Subscribe to Updates
Get the latest creative news from FooBar about art, design and business.
What's Hot
Author: Ka K
တရားပွဲမှာဆရာတော်ကြီးကိုသေနတ်နဲ့လုပ်ကြံ တန်ခိုးတော်ကြောင့်ပစ်တဲ့သူဘယ်လိုဖြစ်သွားလဲ ဖြစ်စဉ်အသေးစိတ် ဆက်လက်ဖတ်ရှုရန်
ရန်ကုန်၊ အောက်တိုဘာ ၂၉ ရခိုင်ပြည်၊ အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် နေပြည်တော်စစ်ရုံးတို့အကြား ဆက်သွယ်မှုများ ပြတ်တောက်နေပြီး အမ်းမြို့ရှိ ဒေသပြည်သူများနှင့်လည်း ဖုန်းလိုင်း အဆက်အသွယ်များ မရရှိတော့ကြောင်း တပ်မိသားစုဝင်တချို့၊ စစ်ရေးသတင်းရင်းမြစ်နှင့် CDM ဗိုလ်ကြီးဇင်ယော်၏ ပြောဆိုချက်အရ သိရှိရသည်။ အောက်တိုဘာလ ၂၇ ရက်နေ့ ညပိုင်းမှစတင်၍ အမ်းမြို့ရှိ ပြည်သူများ၊ တပ်ရင်းတပ်ဖွဲ့များ၊ တပ်မိသားစုဝင်များနှင့် ဆက်သွယ်မှုများ ခက်ခဲလာပြီး ယမန်နေ့ အောက်တိုဘာလ ၂၈ ရက်နေ့ တစ်ရက်လုံး ဆက်သွယ်မရတော့ကြောင်း တပ်မိသားစုဝင်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။ “အမ်းက ဆက်သွယ်ရေးစက်တွေ ဖုန်းလိုင်းတွေပါ ပျက်နေတယ်။ ကျနော်တို့ကတော့ တပ်တွင်းသတင်းရင်းမြစ်အရ ဒီကောင်တွေက ပြေးတာ မြန်တယ်လေ။ သူတို့တွေ ဆက်သွယ်မှု ပြတ်တောက်သွားပြီ ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)နဲ့ နေပြည်တော် စစ်ရုံးချုပ်နဲ့ ဆက်သွယ်မှုပြတ်တောက်သွားပြီ လုံးဝ အဆက်အသွယ်မရတော့ဘူးဆိုတာကို ကြည့်ပြီးတော့ ကျနော်တို့က အတည်ပြုရခြင်းပဲ ဖြစ်ပါတယ်”ဟု CDM ဗိုလ်ကြီးဇင်ယော်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ရန်ကုန်အခြေစိုက် တပ်မိသားစုဝင်တစ်ဦးကမူ အောက်တိုဘာလ ၂၅ ရက်နေ့ အထိ အမ်းမြို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်းရှိ ၎င်းတို့သားဖြစ်သူ တပ်ကြပ်ကြီးစာရေးနှင့် အဆက်အသွယ် ရရှိကြောင်း၊ အောက်တိုဘာလ ၂၆ ရက်နေ့တွင် ဆက်သွယ်ရေး ခက်ခဲခဲ့ပြီး အောက်တိုဘာလ ၂၈ ရက်နေ့တွင်မူ ဆက်သွယ်၍ လုံး၀ မရတော့ကြောင်း၊ ပြင်ပတွင် အမ်းရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကျဆုံးပြီဆိုသော သတင်းများ တက်နေသဖြင့် နေပြည်တော်ရှိ တပ်အရာရှိကြီးတချို့ ထံ ဆက်သွယ်မေးမြန်းရာ…
စစ်ခေါင်းဆောင်ကို ဖိနပ်ချွတ်အရိုအသေပေးသည့်ဇာတ်မင်းသားဖိုးချစ်အား ကြံ့ဖွတ်ပါတီဝင်များကပါ လှောင်ပြောင်
အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပေးသည့် ဂုဏ်ပြုလွှာလက်ခံစဉ် ဖိနပ်ချွတ်၍ လူသိရှင်ကြားအရိုအသေပေးခဲ့သည့် ဇာတ်မင်းသားဖိုးချစ်အား စစ်ကောင်စီအမာခံ ပြည်ခိုင်ဖြိုးပါတီဝင်များ ကိုယ်တိုင်ကပါလှောင်ပြောင်သရော်နေကြသည်။ ဇာတ်မင်းသားဖိုးချစ်သည် ပြီးခဲ့သည့်ရက် အနည်းငယ်က အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ပေးသည့် ဂုဏ်ပြုလွှာကို လက်ခံရယူစဉ် ဖိနပ်စီး၍တက်ရသည့်စင်ပေါ်သို့ ဖိနပ်ချွတ်တက်ကာ လက်ခံခဲ့သည်။ အာဏာသိမ်းစစ်ခေါင်းဆောင်နှင့်အတူ တွဲလျက်ရှိနေသည့် ဓာတ်ပုံသည် လူမှုကွန်ရက်၌ အလွန်ပျံ့နှံ့ခဲ့သည်။ ၎င်းသည် ပြင်းပြင်းထန်ထန် ဝေဖန်ခံခဲ့ရသည်။ စင်ပေါ်ရှိသူအားလုံးဖိနပ်စီးထားပြီး ၎င်းတစ်ဦးသာ စစ်ခေါင်းဆောင်ကို ပုံမှန်ထက်လွန်ခဲ့သည့် အရိုအသေပေးခဲ့ခြင်းဖြစ်သည်။ ထိုလုပ်ရပ်အပေါ် နေပြည်တော်မှ ပြည်ခိုင်ဖြိုးပါတီဝင်များကပါ လှောင်ပြောင်သရော်နေခြင်းဖြစ်သည်။ ” မကြိုက်ကို မကြိုက်တာ။နောက်တခါ ထပ်ပြောမယ် မကြိုက်ဘူး။နောက်တခါ ထပ်ပြောမယ် မကြိုက်ဘူး။ကြိုက်လား မကြိုက်ဘူး”ဟု ၂၀၂၁ ခုနှစ်က အနုပညာရှင်များဦးဆောင်သည့် လူထုသပိတ်များအားကောင်းစဉ်က ၎င်းပြောခဲ့သည့် စကားများကို ပြန်သုံးကာ လှောင်ပြောင်နေကြသည်။ ၎င်းကို အားပေးသည့်ပရိသတ်တစ်ဦးကလည်း ဇာတ်မင်းသားဖိုးချွတ်ဟု ပြောကာ ပြစ်တင်ဝေဖန်ထားသည်။ ဖိုးချစ်သည် ၂၀၂၂ နိုဝင်ဘာကုန်ပိုင်းက စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံခဲ့ရပြီး တစ်လခန့်အကြာတွင် ပြန်လည်လွတ်မြောက်လာပြီးနောက် စစ်ကောင်စီအားဝေဖန်ခြင်းမရှိတော့ချေ။ ထို့အပြင် စစ်ကောင်စီကကျင်းပသည့် ဝါဒဖြန့်ချိရေး ပွဲများတွင် ၎င်းက ပေါ်ပေါ်ထင်ထင်တက်ရောက်နေသည်။ထိုလုပ်ရပ်များသည် အရှက်ကင်းမဲ့သည့်လုပ်ရပ်များဖြစ်သည်ဟု ၎င်းအား အားပေးခဲ့ဖူးသည့် ပရိသတ်များကိုယ်တိုင်က ဝေဖန်ရှုတ်ချကြသည်။ ၂၀၂၁က အနုပညာရှင်များဦးဆောင်သည့် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်များတွင် ဇာတ်မင်းသားဖိုးချစ်နှင့်အတူ လူပြက်ခင်လှိုင်၊ ရာဇာနေဝင်း၊ ကျော်ရဲအောင်၊ ရန်အောင်ထိုကဲ့သို့ နာမည်ကြီးများလည်းပါဝင်ခဲ့ပြီး အများစုသည် ယခုအခါ အာဏာသိမ်းစစ်တပ်နှင့် တပူးပူးတတွဲတွဲ ရှိနေသလို စစ်ကောင်စီကပြုလုပ်သည့် ဝါဒဖြန့်ချိရေးပွဲများတွင် တွေ့မြင်နေရသည်။ အိမ်သွင်/People’s Spring (ကြံ့ဖွတ်ပါတီတွင်း လူသိများသူတစ်ဦးက ဖိုးချစ် အား…
