Subscribe to Updates
Get the latest creative news from FooBar about art, design and business.
What's Hot
Author: Ka K
Connect Burma ၊ နိုဝင်ဘာ ၂၉ ရခိုင်ပြည်နယ်ထဲက သိမ်းပိုက်ဖို့ကျန်ရှိနေတဲ့ တောင်ကုတ်မြို့ကို အပြီးသတ်သိမ်းယူလိုက်ပြီလို့ အာရက္ခ တပ်တော် AA က ထုတ်ပြန်ထားပါတယ်။ အာရက္ခတပ်တော်အနေနဲ့ ရခိုင်ပြည်နယ်အတွင်းကသိမ်းပိုက်ဖို့ကျန်ရှိနေတဲ့ မြို့တွေကို အားလုံးကို တစ်မြို့မကျန် ဆက်လက်သိမ်းပိုက်ရယူနိုင်ဖို့ စစ်ကောင်စီတပ်စခန်းတွေကို တပြိုင်နက်ထိုးစစ်ဆင်တိုက် ခိုက်နေတယ်လို့ AA က ဆိုပါတယ်။ ယခုလတွေ အတွင်း အမ်း၊ တောင်ကုတ်၊ ဂွ မြို့နယ်တွေ က စစ်ကောင်စီ စခန်းတွေကို ဆက်တိုက်ထိုးစစ်ဆင်နေပြီး တောင်ကုတ်မြို့ကို ဦးစွာသိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။ တောင်ကုတ်မြို့ ကိုသိမ်းယူနိုင်ဖို့ စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့ စခန်း ၁၀ ကို သိမ်းယူခဲ့ရတယ်လို့ AA က ထုတ်ပြန်ပါတယ်။ အဲ့ဒီစခန်း ၁၀ ခုကို နိုဝင်ဘာလ (၄) ရက် ကနေ (၂၀) ရက်အတွင်း (၁၇) ရက်ကြာ ထိုးစစ်ဆင်တိုက်ခိုက်မှု အပြီး တောင်ကုတ်မြို့တစ်ခုလုံးအား နိုဝင်ဘာလ (၂၄) ရက်နေ့မှာ အလုံးစုံထိန်းချုပ်နိုင်တာဖြစ်တယ်လို့ဆိုပါတယ်။ အဲ့ဒီစခန်းတွေထဲမှာ မောင်တံဂိတ် စစ်စခန်းများ၊ တက္ကသိုလ်ကျောင်းဝင်း စစ်စခန်း၊ အာလိမ်ငါးဆင့်ဘုရားကုန်း စစ်စခန်း၊ ဖုန်ညိုတံတားအနီး စစ်ခန်းများ၊ တောင်ကုတ်မြို့အဝင် ဂိတ်စခန်း၊ သိမ်တောင် ဆုတောင်းပြည့်ဘုရားကုန်း စစ်စခန်း၊ ကြိုးကြာကွင်း စစ်စခန်း၊ ကိုင်းရှည်တံတားထိပ် စစ်စခန်း၊ သီရိဆေးရုံ စစ်စခန်းနဲ့ တောင်ကုတ်မြို့မရဲစခန်းတို့ဖြစ်တယ်လို့ သိရပါတယ်။ တောင်ကုတ်မြို့ပတ်ဝန်းကျင် က စစ်ကောင်စီ၏ စခန်းအားလုံးကို သိမ်းပိုက်ရယူပြီးနောက် စစ်ကောင်စီတပ်ရဲ့ တောင်ကုတ်မြို့အခြေစိုက် အဓိကစခန်းကြီးတွေဖြစ်တဲ့ စကခ (၅)…
မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ ICC ရှေ့နေရဲ့ လျှောက်ထားမှု နိုင်ငံတကာသတင်းဌာနကြီးတွေမှာ အထူးသတင်းအဖြစ် ဝေဝေဆာဆာ ဖော်ပြကြ နိုဝင်ဘာ ၂၈၊ ၂၀၂၄ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်း၀ရမ်းထုတ်ဖို့ ICC ရှေ့နေရဲ့ လျှောက်ထားမှုအပေါ် နိုင်ငံတကာသတင်းဌာနတွေမှာ ခေါင်းကြီးပိုင်းသတင်းတွေအဖြစ် ဝေဝေဆာဆာ ဖော်ပြခဲ့ကြပါတယ်။ မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ ICC ရှေ့နေချုပ် ကာရင် အာဆက် အာမက်ခန်က နိုင်ငံတကာ ရာဇဝတ်တရားရုံး ICC ကို မနေ့က နိုဝင်ဘာ ၂၇ ရက်မှာ တင်သွင်းလိုက်ပြီးတဲ့နောက် အခုလို နိုင်ငံတကာသတင်းဌာနတွေက အထူးသတင်းအဖြစ် ဦးစားပေး ဖော်ပြလာကြတာ ဖြစ်ပါတယ်။ အရှေ့တောင်အာရှက စစ်တပ်ထိပ်သီးခေါင်းဆောင်တွေထဲမှာ တရားမဝင် အာဏာသိမ်းထားတဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပထမဆုံးအကြိမ် ICC ရဲ့ ဖမ်း၀ရမ်းထုတ်ခံရဖို့ နီးစပ်လာတဲ့ အခြေအနေကို နိုင်ငံတကာ သတင်းဌာနတချို့က ရေးသားဖော်ပြလာခြင်း ဖြစ်ပါတယ်။ မင်းအောင်လှိုင်ကို ICC တရားရုံးက ဖမ်း၀ရမ်းထုတ်ရေး လျှောက်ထားလိုက်တဲ့ သတင်းတွေကို CNN ၊ Reuters ၊ AP ၊ AFP ၊ BBC တို့လို ကမ္ဘာ့နာမည်ကျော်သတင်းဌာနကြီးတွေအားလုံးမှာ ထိပ်တန်းသတင်းတွေအဖြစ် ဖော်ပြလာကြတာပါ။ ဒါ့အပြင် နိုင်ငံတကာက မြန်မာနိုင်ငံအကြောင်း မသိရှိသေးတဲ့ စာဖတ်ပရိတ်သတ်တွေအတွက် လူမျိုးတုံးသတ်ဖြတ်မှုတွေ ပြုလုပ်နေတဲ့ မင်းအောင်လှိုင်နဲ့ ပတ်သက်ပြီးတော့လည်း အကျယ်တဝင့် ရေးသားဖော်ပြမှုတွေ လုပ်ခဲ့ကြပါတယ်။ ရိုဟင်ဂျာတွေကို ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ ICC ရှေ့နေချုပ် ကာရင် အာဆက် အာမက်…
နိုဝင်ဘာ ၂၈၊ ၂၀၂၄ မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ကြိုးဝကျေးရွာအနီး တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးတပ်တွေ အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အယောက် ၃၀ ခန့်သေပြီး တပ်ကြပ်အဆင့် ၁ ယောက် ဖမ်းဆီးမိကာ လက်နက်အများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။ အကြမ်းဖက်စစ်သားတွေဟာ နိုဝင်ဘာ ၂၂ ရက်က ကြိုးဝကျေးရွာအတွင်းက အရပ်သားနေအိမ်တွေကို ဖောက်ထွင်းပြီး တန်ဖိုးရှိပစ္စည်းတွေကို ခိုးယူနေချိန် ဒရုန်းနဲ့ ၆၀ မမ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ ၄ ယောက်ဒဏ်ရာရရှိသွားပြီး တပ်ပြန်ဆုတ်သွားခဲ့ပါတယ်။ အဲဒီနောက် စစ်တပ် တပ်စွဲထားတဲ့နေရာကို နိုဝင်ဘာ ၂၆ ရက် မနက်ပိုင်းမှာ တော်လှန်ရေးတပ်တွေ အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံတပ်သား ၃၀ ခန့်သေပြီး တပ်ကြပ်အဆင့် ၁ ယောက် ဖမ်းမိခဲ့ကာ MA1 ၃ လက်၊ MA3 ၄ လက်၊ ၄၀ မမ ဗုံးပစ်လောင်ချာ ၁ လက်၊ ငါးကြင်းမြှီး စက်လက် ၁ လက်၊ ၆၀ မမ စိန်ပြောင်း ၁ လက်၊ ကင်းထောက် ဒရုန်း ၁ စီး၊ တိုက်ခိုက်ရေး ဒရုန်း ၁ စီး၊ ၅.၅၆ ကျည် ၁,၈၀၀ တောင့်၊ စက်လက်ကျည် ၄၅၀ တောင့်၊ ၆၀ မမ ဗုံးသီး ၇ လုံးနဲ့ ဒေသခံတွေထံက ခိုးယူထားတဲ့ ရွှေလက်ကောက်…
“အားကောင်းတဲ့ ဆိုက်ကလုံးမုန်တိုင်းအဝါရောင်အဆင့်တဲ့ဟေ့..မိုးမင်းသမီးလေး စုစုစံသတိပေး”
တောင်ကုတ်တွင် နောက်ဆုံးကျန်နေသည့် တပ်ရင်းနှစ်ခုနှင့် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် တခုလုံး အလံဖြူထောင် လက်နက်ချအညံ့ခံ ဧရာဝတီတိုင်းမ် နိုဝင်ဘာ ၂၇ ရက် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်အတွင်း စစ်ကောင်စီ၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အပါအဝင် တပ်ရင်းနှစ်ခုမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့ကြောင်း သိရသည်။ ယနေ့ နိုဝင်ဘာ ၂၇ ရက်နေ့တွင် တောင်ကုတ်မြို့ပြင် ၌ ကျန်ရှိနေသည့် စစ်ကောင်စီ၏ ခမရ ၃၄၆၊ ခမရ ၅၄၄ နှင့် စကခ ၅ အတွင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် AA ကိုပြန်လည်တိုက်ခိုက်မှု မပြုလုပ်တော့ဘဲ လက်နက်ချခဲ့ကြောင်း သိရသည်။ “စစ်တပ်က နဂိုကတည်းက အသံလွှင့်ပြီးသား။ AA လာတိုက်ရင် အသေမခံဘူး၊ အလံဖြူထောင်မယ်၊ လက်နက်ချမယ်ဆိုပြီး အသံပစ်ထားတာ။ အခုတိုက်ခံရတာ ရက်ပိုင်းအတွင်းကို အလံဖြူထောင်သွားတာ လို့ သိရတယ်”ဟု တောင်ကုတ်ဒေသခံတဦးက ဧရာဝ တီတိုင်းမ်ကို ပြောသည်။ ပြီးခဲ့သည့် နိုဝင်ဘာ ၉ ရက်နေ့ကတည်းက AA သည် တောင်ကုတ်မြို့အတွင်း စီးနင်းဝင်ရောက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မြို့အတွင်းမှ တိုက်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် မြို့ပြင်တွင်ကျန်ရှိနေသည့် တပ်ရင်းနှစ်ရင်း နှင့် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ထံ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ စစ်ကောင်စီက တောင်ကုတ်မြို့အတွင်းကို ပြီးခဲ့သည့် နိုဝင်ဘာ ၂၄ ရက်နှင့် ၂၅ ရက်နေ့တို့တွင် လေကြောင်း မှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး တောင်ကုတ်မြို့အတွင်းရှိ သိမ်တောင်၊ အင်းခုန်တောင်၊ ကိုင်းရှည် စသည့်ရပ်ကွက်များ ဗုံးထိမှန်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများခဲ့ကြောင်း သိရသည်။ လတ်တလောတွင် တပ်ရင်းနှစ်ခုနှင့်…
စစ်ခေါင်းဆောင်ကိုဖမ်းဝရမ်းထုတ်ရန် တောင်းဆိုချက်အပါအဝင် ICC ၏ပြောဆိုချက်များကို ဘယ်တုန်းကမှ အသိအမှတ်မပြုခဲ့ဟု စစ်ကောင်စီတုံ့ပြန်လိုက်သည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဆီးမိန့်ထုတ်ပေးရန် နယ်သာလန်နိုင်ငံအခြေစိုက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC)၏ ရှေ့နေချုပ်က ထိုတရားရုံး တရားသူကြီးများထံ ယနေ့ (နိုဝင်ဘာ ၂၇ ရက်တွင်) လျောက်ထားခဲ့ပြီးနောက် စစ်ကောင်စီကယင်းကဲ့သို့ တုံ့ပြန်ခြင်းဖြစ်သည်။ ရခိုင်ပြည်နယ်အတွင်း ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်များတွင်း သတ်ဖြတ်မှုများနှင့် ရိုဟင်ဂျာများ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့တိမ်းရှောင်ကြရသည့် အကြောင်းရင်းတို့ကို ၂၀၁၉ ခုနှစ်မှ စတင်စစ်ဆေးလာခဲ့ရာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရာဇဝတ်မှုအတွက် တာဝန်ရှိသူဟု သတ်မှတ်နိုင်ကြောင်း ICC ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။ ယခု ဖမ်းဝရမ်းလျောက်ထားမှုသည် မြန်မာနိုင်ငံမှ အဆင့်မြင့်အရာရှိတစ်ဦးကို ဖမ်းဆီးအမိန့်ထုတ်ရန် ပထမဆုံး လျှောက်ထားခြင်းဖြစ်သည်ဟုလည်း ICC က ဆိုသည်။ ဖမ်း၀ရမ်းထုတ်ရန် လျှောက်ထားသည့် လျှောက်လွှာတွင် စာရွက်စာတမ်း အထောက်အထားများ၊ သိပ္ပံနည်းကျ စစ်ဆေးအတည်ပြုထားသော သက်သေများ၊ ဓာတ်ပုံနှင့် ဗီဒီယိုသက်သေများအပါအဝင် လူပုဂ္ဂိုလ် သက်သေထွက်ဆိုချက်များ ပါဝင်သည်ဟုလည်း ICC က ဆိုသည်။ ဓာတ်ပုံ – EPA ဖတ်ရန်
