Author: Ka K

ကျိုက်ထိုနှင့် မကွေး မြို့နယ်တို့တွင် စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူမှုကို အားပေးကူညီသူများကို ထိရောက် စွာ အရေးယူမည်ဟု တော်လှန်ရေး အင်အားစုများ အသိပေး မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်နှင့် မကွေးတိုင်း မကွေးမြို့နယ်တို့တွင် အကြမ်းဖက် စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူမှုကို အားပေးကူညီသူများကို ထိရောက်စွာ အရေးယူမည်ဟု တော်လှန်ရေး အင်အားစုများက အသိပေးထုတ်ပြန်လိုက်သည်။ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလတွင် ကျင်းပခဲ့သော ရွေးကောက်ပွဲ၌ တစ်နိုင်ငံလုံးရှိ ပြည်သူများမှ ဆန္ဒမဲပေး ခဲ့ပြီး အစိုးရသစ်အား ရွေးချယ်ခဲ့ပြီးဖြစ်သော်လည်း လက်နက်အားကိုးဖြင့် မတရား အကြမ်းဖက် အာ ဏာသိမ်းခဲ့သော စစ်ကောင်စီက ယခုတဖန် ရွေးကောက်ပွဲကျင်းပရန် ကြိုးစားအားထုတ်လာခဲ့ပြီး ထိုသို့ မတရားသည့် ရွေးကောက်ပွဲကျင်းပရန် လုပ်ဆောင်မှုကို ကျိုက်ထိုတော်လှန်ရေး အင်အားစု (KRF) အဖွဲ့အနေဖြင့် လုံးဝ (လုံးဝ) လက်မခံကြောင်း ထုတ်ပြန်ထားသည်။ တစ်နိုင်ငံလုံးကို စစ်ကျွန်ဇာတ်သွင်းပြီး အရပ်သားပြည်သူများ၏ အိုးအိမ်၊ စည်းစိမ်များအပြင် အသက် အန္တရာယ်ကိုပါ ထိခိုက်ဆုံးရှုံးစေသည့် တိုက်ခိုက်မှုများ၊စာသင်ကျောင်းများနှင့်ဘာသာရေးအဆောက် အုံများပါမကျန် လေကြောင်းမှ တိုက်ခိုက်မှုများ၊ မုဒိမ်း၊ လူသတ်၊ ပစ္စည်းလုယက်မှုများ အစရှိသည့် စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်းကျူးလွန်နေသော စစ်ကောင်စီမှ ရွေးကောက်ပွဲကျင်းပ မည်ဟု ဆိုသည်မှာ ၎င်းတို့၏ အကျိုးစီးပွားကို ကာကွယ်ရန် နှင့် ၎င်းတို့၏ အာဏာ သက်ဆိုးရှည်စေ ရန် ကြိုးစားအားထုတ်မှုဟု သတ်မှတ်ကြောင်း ကျိုက်ထိုတော်လှန်ရေး အင်အားစု – KRF က ပြော ကြားသည်။ သို့ဖြစ်ပါ၍ အဆိုပါ…

Read More

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ထဲက စစ်ကောင်စီတပ် စစ်ကြောင်းတစ်ခုကို မနေ့ စက်တင်ဘာလ ၃၀ရက်၊ နေ့လည်ပိုင်းက တော်လှန်ရေးအင်အားစုတွေ ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှာ စစ်ကြောင်းတစ်ခုလုံးနီးပါး ပျက်သုဉ်းတဲ့အထိ တိုက်ခိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် နခမ နဲ့ မိုင် ၂၀လောက်သာ ကွာဝေးတဲ့ ဘုတလင်မြို့နယ်ထဲက အင်အား ၈၀လောက်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဘုတလင်၊ ယင်းမာပင်၊ ကနီ၊ ဒီပဲယင်းနဲ့ အရာတော်အခြေစိုက် တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။ အဲ့ဒီ ကြားဖြတ်တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၅၀လောက်ကို အရှင်ဖမ်းမိပြီး၊ အယောက် ၂၀လောက် သေဆုံးခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေဆီကနေ သိရပါတယ်။ မနေ့က တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ 96 Soldiers အညာဒေသတပ်ဖွဲ့ရဲ့ ဒုတိယစစ်ရေးတာဝန်ခံ ပြောတာကတော့ နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ စည်းလုံးညီညွတ်မှုကြောင့် အခုလိုအောင်မြင်မှုရခဲ့တာလို့ ဆိုပါတယ်။ အခု တိုက်ခိုက်ခံရတဲ့ စစ်ကြောင်းဟာ စက်တင်ဘာလ တတိယပတ်အတွင်းမှာ ဘုတလင်မြို့ကနေတစ်ဆင့် ကူတော်ရွာက စစ်ကောင်စီအထိုင်စခန်းကို စစ်ကူအင်အား လာရောက်ဖြည့်တင်းခဲ့တဲ့ စစ်ကြောင်းဖြစ်ပါတယ်။ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ အရပ်သားတချို့က သတ်ဖြတ်ခဲ့သလို နေအိမ်တွေကို မီးရှို့ဖျက်ဆီးမှုတွေ ကျူးလွန်ခဲ့တဲ့ စစ်ကြောင်းဖြစ်တယ်လို့လည်း တော်လှန်ရေးအင်အားစုတွေဘက်က ပြောပါတယ်။

Read More