ရှမ်းမြောက်တွင် ပါဝင်တိုက်ခိုက်ခဲ့သည့် BPLA တပ်ဖွဲ့က အညာတွင်အခြေချ၍ စစ်ဆင်ရေးများ ဖော်ဆောင်နိုင်တော့မည်ဟုဆိုထားပြီး ဒေသခံတော်လှန်ရေးတပ်ဖွဲ့များကြိုဆို ဧရာဝတီတိုင်းမ် ၊ အောက်တိုဘာ ၂၈ ရက် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)သည် မကြာခင်အချိန်အတွင်း အညာဒေသတွင် အခြေချ၍ စစ်ဆင်ရေးများဖော်ဆောင်တော့မည်ဖြစ်ကြောင်း BPLA တပ်ဖွဲ့ တာဝန်ခံ မောင်ဆောင်းခက အသိပေးပြောဆိုထားသည်။ BPLA တပ်ဖွဲ့သည် မြောက်ပိုင်းညီနောင်မဟာမိတ်ဦး ဆောင်သည့် ၁၀၂၇ စစ်ဆင်ရေးတွင် ပါဝင်တိုက်ခိုက်ခဲ့သည့် တပ်ဖွဲ့တစ်ဖွဲ့ဖြစ်ပြီး ညီနောင်မဟာမိတ်သုံးဖွဲ့၏ ဦးဆောင်မှုအောက်တွင် ၎င်းတို့၏တပ်ဖွဲ့ များစွာတိုးတက်လာသည့်အတွက် ကျေးဇူးမမေ့ကြောင်းကို ၁၀၂၇ စစ်ဆင်ရေး တစ်နှစ် ပြည့်သည့် အောက်တိုဘာ ၂၇ ရက်နေ့က ရေးသားထားသည်။ “ပြည်သူတွေကို အသိပေးချင်တာတစ်ခုက BPLA ဟာ မကြာခင် အညာဒေသမှာအခြေချပြီး စစ်ဆင်ရေးတွေ ဖော်ဆောင်လာနိုင်တော့မယ်ဆိုတာပါပဲ။ အညာလူထုကလည်း ကျွန်တော် တို့ကို ကြိုဆိုမယ်လို့ ယုံကြည် မျှော်လင့်ပါတယ်”ဟု BPLA တပ်ဖွဲ့ တာဝန်ခံမောင်ဆောင်းခက သူ၏ လူမှုကွန်ရက်တွင် ရေးသားထားသည်။ BPLA က အညာဒေသတွင်အခြေချ၍ စစ်ဆင်ရေးများဖော်ဆောင်မည့်အပေါ် စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီ တပ်ကို တော်လှန်တိုက်ခိုက်နေသည့် မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ CDSOM တပ်ဖွဲ့တာဝန်ခံ ကိုနွေဦးက ကြိုဆိုကြောင်းနှင့် ရောက်လာစေချင်သည်ဟုဆိုသည်။ “အစ်ကိုတို့ကကြိုက်တာပေါ့။ တူတူဝိုင်းလုပ်မယ့်လူတွေ ပိုတိုးလာလေ အင်အားတစ်ရပ်ပို ဖြစ်လာလေပဲ။ အခုဆို အညာအဖွဲ့တွေဆို တစ်ပွဲနဲ့တစ်ပွဲဆို ပက်လက် လန်လန်သွားတာလေ။ အဲဒီလိုအခြေအနေမျိုးမှာ တကယ်လုပ်နိုင်တဲ့အဖွဲ့တွေ ပစ္စည်းလည်းပေါတယ်၊ လူအင် အားလည်း ရှိတယ်ဆိုတဲ့အဖွဲ့တွေ ရောက်လာတယ်ဆိုရင် အဆက်မပြတ်စစ်ဆင်ရေးတွေ ပိုလုပ်လာနိုင်မယ်။ ဘုံရန်သူကိုတိုက်နေတဲ့အချိန် အင်အားတွေတိုး…