ရန်ကုန်၊ နိုဝင်ဘာ ၂၇ ကရင်နီပြည်၊ လွိုင်ကော်မြို့သို့ ချီတက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၄၀ ကျော်သေဆုံးပြီး ၆ ဦးအရှင်ဖမ်းမိကာ လက်နက် ၂၂ လက်သိမ်းဆည်းရရှိခဲ့ကြောင်း KA စစ်ရေးဗိုလ်မှူးကြီးဖုန်းနိုင်နှင့် ကရင်နီစစ်ရေးသတင်းရင်းမြစ်တို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ပြောကြားသည်။ နိုဝင်ဘာလ ၂၅ ရက်နေ့က မိုးဗြဲမြို့မှတဆင့် လွိုင်ကော်မြို့သို့ အင်အား ၈၀ ကျော်ဖြင့် ချီတက်လာ သောအကြမ်းဖက်စစ်ကောင်စီ၏ တပ်မ ၆၆ လက်အောက်ခံ ခလရ ၈၀ မှ တပ်သားများကို မိုးဗြဲမြို့၊ ကုန်းသာကျေးရွာအနီး ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ချေ မှုန်းခဲ့ရာ အကြမ်းဖက်စစ်ကြောင်းတစ်ခုလုံး ချေမှုန်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “မိုးဗြဲမြို့၊ ကုန်းသာရွာတိုက်ပွဲမှာ ၅ ယောက်အရှင်မိတယ်၊ လက်နက် ၂၂ လက်ရပါတယ်။ ကျနော်တို့ သိမ်းဆည်းရရှိတာလောက်ပဲ သိရသေးတယ်။ တိုက်ပွဲက ၂၅ ၊ ၂၆ ရက်နေ့ ၂ ရက်ဖြစ်တာ၊ တိုက်ပွဲမှာတော့ ကျနော်တို့ဘက်က ရဲဘော်တွေထိခိုက်မှုမရှိပါဘူး” ဟု KA စစ်ရေးချုပ် ဗိုလ်မှူးကြီး ဖုန်းနိုင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ လွိုင်ကော်မြို့သို့ ချီတက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းတွင် အတင်းအဓမ္မစစ်မှုထမ်း စေခိုင်းခြင်းခံရသူ ၆ ဦးအရှင်ဖမ်းမိခဲ့ကြောင်း၊ စစ်သား ၄၀ ကျော်သေဆုံးကြောင်းလက်နက် ၂၀ ကျော် သိမ်းဆည်းရရှိကြောင်း ကရင်နီစစ်ရေးသတင်းရင်းမြစ်တစ်ခုကလည်း အတည်ပြုပြောကြား သည်။ “မနေ့က လွိုင်ကော်မြို့ဘေး တိုက်ပွဲမှာ ပြည်သူ့စစ်မှုထမ်းအသစ်တွေ ၆ ယောက်အရှင်မိတယ်၊ လက်နက် ၂၀…
ရန်ကုန်၊ နိုဝင်ဘာ ၂၇ ရခိုင်ပြည်မှ ရိုဟင်ဂျာများနှင့်ပတ်သက်၍ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများအတွက် ပြစ်မှုထင်ရှားသဖြင့် မြန်မာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ပေးရန် နိုင်ငံတကာရာဇဝတ်တရားရုံး (ICC)၏ ရှေ့နေချုပ် Karim A.A. Khan KC က ICC တရား ရုံးတွင် ယနေ့ လျှောက်ထားလိုက်ပြီဖြစ်ကြောင်း ICC တရားရုံး က ယနေ့ တရား ဝင် သတင်း ထုတ်ပြန်သည်။ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့မှ စတင်ပြီး ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်များအတွင်း မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှု သတ်ဖြတ်မှုလှိုင်းများနှင့် မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ရိုဟင်ဂျာများ ထွက်ခွာလာမှု