Author: Ka K

ဖာပွန်ရိုင်တွင် တပ်ဆုတ်၍ ပြန်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု တပ်ရင်း မှူး ၁ ဦး၊ တပ်ခွဲမှူး ၂ ဦးအပါအဝင် စစ်သား ၃၀ ဦး သေဆုံး၊ လက်နက် ၃၄ လက် သိမ်းဆည်းရရှိ ရန်ကုန်၊ အောက်တိုဘာ ၄ ကရင်ပြည်နယ်၊ မူတြော်(ဖာပွန်)ခရိုင်တွင် တပ်ဆုတ်၍ ပြန်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ တပ်ရင်း မှူး ၁ ဦး၊ တပ်ခွဲမှူး ၂ ဦးအပါအဝင် ၃၀ ဦးသေဆုံးပြီး လက်နက် ၃၄ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း KNU မူတြော်ခရိုင်က ပြောဆိုသည်။ စက်တင်ဘာလ ၃၀ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်ခန့်တွင် ဖာပွန်(မူတြော်)ခရိုင် လူသောမြို့နယ်၊ ဖာဂေါ်လိုးစခန်းမှ ခေးခို(ဘော်စဲခို)ဘက်ကို တပ်ပြန်ဆုတ်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို အမှတ် ၅ တပ်မဟာ လက်အောက်ရှိ ကရင်အမျိုးသား ဒေသ ကာကွယ်ရေးတပ်ဖွဲ့ ဝင်များက လယ်ဝါးထာနှင့် စောမူပလော ဒေသအရောက် မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်း ဖက် စစ်ကောင်စီတပ်မှ တပ်ရင်းမှူး ၁ ဦး၊ တပ်ခွဲမှူး ၂ ဦးအပါအဝင် စုစုပေါင်း ၃၀ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ ထို့ပြင် တိုက်ပွဲအတွင်း အကြမ်းဖက်စစ်သားများထံမှ ၆၀ မမ လက်နက်ကြီး ၅…

Read More

“မြန်မာပြည်ကြီး ပြန်လည်ငြိမ်းချမ်းမယ့်နေ့ရက် အတိကျကိုဟောကိန်းထုတ်လိုက်တဲ့နာမည်ကျော် ဆရာတော်ကြီး”

Read More

အောက်တိုဘာ ၄၊ ၂၀၂၄ မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ သန်းခေါင်စာရင်းကောက်ယူမှုမှာ ပါဝင်သူတွေအားလုံးကို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်လိုက်တယ်လို့ ရေးမြို့နယ် အခြေစိုက် ဒေါနစစ်ကြောင်း၂ ရေးပြောက်ကျားတပ်(YGF) က အသိပေးထုတ်ပြန်ပါတယ်။ စစ်ကောင်စီယန္တရားကို လည်ပတ်အောင်လုပ်ဆောင်နေသူ ရွေးကောက်ပွဲဖြစ်မြောက်ရေးအတွက် သန်းခေါင်စာရင်းကောက်ယူနေသူတွေကို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်တာကြောင့် ဝင်ရောက်ပူးပေါင်းဆောင်ရွက်ခြင်း မပြုဖို့ သတိပေးလိုက်တာပါ။ သန်းခေါင်စာရင်း လိုက်လံကောက်ယူမှုတွင် ပါဝင်ပတ်သက်ခြင်း လုံးဝ(လုံးဝ) မပြုလုပ်ကြရန် ပါဝင်ပတ်သက်သူ အားလုံးကို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်မယ်လို့ YGF ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ပြည်သူကရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရထံမှ မတရားအာဏာသိမ်းခြင်း၊ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်သော ပြည်သူများအပေါ်လက်နက်အားကိုးကာ အကြမ်းဖက်နည်းမျိုးစုံဖြင့် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပြည်သူလူထု၏ အိုးအိမ်စည်းစိမ်းများကိုဖျက်ဆီးခြင်းတို့ပြုလုပ်နေတဲ့ စစ်ကောင်စီကို လုံး၀မထောက်ခံဖို့လည်း အသိပေးတိုက်တွန်းထားပါတယ်။ မွန်ပြည်နယ်အတွင်း စစ်ကောင်စီထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ သန်းခေါင်စာရင်းကောက်ယူမှုတွေ ရှိနေပြီး တော်လှန်ရေးအင်အားစုများဘက်ကလည်း အဆိုပါကိစ္စရပ်တွေမှာ လုံး၀ပူးပေါင်းပါဝင်ခြင်း မပြုလုပ်ဖို့ တိုက်တွန်းထားပါတယ်။

Read More

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နေပြည်တော်တိုင်း စစ်ဌာန ဆေးတပ်ဌာနခွဲ တပ်သား သင်တန်းဆင်းပွဲပြုလုပ် ရန်ကုန်၊အောက်တိုဘာ ၃ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နေပြည်တော်တိုင်းစစ်ဌာန ဆေးတပ်ဌာနခွဲက ဦးစီးပြုလုပ်သော ရှေ့တန်းစစ်မြေပြင်ဆေးတပ်သားသင်တန်း သင်တန်းဆင်း အခမ်းအနားကို ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။