တောင်တရုတ်ပင်လယ်က မုန်တိုင်း “TRAMI” နဲ့ အရှေ့ဖိလစ်ပိုင်ပင်လယ်က မုန်တိုင်း KONG-REY ၂ လုံး တပြိုင်နက်ဖြစ်ပေါ်နေခဲ့တာမှာ မုန်တိုင်း TRAMI ကတော့ ဗီယက်နမ်ကမ်းခြေပေါ်မေးတင်ပြီး ပင်လယ်ထဲ ပြန်ဆင်းကာ မကြာခင်အချိန်အတွင်း အားပျော့ပျက်ပြယ်သွားတော့မှာပါ။ မုန်တိုင်း TRAMI ကြောင့် ဗီယက်နမ်နိုင်ငံကမ်းခြေမှာ လွန်ခဲ့တဲ့ ၁၂ နာရီအတွင်းမှ အခုအချိန်အထိ မိုးသည်းထန်ခဲ့တာတွေ့ရပြီး၊ မနက်ဖန်ညနေ ၅ နာရီအထိ ၂၄ နာရီအတွင်း မိုးရေချိန် ၁၀ လက်မကျော် ထပ်မံရွာသွန်း(မိုးများ)ဦးမှာလို့ ကြိုတင်ခန့်မှန်းချက်တွေမှာ တွေ့နေရပါတယ်။ TRAMI ကြောင့် မြန်မာနိုင်ငံ တနင်္သာရီတိုင်းမှာသာ နေရာကွက်၍မိုးများနိုင်ပြီး နောက် ၂၄ နာရီအတွင်း မိုးရေချိန် ၁ လက်မခွဲခန့်သာရွာသွန်းနိုင်မှာဖြစ်ကြောင်းတွေ့ရပါတယ်။ အရှေ့ဖိလစ်ပိုင်ပင်လယ်က မုန်တိုင်း KONG-REY ကတော့ အားပိုကောင်းလာပြီး အောက်တိုဘာလကုန်(၃၁ ရက်)မှာ CATAGORY-3 အားကောင်းတဲ့တိုင်ဖွန်းမုန်တိုင်းတလုံးဖြစ်လာမှာဖြစ်ကြောင်း၊ ထိုင်ဝမ်ကျွန်းဘက်ကို ဦးတည်ရွေ့လျားပေမဲ့ ထိုင်ဝမ်ကျွန်းအရှေ့မြောက်ဘက်အနီးမှ ကပ်၍ ဖြတ်ကျော်ကာ ဂျပန်နိုင်ငံဘက်ကို ဆက်လက်ရွေ့လျားနိုင်မှာဖြစ်ကြောင်း၊ ကြိုတင်ခန့်မှန်းထားတာတွေ တွေ့ရပါတယ်။ မုန်တိုင်း KONG-REY က တောင်တရုတ်ပင်လယ်နဲ့ ဆန့်ကျင်ဘက်အရပ်ကို ရွေ့လျားသွားမှာဖြစ်တာကြောင့် မြန်မာနိင်ငံရဲ့ မိုးလေဝသအခြေအနေတွေအပေါ် သက်ရောက်မှုကတော့ မရှိတော့ပါဘူး။ အချုပ်အားဖြင့် … 🔸 နိုဝင်ဘာလနဲ့ ဒီဇင်ဘာလဆန်းပိုင်းကာလများအတွင်း တောင်သူများစပါးရိတ်သိမ်းချိန်မှာ မိုးလွန်မိုး/အခါလွန်မိုး/ဖျက်မိုးဆိုတာတွေကြောင့် အနှောင့်အယှက်မဖြစ်နိုင်တော့ပါဘူး။ 🔸 ရေကြီးရေလျှံမှုတွေလဲ မရှိနိုင်တော့တာကြောင့် နွေစပါးနဲ့ဆောင်းသီးနှံစိုက်ပျိုးရေးအတွက် စိတ်အေးလက်အေးဆက်လက်ပြင်ဆင်နိုင်ကြပြီဖြစ်ပါကြောင်း မင်္ဂလာစကားပါးလိုက်ပါတယ်။ 🙏🙏🙏 Credit : Win Naing ဆက်လက်ဖတ်ရှုရန်
ရန်ကုန် ၊ အောက်တိုဘာ ၂၈ ရခိုင်ပြည်တွင် AA က ပိတ်ဆို့တိုက်ခိုက်နေသည့် အမ်းမြို့နယ်အတွင်း စစ်ကောင်စီတပ်ဘက်မှ ဗိုလ်မှူး နိုင်ဇော်အောင် အစာငတ်ပြတ်ပြီး သေဆုံးသွားကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ ယမန်နေ့အောက်တိုဘာလ ၂၇ ရက်နေ့ ညနေပိုင်းတွင် ဗိုလ်မှူးနိုင်ဇော်အောင် သည် အမ်းမြို့နယ်အတွင်းရှိ တောတွင်း တစ်နေရာတွင် စားနပ်ရိက္ခာပြတ်တောက်ပြီး အစာအိမ်သွေးကြောပေါက်သေဆုံးသွားသည်ဟု ရန်ကုန်ရှိ ကျန် ရစ်သူ မိ သားစုထံ စစ်ရုံးက တရားဝင် အသိပေး အကြောင်းကြားထားကြောင်း သိရှိရသည်။ အမ်းမြို့နယ်တွင် သေဆုံးသွားသည့် ဗိုလ်မှူးနိုင်ဇော်အောင်သည် စစ်အာဏာ သိမ်းခါစ ၂၀၂၁ ခုနှစ်တွင် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကျောက်မြောင်းမြို့ အခြေစိုက် ခမရ ၁၂ တပ်ရင်းမှ ဒုတပ်ရင်းမှူးအဖြစ်တာဝန်ထမ်းဆောင်နေသူဖြစ်ကာ ရှေ့တန်းမှာရရှိခဲ့သည့် ဒဏ်ရာကြောင့် နေပြည်တော်တွင် ဆေးကုသခံယူခဲ့ရသူဖြစ်သည်။ ယင်းနောက် ရခိုင်ပြည်နယ် အမ်းစစ်ဌာနချုပ်တွင် ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ရပြီး အာရက္ခတပ်တော် AA ၏ ထိုးစစ်အတွင်း အစာငတ်ပြတ်သေဆုံးခြင်းဖြစ်ကြောင်း၊ ၎င်းသည် စစ်အာဏသိမ်းမှုကို ထောက်ခံသူတစ်ယောက်ဖြစ်ပြီး အာဏာသိမ်းမှုကို လက်မခံသည့် ဆန္ဒပြသူများအပေါ် သဘောထား တင်းမာသူဖြစ်ကြောင်း သိရှိရသည်။ လက်ရှိ အမ်းမြို့နယ်ရှိ စစ်ကောင်စီ၏ တောဟိန်းတောင်ဗျူဟာ၊ စေ့ချောင်းဗျူဟာ၊ မဲတောင် ဗျူဟာနှင့် နပခကို ကာရံထားသည့် တပ်စခန်းအချို့ကိုလည်း AA က သိမ်းပိုက်ထားပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို AA က ဆက်လက် ထိုးစစ်ဆင်နေသည်။ ထို့ပြင်အမ်းမြို့လေယာဉ်ကွင်းကို စစ်ကောင်စီ လေယာဉ်များ လုံးဝအသုံးပြု၍ မရနိုင်စေရန် AA က ဝိုင်းရံပိတ်ဆို့…
ရန်ကုန်၊ အောက်တိုဘာ ၂၈ ရန်ကုန်တိုင်းအတွင်း လာမည့်နိုဝင်ဘာလအတွင်း စတင်မည့် စစ်မှုထမ်း အပတ်စဉ် ၇ အတွက် တပ် သားသစ်များ ကြိုတင်စုဆောင်းရန် ရန်ကုန်တိုင်းစစ်ကောင်စီက ညွှန်ကြားထားကြောင်း စုံစမ်းသိရှိရသည်။ ယခုအောက်တိုဘာလအတွင်း ဖွင့်လှစ်ခဲ့သည့် စစ်မှုထမ်း အပတ်စဉ် ၆ အတွက် ရန်ကုန်တိုင်းက သတ်မှတ် လျာထားချက် ပြည့်မီစွာ တပ်သားသစ်များ စုဆောင်းနိုင်ခဲ့ပြီး ယင်းအခြေအနေကို ဆက်လက် ထိန်းသိမ်းနိုင်ရန်၊ သတ်မှတ်တပ်သားသစ်အရေအတွက်ရရှိရေး ကြိုတင် လူများ စုဆောင်းထားရန် ညွှန်ကြားခြင်းဖြစ်ကြောင်း၊ အောက်တိုဘာလ စစ်မှုထမ်း အပတ်စဉ် ၆ တွင် တချို့သော ပြည်နယ်/တိုင်းများတွင် လူအပြည့် မရခဲ့သဖြင့် စစ်သင်တန်းဖွင့်လှစ်မှု နောက်ကျမှုများရှိခဲ့ကြောင်း သိရှိရသည်။ “စစ်မှုထမ်း