နှင့် နောက်ဆက်တွဲ ရာဇဝတ်မှုများကို စုံစမ်း စစ်ဆေးခဲ့ကြောင်း၊ ကျယ် ကျယ် ပြန့်ပြန့် လွတ်လပ်ပြီး သမာသမတ်ကျတဲ့ စုံစမ်းစစ်ဆေးမှုအပြီး စစ်တပ်ကာ ကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်က လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ် မှုများအတွက် ရာဇဝတ်မှုကျူးလွန်သည်ဟု ICC တရားရုံးက ဆုံးဖြတ်ကောက် ချက်ချခဲ့ကြောင်း၊ စစ်တပ်က ရိုဟင်ဂျာများကို ညှဉ်းပန်းသတ်ဖြတ်မှုများနှင့် နှင်ထုတ်မှုများကို မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့တွင် ကျူးလွန်ခဲ့ကြောင်း ICC က ထုတ်ပြန်သည်။ ICC တရားရုံးက မင်းအောင်လှိုင်ကို ဖမ်းဝရမ်း ထုတ်ရန်လျှောက်ထားမှုသည် အဆိုပါ အမှုအတွက် ဖမ်းဝရမ်းထုတ်ရန် ပထမဆုံး လျှောက်ထားချက်ဖြစ်ပြီး နောက် ဆက်တွဲ…
စစ်ကောင်စီတပ် သေဆုံးထိခိုက်ရှိပြီး လက်နက်အချို့သိမ်းရ နိုဝင်ဘာလ ၂၆ ရက် ချင်းပြည်နယ် ဟားခါး – ထန်တလန်မြို့နယ်ကြားရှိ စီသရီးတောင်စခန်း(ပွိုင့် -၃ စခန်း)အမည်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ချင်းပြည်ကောင်စီ ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ချင်းသတင်းရင်းမြစ်တစ်ဦးက ပြောသည်။ ဟားခါး – ထန်တလန်ကြားတွင် တိုက်ပွဲများသုံးရက်ဆက်တိုက်ဖြစ်ပွားခဲ့ရာ ယခင် စစ်ကောင်စီတပ် သိမ်းထားသည့်စခန်းကို နိုဝင်ဘာ ၂၅ရက်ညနေပိုင်း၌ ချင်းပြည်ကောင်စီ ပူးပေါင်းတပ်က ပြန်လည်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ “ ဟားခါးနဲ့ ထန်တလန်ကြားမှာရှိတဲ့ စီသရီးလို့ခေါ်လို့ရတယ်။ အဲဒီစခန်းကို ညနေပိုင်း ၅နာရီနဲ့ မိနစ် ၂၀လောက်မှာ ချင်းပြည်ကောင်စီတပ်ဖွဲ့က သိမ်းပိုက်နိုင်တာပေါ့။ လက်နက်ခဲယမ်းတချို့နဲ့ စကစ အလောင်းလည်းရှိပါတယ်။ ပြီးရင် တချို့ထွက်ပြေးနိုင်တဲ့ သူတွေ ၉ယောက်လောက် ဟားခါး ပြည်သူ့ဆေးရုံမှာ ပို့ထားတယ်တဲ့။ ဟားခါးမှာ ရှိတဲ့ ဒေသခံတွေ ပြောကြားချက်အရ ကျနော်တို့သိရတယ်။ ဒီနေ့လည်း တိုက်ပွဲရှိပါတယ်”ဟု ချင်းသတင်းရင်းမြစ်က ပြောသည်။ စီသရီးတောင်စခန်း(ပွိုင့် -၃ စခန်း)သိမ်းတိုက်ပွဲဖြစ်ပွားချိန် စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ဟု ဆိုသည်။ “ကျနော်တို့ဘက်ကတော့ ထိခိုက်ဒဏ်ရာရတာတွေမရှိဘူးပေါ့။ အဲဒီလိုမျိုးရှိတယ်။ အခုဟားခါး ထန်တလန်ကြား တိုက်ပွဲရှိပါတယ်။ ဒီနေ့လည်း လေယာဉ်လာတယ်”ဟု ချင်းသတင်းရင်းမြစ်က ပြောသည်။ စီသရီးတောင်စခန်းသိမ်းတိုက်ပွဲမှ စစ်ကောင်စီတပ်၏ လက်နက် ၆လက်နှင့် ခဲယမ်းကျည်များကို ချင်းပြည်ကောင်စီ ပူးပေါင်းတပ်က ရရှိခဲ့ကြောင်း သိမ်းပိုက်ရရှိ လက်နက်ခဲယမ်း ဓာတ်ပုံမှတ်တမ်းတွင် တွေ့ရသည်။ ထို့အပြင် ဟားခါး – ထန်တလန်ကြားရှိ အော်တိုတောင်တွင်လည်း စစ်ကောင်စီနှင့် ချင်းပြည်ကောင်စီတပ်များနီးကပ်စွာ ရှိနေပြီး…