Author: Ka K

အင်ကြင်း/People’s Spring မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် စစ်ကောင်စီက ၎င်းတို့ထိန်းချုပ်ထားသည့် နေရာအချို့၌သာ သန်းခေါင်စာရင်းကောက်နိုင်ပြီး PDFထိန်းချုပ်နယ်မြေသို့ စာရင်းလာကောက်ပါက သက်ညှာမည်မဟုတ်ကြောင်း Myingyan Black Tiger(MBT)တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောသည်။ အာဏာသိမ်းစစ်ကောင်စီက အောက်တိုဘာ ၁ ရက်ကစ၍ သန်းခေါင်စာရင်းကောက်ယူနေရာ မြင်းခြံမြို့နယ်တွင် မြို့ပေါ်နှင့်စစ်ကောင်စီထိန်းချုပ်ရာ ကျေးရွာအချို့၌သာ သန်းခေါင်စာရင်းကောက်နိုင်ကြောင်း၊ အကယ်၍ PDF စိုးမိုးနယ်မြေသို့ သန်းခေါင်စာရင်းလာကောက်ပါက သက်ညှာမည်မဟုတ်ကြောင်း Myingyan Black Tiger(MBT)တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောသည်။ “မြင်းခြံမြို့ထဲမှာ သန်းခေါင်စာရင်းကောက်တယ်။ မြင်းခြံမြို့နယ်ထဲမှာ စစ်အုပ်စုစိုးမိုးတဲ့ ဥပမာပျူစခန်းနှစ်ခုကြားက ရွာတွေပေါ့။အဲလိုရွာမျိုးတွေသန်းခေါင်စာရင်းကောက်တယ်။ PDFစိုးမိုးထိန်းချုပ်ထားတဲ့နေရာတွေတော့ သန်းခေါင် စာရင်းကောက်တာမရှိသေးဘူး။ ဒါပေမယ့်သန်းခေါင်စာရင်းလာကောက်မယ်ဆိုပြီး အသံကြားတယ်။ အဲဒီအချိန်ကျရင် ကျွန်တော်တို့ကမတရားဖြစ်မှာစိုးလို့ ခုကတည်းကစာထုတ်ပြန်ထားတာ။ တကယ်လို့လာကောက်ခဲ့လို့ရှိရင် ကျွန်တော်တို့အဆိုးမဆိုနဲ့။ ကျွန်တော်တို့အနေနဲ့သက်ညှာမှာမဟုတ်ဘူးဆိုပြီးထုတ်ပြန်တာပါ။”ဟု ဗိုလ်မိုက်ခဲက ဆိုသည်။ ထို့အပြင် မြင်းခြံခရိုင်အတွင်းရှိ မြို့၊ရွာများတွင် စစ်ကောင်စီ၏ သန်းကောင်စာရင်း ကောက်ယူခြင်းကို ကူညီလုပ်ဆောင်ပေးနေသော မည်သူ့ကိုမဆို ပြင်းထန်စွာ အရေးယူသွားမည်ဟု MBT တပ်ဖွဲ့က သတိပေးထားသည်။ စစ်ကောင်စီက သန်းခေါင်စာရင်းကောက်ယူမှုလုပ်ငန်းများအား ၎င်းတို့ထိန်းချုပ်ထားနိုင်သည့် မြို့ပေါ်အချို့သာ ပြုလုပ်နိုင်ပြီး လာရောက်ကောက်ယူသူ စစ်ကောင်စီ၏ Non CDM ဝန်ထမ်းများမှာလည်း အကြောက်တရားများဖြင့် ကောက်ယူနေရသည်ဟု မန္တလေးမြို့ပေါ်နေထိုင်သူအချို့က ပြောသည်။ ထို့အပြင် ဒေသအသီးသီး၌ စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းစဥ်များအား ပါဝင်ပတ်သက်ခြင်းမပြုရန် ကာကွယ်ရေးအဖွဲ့များက သတိပေးထားပြီး ဒေသအချို့၌ သန်းခေါင်စာရင်းကောက်ယူရာတွင်ပါဝင်သူများနှင့်ယာဥ်တန်းများအားတိုက်ခိုက်ခြင်း၊ ဖမ်းဆီးခြင်းများလည်း ပြုလုပ်နေသည်။ (ပဲခူးတိုင်းရှိ ကျေးရွာတစ်ရွာ၌ သန်းခေါင်စာရင်းကောက်နေသော စစ်အုပ်စုအား တွေ့ရစဥ်။ဓာတ်ပုံ-CJ)

Read More

ရန်ကုန်၊ အောက်တိုဘာ ၁၁ အကြမ်းဖက်စစ်ကောင်စီက ရခိုင်-မြန်မာ တေးသံရှင် မဆုမြတ်ထက်ကို ဖမ်းဆီးထားပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ်ကာ မရမ်းကုန်းစစ်ကြောရေးတွင် စစ်ဆေးနေကြောင်း စုံစမ်းသိရှိရသည်။ အောက်တိုဘာ ၇ ရက် မွန်းလွဲ ၁ နာရီအချိန် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မဆုမြတ်ထက်ကို ရန်ကုန် တာမွေမြို့ရှိ နေအိမ်မှဖမ်းဆီးသွားပြီး လက်ရှိ မရမ်းကုန်းမြို့နယ် ၈ မိုင်ရှိ စစ်ကောင်စီ တပ်စခန်း စစ်ကြောရေးတွင် စစ်ဆေးခံနေရကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ “မဆုမြတ်ထက်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်ထားတယ်လို့ သိရတယ်။ ဘယ်ပုဒ်မနဲ့ဆိုတာကတော့ မသိရသေးဘူး။ မရမ်းကုန်းမြို့နယ် ၈ မိုင်က စစ်ကောင်စီ စစ်တပ်စခန်း စစ်ကြောရေးမှာ စစ်ဆေးခံနေရပါတယ်။ အခုထိ အိမ်ပြန်မရောက်သေးဘူး။ သမီးသတင်းကြောင့် မိခင်ဖြစ်သူဟာ အိပ်ရာထဲလဲပြီး စိုးရိမ်သောက ရောက်နေပါတယ်။ ” ဟု မိသားစုနှင့်နီးစပ်သူက ပြောသည်။ မဆုမြတ်ထက် သည် ပြည်ပရှိအဖွဲ့တစ်ခု၏ ဖေ့စ်ဘုတ်လူမှုကွန်ရက်အကောင့်တွင် Admin ဖြစ်နေခြင်း၊ ယင်းလူမှုကွန်ရက်အကောင့်မှ ဆုမြတ်ထက်ထံသို့ ငွေကျပ် သိန်း ၄၅၀၀ လွှဲထားခြင်း၊ အကြမ်းဖက်အဖွဲ့ကို ငွေကြေးထောက်ပံ့မှုရှိသည်ဟု စသဖြင့် စစ်ကောင်စီက စွပ်စွဲကာ အမှုဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ သို့သော်လည်း စစ်ကောင်စီ၏ စွပ်စွဲချက်များအားလုံးကို မဆုမြတ်ထက်က ငြင်းဆိုထားပြီး အကြမ်းဖက်မှုဥပဒေဖြင့် အမှုဖွင့်လှစ်ထားခြင်းကိုလည်း လက်မခံဟု ထွက်ဆိုထားကြောင်း ခိုင်လုံသော သတင်းရင်းမြစ်က ပြောသည်။ “စစ်ကောင်စီ စွပ်စွဲတဲ့ ငွေကျပ် သိန်း ၄၅၀၀ လွှဲလို့ရှိတယ်ဆိုတာကို ဆုမြတ်ထက်က လက်မခံဘူးလို့ ထွက်ဆိုထားတယ်လို့…

Read More

မြန်မာနိုင်ငံတွင် စွက်ဖက်မှုများကြောင့် ကြီးမားသော အပြောင်းအလဲများ ကြုံတွေ့လာရနိုင်သဖြင့် ကိုးကန့်တပ်နှင့်အုပ်ချုပ်ရေးပိုင်းများ လိုက်နာရမည့် စည်းကမ်းချက်များ ကို MNDAA က ထုတ်ပြန် အောက်တိုဘာ ၁၀ မြန်မာနိုင်ငံတွင် ကြီးမားသော အပြောင်းအလဲများ ကြုံတွေ့ရနိုင်သဖြင့် ကိုးကန့်တပ်နှင့်အုပ်ချုပ်ရေးပိုင်းများ လိုက်နာရမည့် စည်းကမ်းချက်များ ကို MNDAA က ယနေ့ တရုတ်ဘာသာဖြင့် ထုတ်ပြန် သည်။ မကြာမီကာလအတွင်း မြန်မာနိုင်ငံ၏ ပြည်တွင်းရေးတွင် စွက်ဖက်မှုများကြောင့် ကြီးမားသော အပြောင်း အလဲများ ကြုံနိုင်ကြောင်း၊ ရှုပ်ထွေးသော အခြေအနေများကြောင့် MNDAA ကို အသုံးချခံမဖြစ်စေရန် မလိုလားအပ်သော အငြင်းပွားမှုနှင့်ပဋိပက္ခများမဖြစ်စေရန် စည်းကမ်းချက်များကို ထုတ်ပြန်ကြောင်း MNDAA က ကြေညာသည်။ MNDAA က ထုတ်ပြန်သော စည်းကမ်းချက်များမှာ အာဆီယံနှိုင်ငံများ၊ အမေရိကန်နှင့် အနောက် နိုင်ငံများသို့ ခွင့်ပြုချက်မရှိဘဲ ခရီးသွားခြင်းမပြုရန် ၊ မြန်မာ့အရေးနှင့်ပတ်သက်သော နိုင်ငံတကာညီလာခံများတွင် မတက်ရောက်ရန်၊ အမေရိကန်နှင့်အနောက်နိုင်ငံများမှ သတင်း ထောက်များ၏ အင်တာဗျူးများကို လက်မခံရန်၊ ပြည်ပမီဒီယာများနှင့် အင်တာဗျူးများ မလုပ်ရန်၊ မြန်မာနိုင်ငံအခြေအနေများနှင့်ပတ်သက်ပြီး သဘောထားမှတ်ချက်များ ခွင့်ပြုချက်မရဘဲ ဖြေဆို ဖော်ပြခြင်းမပြုရန် တားမြစ်ကြောင်း သိရှိရသည်။ လက်ရှိတွင် တရုတ်နိုင်ငံက မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့ကို စစ်ရေးနှင့်တိုက်ပွဲများ ဖော်ဆောင်ခြင်းမပြုရန် ပြင်းပြင်းထန်ထန် ဖိအားများ ပေးလျက်ရှိရာ MNDAA ဘက်ကလည်း အဆိုပါ ဖိအားများ၏နောက်ဆက်တွဲ ကြေညာချက်များ မကြာခဏ ထုတ်ပြန်လေ့ရှိသည်ကို မြင်တွေ့ရသည်။