အပတ်စဥ် ၇ အတွက် လူကြိုရှာထားဖို့ ညွှန်ကြားလာပါတယ်။ အခုက တဖြည်းဖြည်းနဲ့ လူငယ်တွေက ရှားလာပြီ။ အပတ်စဉ် ၁ ကနေ အပတ်စဉ် ၆ အထိက အချုပ်သားတွေ၊ အောက်ခြေလူတန်းစား အတော်များများ ခေါ်သွားခဲ့ပြီးပြီဆိုတော့ လာမယ့် အပတ်စဉ် ၇ အတွက် လူမပြည့်မီမှာစိုးလို့ ညွှန်ကြားချက် ထွက်လာတာထင်ပါတယ်” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ရှင်းပြသည်။ အောက်တိုဘာလ ၁၉ ရက်နေ့ ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ ဘုရင့်နောင်စစ်ကြောရေးနှင့်တည်းခိုခန်းစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားသော လူငယ် ၄၀၀ ကျော်ကို ရှမ်းပြည်နယ်၊ ဟိုပုံးမြို့နယ်ရှိ တပ်မတော် ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းတွင် စစ်မှုထမ်း အပတ်စဉ် ၆ စစ်သင်တန်းတက်ရန်အတွက် စစ်ယာဉ်တန်းဖြင့် စတင်ပို့ဆောင်ခြင်းဖြစ်ကြောင်း၊…
ရန်ကုန်၊ အောက်တိုဘာ ၂၈ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ တပ်မတော်နည်းပညာတက္ကသိုလ်အရှေ့ ရပ်ကွက်ကြီး ၁၂ ၊ ရေချမ်းအိုး ရပ်ကွက်ရှိ ပြည်သူလူထု နေထိုင်သော မြေဧက ၂၀၀ ကျော်ကို စစ်တပ်က သိမ်းပိုက်ရန်ကြိုးစားနေပြီး ယင်းမြေများအနက်မှ လမ်းမတန်း မျက်နှာစာ မြေဧက ၅၀ကို အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ သားဖြစ်သူ အောင်ပြည့်စုံက ရယူမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ မန္တလေးတိုင်း ပြင်ဦးလွင်မြို့ တပ်မတော်နည်းပညာတက္ကသိုလ်အရှေ့ ရပ်ကွက်ကြီး ၁၂ ရေချမ်းအိုးရပ်ကွက်အတွင်း မြေဧက ၂၀၀ ဒသမ ၁၄ ပေါ်ရှိ ပြည်သူလူထု အိမ် ထောင်စုပေါင်း ၁၀၀၀ ခန့်နေထိုင်သည့် မြေနေရာကို တပ်ပိုင်မြေဟု နာမည်တပ်ကာ အကြမ်းဖက်စစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစတင်၍ သိမ်းယူရန်ကြိုးပမ်းနေကြောင်း ၊ လက်ရှိအချိန်တွင် အဆိုပါ မြေနေရာတွင် အိမ်ထောင်စုပေါင်း ၁၀၀၀ ခန့် လူဦး ရေ ၃၀၀၀၀ ဝန်းကျင်နေထိုင်နေကြောင်း၊ အဆိုပါ ရပ်ကွက်ကို ၂၀၀၀ ပြည့်နှစ်ကတည်းက တပ်မတော်အလုပ်ရုံတည် ဆောက်မည်ဟုဆိုကာ လျာထားမြေနေရာ သတ်မှတ်ခဲ့ပြီး မြေယာပိုင်ရှင် တောင်သူများနှင့် ညှိုနှိုင်းခဲ့ဖူးကြောင်း၊ စစ်တပ်၏ အလုပ်ရုံစီမံကိန်းအတွက် မြေပိုင်ရှင် တောင်သူအများစုက