Subscribe to Updates
Get the latest creative news from FooBar about art, design and business.
What's Hot
Author: Ka K
ရန်ကုန်၊နိုဝင်ဘာ ၂၆ နေပြည်တော် MICC 2 အဆောက်အအုံတွင် စစ်ဗိုလ်ချုပ်အသိုင်းအ၀ိုင်းမှ သားသမီး မင်္ဂလာဆောင်ကျင်းပနေချိန် တော်လှန်ရေးတပ်များက ကာမီကာဇေအသေခံဒရုန်းများဖြင့် ဗုံးကျဲတိုက်ခိုက်သဖြင့် လုံခြုံရေးအစောင့် ရဲနှင့်စစ်သားတချို့ ထိခိုက်ဒဏ်ရာရပြီး သေဆုံးမှုတချို့ရှိနိုင်ကြောင်း သိရှိရသည်။ ယမန်နေ့ နိုဝင်ဘာလ ၂၅ ရက်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်ဝန်းကျင်အချိန် နေပြည်တော် MICC 2 အဆောက်အအုံတွင် စစ်ကောင်စီတပ်မှ ဗိုလ်ချုပ် အသိုင်းအ၀ိုင်းက သားသမီး မင်္ဂလာဆောင်ကျင်းပနေချိန် အသေခံဒရုန်းများဖြင့် ဗုံးကျဲတိုက်ခိုက်မှုဖြစ်ပွားခြင်းဖြစ်ကြောင်း ၊ အဆိုပါ မင်္ဂလာဆောင်သို့ စစ်တပ်နှင့်ရဲများက လုံခြုံရေးယူခဲ့ကြောင်း၊ အဆိုပါ မင်္ဂလာဆောင်စောင့် လုံခြုံရေး ရဲနှင့်စစ်သားများကို အသေခံဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲံခြင်းဖြစ်ကြောင်း သိရှိရသည်။ “မနေ့ မနက် ၁၀ နာရီဝန်းကျင်လောက်မှာ MICC 2 ဘက်ကနေ ပေါက်ကွဲသံလိုကြားရတာမျိုးတယ်လို့ အဲဒီအနားမှာ နေသူတွေက ပြောတယ်။ စစ်တပ်ဘက်သတင်းတွေ ဖုံးထားတော့ သတင်းက လိုက်မေးရတာ ခက်နေပေမယ့် အခုနောက်ဆုံး စစ်သားနဲ့ရဲ တချို့ ဒရုန်း ဗုံးထိမှန်တယ်လို့ သိရတယ်။ သေဆုံးမှုရှိနိုင်တယ်” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောဆိုသည်။ စစ်တပ်ထောက်ခံသော လော်ဘီတယ်လီဂရန်ချန်နယ်များတွင် နိုဝင်ဘာလ ၂၅ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန် နေပြည် တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဇေယျသိဒ္ဓိရပ်ကွက်၊ ညွှန်ကြားရေးမှူးချုပ် အိမ်ရာအတွင်းတွင် ဒရုန်းတစ်စီး ပျက်ကျနေကြောင်း သတင်းဖော်ပြထားသည်။ “ဒရုန်းမှာ ဗုံးမပါတော့ဘူး။ ဒီအတိုင်း ပျက်ကျနေတာတွေ့တယ်။ MICC…
အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (တပ်ရင်း) များနှင့် မြို့နယ်အလိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) များ အမိန့်တခုတည်းအောက်တွင် ပူးပေါင်း၍ တိုက်ပွဲဝင်နိုင်ရန် ထားဝယ်ခရိုင်တပ်ပေါင်းစုကို ဖွဲ့စည်းလိုက်ကြောင်း သိရသည်။ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ ထားဝယ်ခရိုင် အမှတ် (၁) တပ်ရင်း ၊ အမှတ် (၂)တပ်ရင်း နှင့် ထားဝယ်မြို့နယ် ၊ သရက်ချောင်းမြို့နယ် ၊ လောင်းလုံးမြို့နယ် ၊ ရေဖြူမြို့နယ်များ၏ မြို့နယ်အလိုက် ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ပကဖ) များ ပူးပေါင်း၍ ထားဝယ်ခရိုင် တပ်ပေါင်းစုကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၂၈)ရက်နေ့တွင် စတင်ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။ ထားဝယ်ခရိုင် တပ်ပေါင်းစုကို ထားဝယ်ခရိုင်အတွင်းရှိ လက်နက်ကိုင် တော်လှန်ရေးအင်အားစုများ အားလုံးနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရန် ၊ အမိန့်တခုတည်းအောက်တွင် ပူးပေါင်းတိုက်ပွဲဝင်နိုင်ရန် ၊ ဘုံရန်သူကို စုပေါင်းအားဖြင့် တွန်းလှန်တိုက်ခိုက်ရန်နှင့် တူညီသောဘုံရည်မှန်းချက်အတိုင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ဖွဲ့စည်းတည်ထောင်ခြင်းဖြစ်သည်ဟု ဆိုသည်။ ထားဝယ်ခရိုင် တပ်ပေါင်းစုကို ထားဝယ်ခရိုင်အတွင်းရှိ လက်နက်ကိုင် တော်လှန်ရေးအင်အားစုများ ၊ ဒေသအခြေပြု လက်နက်ကိုင်အင်အားစုများ ( Local PDF ) ၊ ထောက်ပို့အင်အားစုများ ၊ နိုင်ငံရေး အင်အားစုများ ၊ သက်ဆိုင်ရာ ကဏ္ဍအလိုက် အင်အားစုများ ၊ သတင်းမီဒီယာ ကွန်ယက်များအားလုံးနှင့် ပူးပေါင်းပြီး စစ်အာဏာရှင်ဖြုတ်ချရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ် ဖော်ဆောင်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။…
မြန်မာပြည်တဝှမ်းလုံးတွင် စစ်ရေးရှုံးနိမ့်လာသည့် စစ်ခေါင်းဆောင်က တိုင်းရင်းသား လက်နက်ကိုင်များကို ထာဝရငြိမ်းချမ်းရေးတည်ဆောက်ရမည့်အချိန်ဖြစ်သည်ဟု ယနေ့ ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၂၅)ရက်နေ့တွင် ပြုလုပ်သည့် အမျိုးသားနေ့အောင်ပွဲတွင် ပြောသည်။ စစ်ကောင်စီအာဏာသိမ်းပြီး(၃)နှစ်ကျော်ကြာတွင် တော်လှန်ရေးတပ်များသည် မြို့ ပေါင်း(၈၀)ကျော်ကို သိမ်းယူထားနိုင်နေပြီး မြို့သိမ်းတိုက်ပွဲများ ဆက်လက်လုပ်ဆောင်နေချိန် စစ်ခေါင်းဆောင်က ယခုကဲ့သို့ပြောဆိုလာခြင်းဖြစ်သည်။ စစ်ခေါင်းဆောင်၏ သဝဏ်လွှာတွင် “ယခုအချိန်သည် တိုင်းရင်းသား ညီအစ်ကို မောင်နှမ အချင်းချင်း ယုံမှားသံသယကင်းရှင်းပြီး မလိုလားအပ်သည့် အယူဝါဒများပယ်ဖျောက်ကာ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ယုံကြည်လေးစား ချစ်ခင်မှုများဖြင့် ပါဝင်လက်တွဲ၍ ထာဝရငြိမ်းချမ်းရေးတည်ဆောက်ရမည့် အချိန်ဖြစ်သည်။”ဟုပါရှိသည်။ အပြောနှင့် အလုပ်မညီသည့် စစ်ခေါင်းဆောင်သည် သဝဏ်လွှာတွင် ငြိမ်းချမ်းရေးတည်ဆောက်ရန်၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုစနစ်ကို တည်ဆောက်ရန် ပြောဆိုထားသော်လည်း လက်တွေ့တွင် မြို့ရွာများကို လေကြောင်းမှ ဗုံးကြဲခြင်း၊ လက်နက်ကြီးနှင့် ပစ်ခတ်ခြင်း၊ အရပ်သားများကို