Read More

“ကိုပိုင်ဖြိုးမင်းအပါအဝင် လူထုသပိတ်တိုက်ပွဲမှာ လှုပ်ရှားနေကြတဲ့ ရဲဘော်တွေ၊​အင်အားစုတွေ အားလုံးဟာ အပ်တိုတစ်ချောင်းတောင်မကိုင်ဘဲ ကျွန်တော်တို့တိုင်းပြည်မှာ ဆိတ်သုဥ်းနေတဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအရေးအတွက်၊ ဖက်ဒရယ်အရေးအတွက် ရဲရဲဝံ့ဝံ့ရွပ်ရွပ်ချွံချွံ လူထုတိုက်ပွဲ ကဏ္ဍကနေ တောက်လျှောက် ဦးစီးဦးဆောင်ပြု ဆောင်ရွက်နေကြတာဖြစ်ပါတယ်” -AJAY ဦး​ဆောင်သူကိုနန်းလင်း ရန်ကုန်မြို့၌ စစ်ကောင်စီကဧည့်စာရင်းအကြောင်းပြစစ်ဆေးကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု(AJAY)၏ ဦးဆောင်သူတဦးကို မတရားဖမ်းဆီးသွားကြောင်း ယင်းအဖွဲ့က အသိပေးထားသည်။ ယမန်နေ့(အောက်တိုဘာ ၉ ရက်)ညပိုင်းတွင် AJAY ၏ ဦးဆောင်သူတစ်ဦးဖြစ်သည့် ကိုပိုင်ဖြိုးမင်း(ခ) ဒီရေ မတရားဖမ်းဆီးခံခဲ့ရပြီး မိသားစုနှင့် အဆက်အသွယ်ပြတ်တောက်နေကြောင်း သတင်းထုတ်ပြန်ထားသည်။ “ဧည့်စာရင်းအကြောင်းပြ၊ ဧည့်စာရင်းအယောင်ပြပြီးတော့မှ ကိုပိုင်ဖြိုးမင်းတို့ နေထိုင်တဲ့အိမ်ကို မတရားစီးနင်းတာ၊ မတရားဝင်ရောက်ဖမ်းဆီးတာလို့ ဒီလိုပဲ သုံးသပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုပိုင်ဖြိုးမင်းအပါအဝင် လူထုသပိတ်တိုက်ပွဲမှာ လှုပ်ရှားနေကြတဲ့ ရဲဘော်တွေ၊​အင်အားစုတွေ အားလုံးဟာ အပ်တိုတစ်ချောင်းတောင်မကိုင်ဘဲ ကျွန်တော်တို့တိုင်းပြည်မှာ ဆိတ်သုဥ်းနေတဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအရေးအတွက်၊ ဖက်ဒရယ်အရေးအတွက် ရဲရဲဝံ့ဝံ့ရွပ်ရွပ်ချွံချွံ လူထုတိုက်ပွဲ ကဏ္ဍကနေ တောက်လျှောက် ဦးစီးဦးဆောင်ပြုဆောင်ရွက်နေကြတာဖြစ်ပါတယ်” ဟု AJAY ဦးဆောင်သူတစ်ဦး ကိုနန်းလင်းက ပြောသည်။ ကိုပိုင်ဖြိုးမင်း(ခ) ဒီရေသည် စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုများတွင် စဥ်ဆက်မပြတ် ဦးဆောင် ပါဝင်ခဲ့သူဖြစ်သောကြောင့် စစ်အာဏာရှင်လက်ပါးစေတို့မှ အသက်အန္တရာယ် ထိခိုက်စေသည်အထိ ညှင်းပန်းနှိပ်စက်မှုကို ခံရမည်ကို သပိတ်အင်အားစုများက အလွန်အမင်းစိုးရိမ်ကြောင်း ထုတ်ပြန်ထားသည်။ ရန်ကုန်မြို့၌ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများအရှိန်အဟုန်မြှင့် လုပ်ဆောင်နေသလို စစ်ကောင်စီဘက်မှလည်း မတရားဖမ်းဆီးမှုများကို ယခင်ထက်လုပ်ဆောင်လျက်ရှိသည်။ ပြီးခဲ့သည့် လအတွင်းက ရန်ကုန်မြို့၌ ကုန်ဈေးနှုန်းကျဆင်းရေး နှင့် စစ်မှူထမ်းဥပဒေ ဆန့်ကျင်ရေး ဆန္ဒပြပွဲအပြီးတွင် သပိတ်ရဲဘော်လေးဦး…

Read More

ဆိုင်းတောင်တိုက်ပွဲမှ ထွက်ပြေး လွတ်မြောက်နေသော အကြမ်းဖက် ဇော်မင်းထွန်း၏ တူတော်စပ်သူ ခမရ ၁၁၉ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး သက်ပိုင်ထွန်း ဥရုချောင်းအနီး ပစ်ခတ်ဖမ်းဆီးရာမှ သေဆုံးသွားပြီး အလောင်းရရှိ ရန်ကုန်၊ အောက်တိုဘာ ၁၀ အကြမ်းဖက် စစ်ကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် ဇော်မင်းထွန်း၏ တူတော်စပ်သူ ခမရ ၁၁၉ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး သက်ပိုင်ထွန်းသည် ဆိုင်းတောင် Lucky Men ဟိုတယ်တိုက်ပွဲတွင် ထွက်ပြေးလွတ်မြောက်ခဲ့သော်လည်း ယမန် နေ့ညပိုင်းညပိုင်း လိုက်လံဖမ်းဆီးစဉ် ပစ်ခတ်ခံရပြီး သေဆုံးသွားပြီဖြစ် ကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။ ဖားကန့်မြို့နယ်၊ ကသိုင်းတောင် တိုက်ပွဲတွင် ထွက်ပြေး လွတ်မြောက်ခဲ့သော ခမရ ၁၁၉ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး သက်ပိုင်ထွန်းသည် Lucky Men ဟိုတယ်တွင် တပ်စွဲထားသော စစ်ကြောင်းကို ဦးဆောင်ခဲ့သူဖြစ်ကြောင်း၊ အောက်တိုဘာ၈ ရက်နေ့ Lucky Men ဟိုတယ်ကို KIA နှင့် PDF တပ်များက တိုက်ခိုက်သိမ်းပိုက်စဉ် ခမရ ၁၁၉ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး သက်ပိုင်ထွန်း ထွက်ပြေး လွတ်မြောက်ခဲ့ကြောင်း၊ ထွက်ပြေးလွတ်မြောက်သွားသော တပ်ရင်းမှူးကို KIA နှင့် PDF တပ်များက လိုက်လံ ဖမ်းဆီးရှင်းလင်းရာ အောက်တိုဘာလ ၉ ရက်နေ့ ညပိုင်း ဥရုချောင်းဘေးတွင် ခမရ ၁၁၉ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး သက်ပိုင်ထွန်းကို အသေပစ်ခတ် ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။ “မနေ့ညက ခမရ ၁၁၉ တပ်ရင်းမှူး…

Read More

“ပုဂံခေတ်ကလို သူရဲကောင်းကြီး လေးယောက် စကစတပ်မှာ ပေါ်ထွက်လာတော့မယ်😱 တော်လှန်ရေးရဲဘော်များ သတိထားကြပါ😅”

