင်းဖြစ်တဲ့ အတွက် ပါရမီဖြည့်ဖက် လုပ်ရမယ်။ ဒါကြောင့် သူနဲ့ကလေးမွေးပေးရမှာ။ အဲ့ကလေးကို မျိုးဆက်ချန်ရမှာ” ဟု ပြောဆို လိင်ပိုင်းဆိုင်ရာ စော်ကားကျူးလွန် ရန်ကုန်၊ ဒီဇင်ဘာ ၂ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်တွင် စစ်တပ်က ကိုးကွယ်သည့် မြကျောက် အပ္ပမာဒမဟိဒ္ဓိကျောင်းထိုင် ဘုန်းကြီးက စစ်ဘေးရှောင် အပါအဝင် အမျိုးသမီး ၂၀ ကျော်ကို လိင်ပိုင်းဆိုင်ရာ စော်ကားပြီး အသက် အန္တရာယ် ခြိမ်းခြောက်မှုများ လုပ်ဆောင်ခဲ့ကြောင်း ကျူးလွန်ခံရသူတချို့နှင့် အနီးကပ်နေထိုင်ခဲ့ရသူတချို့က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ပြင်ဦးလွင်မြို့နယ်၊ အင်းကြီးစံပြရွာ၊ အနီးစခန်း စည်သာဆည်အနီးရှိ မြကျောက်အပ္ပမာဒမဟိဒ္ဓိကျောင်းတွင် နေထိုင်သော ကျောင်းထိုင် ဘုန်းကြီး အပ္ပမာဒမဟိဒ္ဓိ ဆရာတော် အရှင်ဝါသဝ ဆိုသူက စစ်ဘေးရှောင် ပြည်သူများ အပါအဝင် အမျိုးသမီး ၂၀ ကျော်ကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုများ လုပ်ဆောင်ခဲ့ကြောင်းသိရသည်။ အဆိုပါ ဘုန်းကြီးကျောင်းကို စစ်ဘေးတိမ်းရှောင်လာသော အမျိုးသမီးများနှင့် တရားစခန်း ဝင်လာသော အမျိုးသမီးများကို ပစ်မှတ်ထား၍ သီလရှင် ဝတ်ခိုင်းပြီး ကျောင်းထိုင် ဘုန်းကြီးက သာသနာအတွက် ပါရမီ ဖြည့်ဖက် လုပ်ဆောင်ရမည်ဟု စည်းရုံးသိမ်းသွင်းပြီး မျိုးဆက်ပွားရမည်ဟုဆိုကာ အမျိုးသမီးများကို လိင်ပိုင်ဆိုင်ရာ စော်ကားခဲ့ခြင်းဖြစ်ကြောင်း၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရသော အမျိုးသမီးများကိုလည်း ကျောင်းတိုက်အတွင်း ပိတ်လှောင်ပြီး ရိုက်နှက် နှိပ်စက်ခြင်း၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့သည်များကို ထုတ်ဖော် ပြောဆိုလျှင် သတ်ပစ်မည်ဟု ခြိမ်းခြောက်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။ “သူက ဘုရားအလောင်းဖြစ်တဲ့ အတွက်…
🟥မင်းအောင်လှိုင်နှင့်ပတ်သက်သူအားလုံး ပျက်စီးဆုံးရှုံးမှုများသာ မလွဲမသွေရင်ဆိုင်ကြုံတွေ့ရမည်ဟု သတိပေး ရန်ကုန်၊ ဒီဇင်ဘာ ၁ နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) က ဖမ်း၀ရမ်းထုတ်တော့မည့် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဆီးနိုင်ရေးနှင့် တရားစီရင်နိုင်ရေးအတွက် အစွမ်းကုန် အရှိန်မြှင့် ကြိုးပမ်းအားထုတ်မည်ဖြစ်ကြောင်း အမျိုးသာညီ ညွတ်ရေးအစိုးရ-NUG ၊ ကရင်အမျိုးသားအစည်းအရုံး-KNU ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ-KNPP နှင့် ချင်းအမျိုးသားတပ်ဦး-CNF တို့က ပူးတွဲကြေ ညာချက်တစ်ရပ်ကို ထုတ်ပြန်လိုက်သည်။ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုဖြင့် ဖမ်းဝရမ်းထုတ် ခံရမည့် တရားခံ မင်းအောင်လှိုင်ကို နိုင်ငံတကာက ဖမ်းဆီးအရေးယူနိုင်ရေး၊ အလား တူ မြန်မာပြည်သူလူထုအပေါ် ကျူးလွန်သည့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သော ရာဇဝတ်မှုများကိုလည်း ဖော်ထုတ်ပြီး နိုင်ငံတကာ ဥပဒေများနှင့်အညီ ICC၊ ICJ စသည့် နိုင်ငံတကာတရားစီရင်ရေးယန္တရားများမှတဆင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေးအတွက် အစွမ်းကုန်အရှိန်မြှင့် ကြိုးပမ်းအားထုတ် သွားမည်ဖြစ်ကြောင်း ယမန်နေ့ ညပိုင်းတွင် ပူးတွဲ ကြေညာလိုက်ကြခြင်းဖြစ်သည်။ ရိုဟင်ဂျာများအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ရန်အတွက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) ၏ ရှေ့နေချုပ် Karim AA Khan က ICC သို့ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၇ ရက်နေ့က လျှောက်ထားလိုက်ကြောင်း၊ အပြည် ပြည် ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) ရှေ့နေချုပ်၏ ဆောင်ရွက်ချက်ကို ကြိုဆို ကြောင်း၊အဆိုပါဖြစ်ထွန်းမှုသည် မြန်မာ့တပ်မတော်သမိုင်းတွင် လူသားမျိုးနွယ်အပေါ်ကျူးလွန်သော ရာဇဝတ်မှုတရားခံအဖြစ် နိုင်ငံတကာတရားရုံးတစ်ခု၏ ဖမ်းဝရမ်းထုတ်ရန် ပထမဆုံး…
သုည/People’s Spring မြန်မာ့ရိုးရာလက်ဝှေ့ကျော် စိုးလင်းဦးသည် ကရင်ပြည်နယ်တွင် ကားတိမ်းမှောက်၍ ဒဏ်ရာရရှိခဲ့ကြောင်း လက်ဝှေ့နှင့်နီးစပ်သည့် အသိုင်းအဝိုင်းက ပြောသည်။ နိုဝင်ဘာ ၃၀ရက် ညနေပိုင်းက တောင်ကုန်းပေါ်ကအဆင်း ကားဘရိတ်ပေါက်၍ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း စိုးလင်းဦးက လူမှုကွန်ယက်မှတဆင့် ပရိသတ်များအား အသိပေးခဲ့သည်။ သို့သော် ယာဉ်တိမ်းမှောက်သည့်နေရာကိုမူ ဖော်ပြထားခြင်း မရှိပေ။ “မနေ့ညနေက ကျွန်တော်တစ်ယောက်ထဲ တောင်ကုန်းပေါ်ကအဆင်းကားဘရိတ် မမိတော့လို့ ကားနဲ့အတူ တောင်ကုန်းပေါ်ကနေ အောက်ထိလိမ့်ကျခဲ့ပါတယ်။ ဘုရားပေးတဲ့အသက်ပဲ ကျန်ပါတော့တယ်”ဟု စိုးလင်းက အသိပေးထားသည်။ အဆိုပါ ကားတိမ်းမှောက်မှု ဒဏ်ရာကြောင့် လာမည့် ဇန်နဝါရီအတွင်း ထိုင်းနိုင်ငံတွင် ထိုးသတ်မည့် One Championship ပွဲစဥ်ကို လွဲချော်မည် ဖြစ်ကြောင်း စိုးလင်းဦးက ဆိုသည်။ “ရှေ့လပွဲကတော့ ကျွန်တော့်အခြေအနေကြောင့် မထိုးနိုင်သေးပါဘူး။ ဆုတောင်းပေးကြတဲ့သူ ကူညီပေးကြတဲ့သူ အယောက်စီတိုင်းကို ကျေးဇူးတင်ပါတယ်”ဟု ၎င်းက ဆိုသည်။ မြန်မာ့လက်ဝှေ့ကျော်စိုးလင်းဦးသည် One Championshipက ကျင်းပသည့် မွေထိုင်းပြိုင်ပွဲများတွင် ဝင်ရောက်ထိုးသတ်နေပြီး ပွဲစဥ် (၄)ပွဲ ထိုးသတ်ခဲ့ရာ (၃)ပွဲနိုင် (၁)ပွဲရှုံးရလဒ်ပိုင်ဆိုင်ထားသည်။ ဓာတ်ပုံ – စိုးလင်းဦး (ဒို့ရိုးရာ)