ဖမ်းဆီးသတ်ဖြတ်ခြင်းနှင့် နေအိမ်များကို မီးရှို့ခြင်းများ ဆက်တိုက်ပြုလုပ်နေခြင်းဖြစ်သည်။ “တိုင်းရင်းသားအချင်းချင်း အပြန်အလှန်လေးစားခြင်း၊ နားလည်စာနာခြင်းတို့ဖြင့် တစ်ဦးနှင့်တစ်ဦးအကြား ပူးပေါင်းဆောင်ရွက်မှုများဖြစ်ပေါ်စေပြီး နားလည်မှုလွဲမှားခြင်းနှင့် ပဋိပက္ခများ လျှော့ချကာ တွေ့ဆုံဆွေးနွေးခြင်းဖြင့် ဖြေရှင်းနိုင်သည်။”ဟုလည်း စစ်ခေါင်း က ကမ်းလှမ်းလာသည်။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် မဖြေရှင်းဘဲ လက်နက်ကိုင်၍ ဖြေရှင်းနေမည်ဆိုက လွတ်လပ်သော်လည်း မငြိမ်းချမ်းသည့်အခြေအနေကို ပေါ်ပေါက်စေမည်ဖြစ်သည်ဟု စစ်ခေါင်းဆောင်က ခြိမ်းခြောက်ပြောဆိုသည်။ စစ်ခေါင်းဆောင်၏ ကမ်းလှမ်းချက်တွင် တိုင်းရင်းသားလက်နက်ကိုင်များသာပါဝင်ပြီး NUG နှင့် ပြည်သူ့ကာကွယ်ရေးတပ်များကို ကမ်းလှမ်းချက် ပါဝင်ခြင်းမရှိသည်ကို တွေ့ရသည်။ အမျိုးသားညီညွတ်ရေးအစိုးရနှင့် ပြည်သူ့ကာကွယ်ရေးတပ်များကို ဖြုတ်ချလိုသည့် စစ်ခေါင်းဆောင်သည် ပြည်သူ့ကာကွယ်ရေးတပ်များကို ကြောထောက်နောက်ခံပြုပေးထားသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်များအား ငြိမ်းချမ်းရေးဆွေးနွေးလိုနေခြင်းဖြစ်ပြီး ဆွေးနွေးပွဲအထမြောက်မြောက်ပါက…
နယ်မြေပေါ်အခြေစိုက်ထားတဲ့ စခန်းတွေ ဖယ်ခိုင်းလို့ ထိုင်းစစ်တပ်နဲ့ UWSA တို့ စစ်ရေးတင်းမာ ထိုင်း-မြန်မာနယ်စပ် မယ့်ဟောင်ဆောင်နယ်စပ်စည်းနား ထိုင်းစစ်တပ်နဲ့ “၀” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) တို့ နိုဝင်ဘာ ၂၅ ရက်နေ့မှာ နယ်မြေပြဿနာကြောင့် အတင်းမာဆုံးအခြေအနေရောက်ရှိနေပြီး UWSA ဘက်က လက်နက်ကြီးတွေ တပ်ဆင်ပြီး တိုက်ခိုက်ဖို့ အသင့်ပြင်ထားကြောင်း ထိုင်း Khaosod မီဒီယာက ဖော်ပြပါတယ်။ မြန်မာပြည်က တိုင်းရင်းသားလက်နက်ကိုင်တွေထဲ အင်အားအကြီးမားဆုံး တပ်ဖြစ်တဲ့ UWSA မယ့်ဟောင်ဆန် အနီး Doi Nong Luang နဲ့ Doi Hua Ma နေရာတွေအပြင် တခြား နေရာ ၅ ခုမှာ စစ်စခန်းတွေ အခြေချထားတာကို ထိုင်းဘက်က သူတို့နိုင်ငံပိုင်နက်ထဲ လာရောက် အခြေချထားတယ်လို့ စွပ်စွဲပြီး တပ်တွေအားလုံး ဖယ်ရှား ပေးဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။ ဒီအငြင်းပွားမှုပြဿနာဟာ ဆယ်စုနှစ် တစ်ခုနီးပါးကြာမြင့်ခဲ့ပြီး နိုဝင်ဘာ ၁၈ နဲ့ ၁၉ ရက်တွေမှာ UWSA ထိပ်တန်းအရာရှိတွေနဲ့ ထိုင်းတော်ဝင်စစ်တပ်အရာရှိတွေ ချင်းမိုင်မှာ တွေ့ဆုံလို့ မူးယစ် ဆေးပြဿနာ၊ နယ်မြေကျူးကျော်မှုနဲ့ မှောင်ခိုမှုတွေ တိုက်ဖျက်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။ ထိုင်းဘက်က ဒီဇင်ဘာ ၁၈ မတိုင်ခင် UWSA အထိုင်ချထားတဲ့ တပ်နေရာ ၇ နေရာကနေ ဆုတ်ခွာဖို့ သတိပေးခဲ့ပြီး UWSA တာဝန်ရှိသူတွေက ပန်ဆန်းက ဌာနချုပ်ကို တင်ပြပြီး အကြောင်းပြန်မယ်လို့ ပြန်ကြားခဲ့ပါတယ်။ နိုဝင်ဘာ ၂၀ ရက်မှာ…