လက်မှတ်မထိုးခဲ့ကြ၍ စီမံကိန်းရပ်ဆိုင်းခဲ့ကြောင်း၊ ၂၀၁၃ ခုနှစ်တွင် တောင်သူများက တပ်ပိုင်မြေ မဟုတ်ကြောင်း အဆင့်ဆင့် စာတင်ခဲ့သဖြင့် တပ်ပိုင်မြေမဟုတ်ပေါ်လွင်ခဲ့ကြောင်း၊ သို့ရာတွင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်တွင် မြေကွက်များကို ပြန်လည် သိမ်းယူရန် ကြိုးစားလာခြင်းဖြစ်ကြောင်း ရပ်ကွက်နေ ပြည်သူများက…
ဂျစ်ကားစီးဖူးသလား ဂျာကစ် စာဘူးသရီးရုပ်ရှင်ကို ရှုံ့ချသူ ကိုဟာဆယ်ယွန်ပျောက်ဆုံးနေခြင်း ယခုရုပ်ရှင်နဲ့ပတ်သက်ပြီး အောက်တိုဘာ ၂၄ရက်နေ့က ကိုဟာဆယ်ယွန်က social mediaမှာ စတင်ရှုံ့ချခဲ့ပါတယ် အကြောင်းရင်းကတော့ ဇာတ်ကားနာမည် ဇာတ်ကားထဲဝတ်ဆင်ထားတဲ့ ဟိန္ဒူရိုးရာဝတ်စုံတို့က ရိုးရာယဥ်ကျေးမှုကိုပျက်ရယ်ပြုစော်ကားသလိုဖြစ်နေလို့ပါ ဇာတ်ကားထဲသုံးနှုန်းထားတဲ့စကားလုံးအသုံးနှုန်းတွေကျွန်တော်တို့မသိရသေးပါ ယခုရုပ်ရှင်လိုမျိုး အရင်တုန်းကလည်းတစ်ခြားလူမျိုးတစ်ခြားဘာသာယဥ်ကျေးမှု လူလူချင်းခွဲခြားဖိနှိပ်တာတွေ အရံမင်းသားမင်းသမီးတွေဆိုအသားမဲတာပုတာတွေ တစ်ပါးသူအားနားချက်ကိုဖိတာ အိမ်အကူနေရာဆို တောက မိန်းကလေးတွေပဲလုပ်တယ်ဆိုတဲ့လော့ဂျစ်ရိုက်သွင်းတာ လူကြမ်းဆိုသူများသားမယားကိုဖျက်စီးရမယ်ဆိုတာလော့ဂျစ်တစ်ခုလိုဖြစ်တာ မြန်မာ့ရုပ်ရှင်မှာပြုပြင်မယ်ဆိုပြင်စရာတွေအများကြီးပါ တစ်ခြားဘာသာလူမျိုးကိုစော်ကားပြီးမှ ဟာသဆိုတဲ့စကားလုံးနဲ့ကာတာကို ကျွန်တော့်လိုပဲလက်မခံနိုင်သူတွေရှိပါတယ် အဲ့ထဲကမှကိုဟာဆယ်ယွန်ကလည်းပါဝင်ပါတယ် အသံအလှူနေရင်း သူ့ဆီကိုဖုန်းတစ်လုံးဝင်လာလို့ဖုန်းပြောမယ်ဆိုပြီး ယေန့နေ့လည်၁နာရီကျော်လောက်ကစပြီး ပြန်မလာတော့တာပါ အင်တာနက်သုံးတာတော့ မနေ့ည၇နာရီနောက်ဆုံးသုံးခဲ့တာပါ ယနေ့ညနေ၄နာရီလောက်တုန်းကဖုန်းဆက်တော့ ဖုန်းဝင်ပါတယ်မကိုင်ပါဘူး ညနေ၆နာရီကျော် ၇နာရီဝန်းကျင်လောက်ကစပြီး ဖုန်းဆက်ပိတ်သွားတာပါအခုထိလည်းအဆက်သွယ်မရသေးလို့ပါ ယခုပုံပါသူအားတစ်နေရာတွင်တွေ့ရှိပါက မိသားစု အသိမိတ်ဆွေတွေစိတ်ပူနေကြောင်းပြောပြီး ထိန်းသိမ်းထားပေးကြပါနော် မိတ်ဆွေတို့အနေနဲ့လည်း ထိုသူပျောက်ဆုံးနေကြောင်း အများသိအောင်ကူညီပေးကြပါ တစ်စုံတစ်ယောက်က ကိုဟာဆယ်ယွန်နဲ့ပတ်သက်ပြီး သတင်းရတာ သဲလွန်စရခဲ့သည်ရှိသော် ကျွန်တော့်cbကိုလာပြောပေးကြပါ အားလုံးကူညီပေးဖို့ တောင်းဆိုပါတယ်ဗျ #Edit – ပျောက်ဆုံးသူ ကိုရှိုင်းထက်အောင် မူရင်းလင့် ဆက်လက်ဖတ်ရှုရန်