Read More

မြင်းခြံမြို့နယ်၊ ကျောက်ကန်ပျူရွာကို တိုက်ခိုက်သိမ်းပိုက်မှုမှာ စစ်ကောင်စီဘက်က ၁၀ယောက်ကျော်သေ အောက်တိုဘာ ၉၊ ၂၀၂၄ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ ကျောက်ကန်ပျူရွာကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ရာ စစ်အုပ်စုဘက်က ထိခိုက်သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့သိရပါတယ်။ အောက်တိုဘာ ၇ရက်နေ့ မနက်ပိုင်းက ကျောက်ကန်ရွာ ပျူစောထီးစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်နေချိန်အတွင်း စစ်ကူလာတဲ့ ခြေလျင်စစ်ကြောင်းနဲ့ လက်နက်ကြီးပစ်ကူပေးတဲ့ ကျောက်ပြုတ် ကျေးရွာမြောက်ဘက် ဘုရားကုန်းက စစ်တပ်စခန်းတွေကိုလည်း ပြည်သူ့လွတ်မြောက် ရေးတပ်မတော် (အနောက်မြောက်စစ်‌ဒေသ)နဲ့ မဟာမိတ်အင်အားစုတွေက ဒရုန်းတွေနဲ့ရော စစ်ကြောင်းဖြတ်တောက်မှုတွေနဲ့ပါ ပူးပေါင်း တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။ တော်လှန်ရေးပူးပေါင်းတပ်တွေအနေနဲ့ ကျောက်ကန်ရွာကို အပြီးသတ်တိုက်ခိုက်နိုင်ခဲ့ပေမယ့် စစ်ကောင်စီရဲ့ လေကြောင်းပစ်ကူနဲ့ လက်နက်ကြီးပစ်ကူတွေကြောင့် ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ သိရပါတယ်။ “ဝင်ရောက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် စစ်ကောင်စီဘက်က လေကြောင်းပစ်ကူနဲ့ လက်နက်ကြီးပစ်ကူတွေ တောက်လျှောက် လာနေအတွက် ထိန်းချုပ်မထားနိုင်ခဲ့ပါဘူး။ အဲ့ရွာမှာ ပျူ ၊ စစ်သား အားလုံးပေါင်း ၅၀ ကျော်ရှိတာကို သေတာကပဲ ၁၀ ကောင်ကျော်လောက် ရှိတယ်။ ပွဲအပြီး ရှင်းလင်းရေးမဝင်နိုင်ခဲ့တော့ အလောင်းမရဘူးပေါ့။ လက်နက်ကတော့ ၁လက်ရခဲ့ပါတယ်။ ခဲယမ်းအချို့နဲ့ပေါ့” လို့ အမှတ် ၈၁၅ တပ်ဖွဲ့၊ အနောက်မြောက်စစ်‌ဒေသ (ပြည်သူ့လွတ်မြောက် ရေးတပ်မတော်) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။ ဒါ့အပြင် အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းကနေ ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ယောက်သေဆုံးခဲ့ရတယ်လို့လည်း သိရပါတယ်။ ကျောက်ကန်ရွာတိုက်ပွဲကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-အနောက်မြောက်စစ်ဒေသ(အမှတ် ၈၁၅ တပ်ဖွဲ့)၊ ရဲခေါင်ပြောက်ကျားတပ်ဖွဲ့(PLA)၊ Myingyan Black Tiger တပ်ရင်း၊​​ ရွှေခြံသားတပ်ဖွဲ့၊…

Read More

■ တေးသံရှင် ဆုမြတ်ထက်ကို နေအိမ်ကနေ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ခေါ်ဆောင်သွား (မနေ့ နေ့လယ်က ခေါ်ဆောင်သွားပြီး ယနေ့အထိ ပြန်မလွတ်လာသေး) Western News| အောက်တိုဘာ ၈ ရခိုင်၊ မြန်မာ တေးသံရှင် မာန်အောင် ဒေသခံ မဆုမြတ်ထက်ကို ရန်ကုန်တိုင်းတာမွေ နေအိမ်မှ ယမန်နေ့ အောက်တိုဘာလ ၇ ရက် မွန်းလွဲအချိန်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ခေါ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။ စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်အချို့၊ အရပ်ဝတ်အချို့ စုစုပေါင်း ၁၀ ဦးခန့်က ရန်ကုန် တာမွေရှိ နေအိမ်မှ စစ်ဆေးစရာရှိသည်ဟုဆိုကာ ခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း မဆုမြတ်ထက် အသိုင်းအဝိုင်းက Western News ကို ပြောသည်။ မဆုမြတ်ထက် အသိုင်းအဝိုင်းထဲက တစ်ဦးက “မနေ့က နေ့လယ် ၁ နာရီလောက်မှာ သူ့နေအိမ်က စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ယောက်လောက်က စစ်ဆေးစရာရှိတယ်ဆိုပြီး ခေါ်ယူသွားတယ်။ ဘာ စစ်ဆေးမှာလဲ ဘာအကြောင်းပြချက်တွေကြောင့်ဆိုတာကို ဘာတစ်ခုမှ မပြောဘဲ ခေါ်သွားတာပါ။ ဒီကနေ့အထိ အဆက်အသွယ်က မရသေးဘူး။ ဘယ်ကို ခေါ်သွားတာလဲ မသိဘူး။ မိသားစုဝင်တွေက အရမ်းစိတ်ပူနေကြပါတယ်” ဟု ပြောသည်။ မဆုမြတ်ထက်နှင့်အတူ နေအိမ်တွင် အတူနေထိုင်သည့် ၎င်း၏ တူမဖြစ်သူကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက တချိန်းတည်းတွင် ခေါ်ဆောင်သွားပြီး နှစ်ယောက်စလုံးမှာ ပြန်လွတ်လာခြင်းမရှိသေးကြောင်း သိရှိ ရသည်။ မဆုမြတ်ထက်၏ တူမဖြစ်သူမှာ အသက် ၂၄ နှစ်အရွယ်ရှိပြီး အမည်ကို စုံစမ်းနေဆဲဖြစ်သည်။ မဆုမြတ်ထက်က အသက်…