စစ်ကောင်စီအသက်ဆက်နိုင်ရေးအတွက် ဘီလီယံချီသည့်ယွမ်ငွေများ အကူအညီပေးရန် တရုတ်အစိုးရက ပြင်ဆင်နေကြောင်း ပေါက်ကြားလာသည့် စာရွက်စာတမ်းများအရ သိရသည်။ စစ်ကောင်စီအသက်ဆက်နိုင်ရေးအတွက် ယွမ်ငွေ ဘီလီယံချီသည့် အကူအညီပေးရန် တရုတ်အစိုးရက ပြင်ဆင်နေကြောင်း ပေါက်ကြားလာသည့် စာရွက်စာတမ်းများအရ သိရသည်။ Myanmar Now က ရရှိသည့် စစ်ကောင်စီ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာနတွင်း စာရွက်စာတမ်းများအရ သန်းခေါင်စာရင်းကောက်ယူရေးအပါအဝင် တရုတ်ယွမ်ငွေ ၁ ဘီလီယံခန့် (အမေရိကန်ဒေါ်လာ ၁၃၀ သန်းကျော်) ကုန်ကျမည့် စီမံကိန်းအခု ၂၀ ကို တရုတ်အစိုးရပေးမည့် အကူအညီဖြင့်လည်ပတ်မည်ဟုဆိုသည်။ နှစ်ဖက်ဆွေးနွေးမှုသည် နိုဝင်ဘာလဆန်းတွင်စတင်ခဲ့ပြီး မကြာသေးမီက စစ်ခေါင်းဆောင်၏ တရုတ်ခရီးစဉ်အတွင်း ထိုစီမံကိန်းများကို သဘောတူခဲ့ကြောင်း နားလည်ရသည်။ စစ်ကောင်စီဘက်ကတောင်းဆိုသည့် နောက်ထပ်စီမံကိန်း ၇၇ ကိုလည်း အကူအညီပေးရန် တရုတ်နှင့်စစ်ကောင်စီတို့ အကြား ဆွေးနွေးဖွယ်ရှိကြောင်း ပေါက်ကြားလာသည့်မှတ်တမ်းများအ ရသိရသည်။ ထိုအထဲတွင် ရာနှင့်ချီသည့် ရဲကားများ၊ စစ်ဆေးရေးဂိတ်များတွင် မျက်နှာသွင်ပြင်မှတ်တမ်းတိုက်ဆိုင် စစ်ဆေးသည့်စနစ်များ အကူအညီပေးရန်လည်း ပါဝင်သည်။ စီမံကိန်းအားလုံးအတွက် တရုတ်၏အကူအညီသည် ယွမ်ငွေ ၄ ဘီလီယံ( အမေရိကန်ဒေါ်လာသန်း ၅၅၀ ကျော်) အထိရှိကြောင်း Myanmar Now ကရရှိသည့် စာရွက်စာတမ်းများတွင် ရေးသားထားသည်။ ၂၀၂၀ ဇန်နဝါရီလအတွင်းက တရုတ်သမ္မတရှီကျင့်ဖျင် နေပြည်တော်သို့ရောက်လာပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD အစိုးရထိပ်ပိုင်းခေါင်းဆောင်များနှင့်တွေ့ဆုံခဲ့ပြီးနောက် မြန်မာနိုင်ငံကို သုံးနှစ်အတွင်း ယွမ်ငွေ ၄ ဘီလီယံ အကူအညီပေးမည်ဟု သဘောတူခဲ့သည်။ စစ်ကောင်စီအတွက်တရုတ်၏အကူအညီသည် ထိုသဘောတူချက်အရ ပေးခြင်း ဟုတ်မဟုတ် ရှင်းရှင်းလင်းလင်းမသိရသေးပေ။ သန်းခေါင်စာရင်းအပါအဝင် ကနဦးစီမံကိန်း ၂၀…