BVJ /အေတီ၊ အောက်တိုဘာ၂၇၊၂၀၂၄ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)ဟာ မကြာခင်အချိန်ပိုင်းအတွင်း အညာဒေသမှာ အခြေချပြီး စစ်ဆင်ရေးတွေဖော်ဆောင်တော့မယ်လို့ BPLA ခေါင်းဆောင် မောင်ဆောင်းခက သူ့ရဲ့ ဖေ့စ်ဘုခ် စာမျက်နှာကတဆင့် သိပေးထုတ်ပြန်လာပါတယ်။ “ပြည်သူတွေကို အသိပေးချင်တာတခုက BPLAဟာ မကြာခင် အညာဒေသမှာအခြေချပြီး စစ်ဆင်ရေးတွေဖော်ဆောင်လာနိုင်တော့မယ်ဆိုတာပါပဲ။ အညာလူထုကလည်း ကျနော်တို့ကို ကြိုဆိုမယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။” BPLA တပ်ဖွဲ့ဟာ မြောက်ပိုင်းညီနောင်မဟာမိတ် ဦးဆောင်တဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ တပ်ဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။ ညီနောင်မဟာမိတ်(၃)ဖွဲ့ရဲ့ ဦးဆောင်မှုအောက်မှာ သူတို့တပ်ဖွဲ့ အများကြီးတိုးတက်လာတဲ့အတွက် ကျေးဇူးမမေ့တဲ့အကြောင်း သူက အခုလို ထပ်ဖြည့်ပြောပါတယ်။ “ဒီနေ့ဟာ ၁၀၂၇ စစ်ဆင်ရေး နှစ်ပတ်လည်နေ့ဖြစ်ပါတယ်။ ညီနောင်မဟာမိတ်(၃)ဖွဲ့ရဲ့ ဦးဆောင်မှုအောက်မှာ ကျနော်တို့နွေဦးတော်လှန်ရေးတပ်ဖွဲ့တွေ အများကြီးတိုးတက်ဖြစ်ထွန်းခဲ့ပါတယ်။ ဒီကျေးဇူးကို ဘယ်တော့မှမေ့မှာမဟုတ်ပါဘူး။” ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းနဲ့ ဒုတိယပိုင်းမှာ ပူးးပေါင်းပါဝင်တိုက်ခိုက်ခဲ့တဲ့ BPLA တပ်ဖွဲ့ဟာ တပ်အင်အားပိုမိုကြီးထွားအောင် ကြိုးစားနေပီး တပ်သားသစ်တွေ စိစစ်ရွေးချယ်ခေါ် ယူနေတဲ့ အကြောင်း BPLA တပ်ဖွဲ့ စာမျက်နှာကတဆင့် အောက်တိုဘာ၁၃ရက်နေ့က ဖိတ်ခေါ်ထားပါတယ်။ ဓာတ်ပုံ- BPLA ဒီနေ့ဟာ ၁၀၂၇ စစ်ဆင်ရေး နှစ်ပတ်လည်နေ့ဖြစ်ပါတယ်။ ညီနောင်မဟာမိတ်(၃)ဖွဲ့ရဲ့ ဦးဆောင်မှုအောက်မှာ ကျနော်တို့နွေဦးတော်လှန်ရေးတပ်ဖွဲ့တွေ အများကြီးတိုးတက်ဖြစ်ထွန်းခဲ့ပါတယ်။ ဒီကျေးဇူးကို ဘယ်တော့မှမေ့မှာမဟုတ်ပါဘူး။ ပြည်သူတွေကို အသိပေးချင်တာတခုက BPLAဟာ မကြာခင် အညာဒေသမှာအခြေချပြီး စစ်ဆင်ရေးတွေဖော်ဆောင်လာနိုင်တော့မယ်ဆိုတာပါပဲ။ အညာလူထုကလည်း ကျနော်တို့ကို ကြိုဆိုမယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။ Maung Saungkha ဆက်လက်ဖတ်ရှုရန်