Read More

Breaking News- ပင်လည်ဘူးမြို့ကို KIA နှင့် PDF ပူးပေါင်းတပ်များက ဒုတိယအကြိမ် ပြန်လည် တိုက်ခိုက်သိမ်းပိုက်ရရှိ ရန်ကုန်၊ အောက်တိုဘာ ၈ စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့ကို KIA နှင့် PDF ပူးပေါင်းတပ်များက ဒုတိယအကြိမ်အဖြစ် ပြန်လည် တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း KIA သတင်းရင်း မြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ အောက်တိုဘာလ ၈ ရက်နေ့ နံနက်အစောပိုင်းတွင် စစ်ကိုင်းတိုင်းမြောက် ပိုင်း၊ ပင်လည်ဘူးမြို့ကို KIAနှင့် PDF ပူးပေါင်းတပ်များက အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေပြီး အခြေအနေ အသေးစိတ်မသိရှိရသေးကြောင်း KIA သတင်းရင်းမြစ်က ဆိုသည်။ “ပင်လည်ဘူးမြို့ ဒုတိယအကြိမ် Sold out ပါပြီ။ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုနဲ့ လက်နက်ခဲယမ်း သိမ်းဆည်းရရှိမှု အခုအထိတော့ စာရင်းမရသေးပါဘူး” ဟု KIA သတင်းရင်းမြစ်က ဆိုသည်။ လွန်ခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်းတွင်လည်း ပင်လည်ဘူးမြို့ကို KIAနှင့် PDF ပူးပေါင်းတပ်များက ပထမအကြိမ်အဖြစ် တိုက်ခိုက်သိမ်းခဲ့ပြီး ရက်ပိုင်းခန့်အကြာတွင် စစ်ကောင်စီက အပြင်းအထန် ထိုးစစ်ဆင်သဖြင့် တော်လှန်ရေး တပ်များက ပြန်လည် ဆုတ်ခွာပေးခဲ့ရသည်။ ယခုဒုတိယအကြိမ် ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲကို ဩဂုတ်လ ၁၅ ရက်နေ့တွင် စတင်ခဲ့ပြီး ၂ လနီးပါး ကြာမြင့်လာချိန်တွင် ပင်လည်ဘူးမြို့တစ်ခုလုံးကို တိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ စစ်ကောင်စီက ပင်လည်ဘူးမြို့ မကျစေရေးအတွက် မုံရွာအနောက်မြောက်တိုင်းစစ်ဌာနချုပ်နှင့် ဝန်းသိုဘက်မှ စစ်ကူအင်အား အများအပြား ဖြည့်တင်းခဲ့ကြောင်း၊…