Yangon Army အဖွဲ့တစ်နှစ်ပြည့် အထိမ်းအမှတ် ပြည်သူများကိုလက်ဆောင်ပေးသည့် အနေဖြင့် ရန်ကုန်မြို့ မှော်ဘီမြို့နယ်ရှိစစ်ကောင်စီလက်အောက် ခံ မြဝတီအသံလွှင့်ဌာနကို ၄၀ မမ သုံးလုံးဖြင့်တိုက်ခိုက်ခဲ့ကြောင်း ယင်းအဖွဲ့မှ တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။ “တစ်လုံးကဂိတ်နားကျတယ်။ နှစ်လုံးက အထဲထိရောက်တယ်” ဟု ၎င်းကပြောသည်။ အဆိုပါစစ်ဆင်ရေးကို နိုဝင်ဘာ ၂၁ ရက် ညနေ ၅ နာရီ အချိန်ခန့်တွင် M79 လက်နက်ကြီးဖြင့်၄၀မမ (၃)လုံး ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။ Yangon Army အဖွဲ့ကို နိုဝင်ဘာ ၁၀ ရက် ၂၀၂၃ တွင် စတင်ခဲ့ခြင်းဖြစ်ပြီး တစ်နှစ်အတွင်း မစ်ရှင် နှစ်ဆယ်ကျော် ပြုလုပ်နိုင်ခဲ့သည်ဟု အထက်ပါတာဝန်ရှိသူကပြောသည်။ “အရင်နှစ်ကထက်၂ဆပိုပြီးတိုက်ခိုက်သွားမယ်လို့ဘဲပြောချင်ပါတယ်..။ရန်ကုန်သားတွေကိုယ့်အိမ်ကိုပြန်ချင်ကြပြီဗျာ” ဟု ၎င်းကပြောသည်။ Yangon Army အနေဖြင့် စစ်ကောင်စီ မပြုတ်မချင်း အခြားပစ်မှတ်ကြီးများကိုဆက်လက်တိုက်ခိုက်မည်ဖြစ်ပြီး ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့် ပတ်သက်သောနေရာများကို ရှောင်ကြရန် သတိပေးထားသည်။ (ရန်ကုန်မြို့ ၊မှော်ဘီမြို့နယ်ရှိ စစ်တပ်ပိုင်မြဝတီ အသံလွှင့်ဌာနထံ အာဏာသိမ်းခေါင်းဆောင် ၂၀၂၃ စက်တင်ဘာလ ၆ ရက်တွင်သွားရောက် ကြည့်ရှုစဥ်။ဓါတ်ပုံ- မြဝတီ ) ဆက်လက်ဖတ်ရှုရန်
ရန်ကုန်၊ နိုဝင်ဘာ ၂၁ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ခြောက်အိမ်စုရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို KNDO၊ PDF ပူးပေါင်း တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်ရာ ခလရ ၈၄ တပ်ရင်းမှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦး သေဆုံးခဲ့ကြောင်း KNDO တပ်ခွဲ ၄မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ နိုဝင်ဘာလ ၁၉ ရက်နေ့ မွန်းလွဲ ၃ နာရီ ၁၁ မိနစ်ခန့်အချိန် ပျဉ်းမနားမြို့နယ်အတွင်းရှိ ခြောက်အိမ်စု ကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို KNDO၊ PDF ပူးပေါင်း တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ယင်းတိုက်ခိုက်မှု အတွင်း ထိတွေ့ တိုက်ပွဲသည် ၄၅ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်တပ်၏ ခလရ ၈၄ တပ်ရင်းမှ ဒုဗိုလ်မူးကြီး အဆင့်ရှိသူ ၁ ဦး အပါအဝင် ၈ ဦး သေဆုံးခဲ့ပြီး အများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် တိုက်ပွဲအတွင်း NPT-PDF တပ်ရင်း ၈၀၆ မှ ရဲဘော် ၁ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။ အဆိုပါ တိုက်ခိုက်မှု အထူးတပ်ရင်း KNDO တပ်ခွဲ ၄ (KNU ၊ KNLAတပ်မဟာ ၂)…
ရန်ကုန်၊ နိုဝင်ဘာ ၂၁ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ခြောက်အိမ်စုရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို KNDO၊ PDF ပူးပေါင်း တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်ရာ ခလရ ၈၄ တပ်ရင်းမှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦး သေဆုံးခဲ့ကြောင်း KNDO တပ်ခွဲ ၄မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ နိုဝင်ဘာလ ၁၉ ရက်နေ့ မွန်းလွဲ ၃ နာရီ ၁၁ မိနစ်ခန့်အချိန် ပျဉ်းမနားမြို့နယ်အတွင်းရှိ ခြောက်အိမ်စု ကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို KNDO၊ PDF ပူးပေါင်း တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ယင်းတိုက်ခိုက်မှု အတွင်း ထိတွေ့ တိုက်ပွဲသည် ၄၅ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်တပ်၏ ခလရ ၈၄ တပ်ရင်းမှ ဒုဗိုလ်မူးကြီး အဆင့်ရှိသူ ၁ ဦး အပါအဝင် ၈ ဦး သေဆုံးခဲ့ပြီး အများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် တိုက်ပွဲအတွင်း NPT-PDF တပ်ရင်း ၈၀၆ မှ ရဲဘော် ၁ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။ အဆိုပါ တိုက်ခိုက်မှု အထူးတပ်ရင်း KNDO တပ်ခွဲ ၄ (KNU ၊ KNLAတပ်မဟာ ၂) နှင့်…
ရန်ကုန်၊ နိုဝင်ဘာ ၂၀ တရုတ်-မြန်မာနယ်စပ် ကန်ပိုက်တီးမြို့ကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များ ဝင်ရောက်တိုက်ခိုက်နေ (ရုပ်/သံ) ကချင်ပြည်နယ်၊ စစ်ကောင်စီလက်အောက်ခံ ဇခုန်တိန့်ယိန်း ထိန်းချုပ်ထားသော တရုတ်-မြန်မာနယ်စပ်မြို့ ဖြစ်သည့် ကန်ပိုက်တီမြို့ကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက ယနေ့ ညနေ ၅ နာရီအချိန်တွင် အပြီး သတ်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်မှစတင်၍ KIA ဦးဆောင်သော တော်လှန်ရေးတပ်များက ကန်ပိုက်တီမြို့ကို စတင်တိုက်ခိုက်ခြင်းဖြစ်ပြီး ညနေ ၅ နာရီအချိန်တွင် မြို့ကို အပြီးသတ်သိမ်းပိုက်လိုက်ခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်များနှင့် စစ်ကောင်စီလက် အောက်ခံ ဝန်ထမ်းများအားလုံး တရုတ်နိုင်ငံထဲသို့ ထွက်ပြေး သွားကြောင်း သိရှိရသည်။ “ကန်ပိုက်တီမြို့ကို ညနေ ၅ နာရီမှာ ကျနော်တို့ သိမ်းပိုက်လိုက်ပါပြီ။ ပြည်သူ့ စစ်တွေ စစ်သားတွေ ဝန်ထမ်းတွေ တရုတ်ထဲကို အကုန် ထွက်ပြေးကြပါတယ်” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။ တရုတ်နိုင်ငံက ကန်ပိုက်တီမြို့ကို တိုက်ခိုက် သိမ်းပိုက်ခြင်းမပြုရန် ဖိအားပေးနေသည့်ကြားမှာ KIA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်း ပိုက်လိုက်ခြင်းဖြစ်သည်။ ကန်ပိုက်တီသည် စစ်တပ်လက်အောက်ခံ ကချင်အထူးဒေသ ၁ တွင် နောက်ဆုံး ကျန်ရှိနေသော မြို့ဖြစ်ပြီး KIA ဦးဆောင်သော တော် လှန်ရေးတပ်များက ကန်ပိုက်တီမြို့ကို သိမ်းပိုက်လိုက်သဖြင့်…