Read More

AA က အမ်းနှင့် ဂွမြို့နယ်ရှိစစ်စခန်းနှစ်ခုကို ထပ်မံသိမ်းပိုက် ▪︎စစ်ကောင်စီက ဂွ- ကျိန္တလီမြို့ကြားရှိ ကျိန္တလီချောင်းကူးတံတားကိုဖျက်ဆီးထွက်ပြေး လူအေး/People’s Spring အာရက္ခတပ်တော်(AA)က အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ အဓိက ခံစစ်စခန်းတစ်ခုဖြစ်​သော မဲနယ်တောင်ဗျူဟာ နှင့် ဂွမြို့ရှိ ကုလားပြင်တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ဒေသခံစစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)၏ အဓိကခံစစ်စခန်းတစ်ခုဖြစ်သော မဲနယ်တောင်တောင်ဗျူဟာကို အောက်တိုဘာလ ၆ ရက်ည‌နေတွင် AAက တိုက်ခိုက်သိမ်းပိုက်လိုက်​​ကြောင်း အမ်းမြို့တွင်ရှိနေသည့်ဒေသခံတဦးကပြောသည်။“ပထမတကြိမ်က သိမ်းခဲ့သေးတယ်။ စစ်တပ်က လေကြောင်းကနေ ပစ်လို့ ပြန်ခွာပေးထားခဲ့တာ။ ဒီတခါတော့AAက ရက်ပိုင်းအတွင်းသိမ်းယူလိုက်တာ”ဟု ၎င်းကပြောသည်။ မဲနယ်တောင်ဗျူဟာသည် စစ်ကောင်စီ၏ အခိုင် အမာစခန်းဖြစ်ပြီး စခန်းအားတိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းနှင့်ပတ်သက်၍ AAက သတင်းမထုတ်ပြန်သေးပေ။ ဒေသခံများကမူ AAသည် မဲနယ်တောင်ဗျူဟာကို လက်နက်ကြီးဖြင့် နေ့စဉ်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ​အောက်တိုဘာ ၆ရက်နံနက်တွင် မြေပြင်စစ်ကြောင်းထိုး၍ စီးနင်းတိုက်ခိုက် သိမ်းပိုက်ခြင်းဟု ပြောသည်။ ရခိုင်ပြည်နယ် ၊အမ်းမြို့နယ်တွင် တောဟိန်းတောင်ဗျူဟာကို AAက ပြီးခဲ့သည့် ဇွန်လကတိုက်ပွဲတွင်တိုက်ခိုက်သိမ်းယူထားသည်။ AAကအမ်းမြို့နယ်အတွင်းတိုက်ပွဲနှင့် ပတ်သက်၍ စက်တင်ဘာလ ၂၇ရက်၌ နောက်ဆုံးသတင်းထုတ်ပြန်ခဲ့ရာ အမ်းမြို့နယ်၊ ကျောက်စကွဲကျေးရွာအနီးတွင် စစ်ကောင်စီ၏ စကခ (၅) လက်အောက်ခံ ခမရ ၃၄၆/ ၃၇၃/ ၃၇၂တပ်ရင်းများ စုပေါင်းထားသော အင်အား ၁၀၀ခန့်ပါ စစ်ကြောင်းနှင့် စက် တင်ဘာလ ၂၆ရက်နှင့် ၂၇ရက် နံနက်၌တိုက်ပွဲဖြစ်ခဲ့ရာ အလောင်း၅ လောင်း၊ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းတချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ​ဖော်ပြထားသည်။ထို​ကြောင့် စစ်ကောင်စီတပ်သည် အထိအခိုက်အကျအဆုံးအချို့ဖြင့် နောက်ဆုတ်သွားကြောင်း ထုတ်ပြန်ထားသည်။ ” ရန်သူ၏ စစ်အသုံးအဆောင်ပစ္စည်း၊…

Read More