Read More

မြန်မာနိုင်ငံတစ်ဝန်းမှာ နောက်တစ်ကြိမ် ရေကြီးမြေပြိုတာ ထပ်ကြုံတွေ့ရမယ်လို့ စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက အောက်တိုဘာလ ၂ ရက်နေ့က ထုတ်ပြန်ပါတယ်။ ရေဘေးကြောင့် ထိခိုက်သေဆုံးမှုတွေ များခဲ့တဲ့ တိုင်းနဲ့ပြည်နယ်တွေမှာ အောက်တိုဘာလ ၂ ရက်နေ့ကနေ ၅ ရက်နေ့အထိ ရေကြီးမြေပြိုပြီး လေပြင်းတိုက်ခတ်မှုတွေ ရှိနိုင်တာကြောင့် သတိထားသွားလာဖို့ စစ်ကောင်စီလက်အောက်ခံ မိုးဇလက သတိပေးထားတာပါ။ တောင်တရုတ်ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ တိုင်ဖွန်းမုန်တိုင်း “ကရတ်သွန်” ကနေ ပြတ်ထွက်လာတဲ့ တိမ်တိုက်တွေကြောင့် နိုင်ငံတစ်ဝန်း မိုးသက်လေပြင်းတွေ ကျရောက်လာတာလို့ ဆိုပါတယ်။ တစ်ဆက်တည်းမှာပဲ လေပြင်းတိုက်ခတ်တာ၊ မိုးထစ်ချုန်းရွာတာ၊ မိုးကြိုးပစ်တာနဲ့ ရေကြီးမြေပြိုတာတွေ ဖြစ်လာနိုင်တာကြောင့် လွတ်ကင်းရာနေရာတွေကို ကြိုတင်ရှောင်ရှားကြဖို့ အသိပေးထားထားပါတယ်။ ညောင်ရွှေမြို့နယ်၊ အင်းလေကန်အတွင်းမှာ ရေဘေးကူညီနေသူတစ်ဦးကတော့ ဒီတစ်ကြိမ်သာ ရေထပ်ကြီးရင် နှစ်ထပ်အိမ်တွေလည်း တောင့်ခံနိုင်တော့မှာမဟုတ်ဘူးလို့ RFA ကို ပြောပါတယ်။ “စက်တင်ဘာလထဲမှာ တစ်ထပ်အိမ်တွေမြုပ်တဲ့အထိ ခံခဲ့ရတဲ့ ရေဘေးဒုက္ခသည်တွေကိုတောင် အိမ်ပြန်မပို့ရသေးဘူး။ အခု အောက်တိုဘာလထဲမှာပါ အရင်လို ရေထပ်ကြီးမယ်၊​ မြေပြိုမယ်ဆိုရင် ကျွန်တော်တို့ နှစ်ထပ်အိမ်တွေ၊ ဘုန်းတော်ကြီးကျောင်းတွေတောင် ခံနိုင်ပါ့မလား။ အခုတောင် စားဝတ်နေရေးခက်လို့ အလှူရှင်တွေကို အားကိုးနေရတာ။ မြေပြိုလို့ အလှူရှင်တွေမလာနိုင်ရင် ကျွန်တော်တို့ အင်းကန်ထဲကသူတွေ အကုန်ဒုက္ခရောက်ကုန်တော့မှာ” ပဲခူးတိုင်း၊ တောင်ငူမြို့မှာ ရေဘေးကူညီကယ်ဆယ်ရေးကို လုပ်ကိုင်နေသူတွေကတော့ ပထမတစ်ကြိမ်ရေဘေးမှာ မိသားစုဝင်တွေနဲ့ အိမ်တွေဆုံးရှုံးခဲ့ရသူတွေကို လက်ရှိအချိန်အထိ ပြန်လည်ထူထောင်ရေး မလုပ်ပေးနိုင်သေးဘူးလို့ ပြောပါတယ်။ စက်တင်ဘာလ ၂၁ ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ ရေဘေးအလှူငွေလက်ခံတဲ့ အခမ်းအနားမှာ ငွေကျပ်…

Read More

▪︎​ဒေသတွင်အင်အားအ​တောင့်တင်းဆုံး ခလရ (၂၉၇)ကိုသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ် ▪︎​၄ ရက်အတွင်း KIA က ချီ​ဖွေမြို့နှင့် ​ဆော့​လော်မြို့တိုကိုသိမ်းပိုက် ဟန်နွေ၊လူ​အေး /People’s Spring ကချင်ပြည်နယ် ဆော့လော်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF)ပူးပေါင်းတပ်ကယနေ့(​အောက်တိုဘာ ၂) မနက်တွင် အပြီးသတ် သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။ စက်တင်ဘာ ၂၉ရက်နှင့် ၃၀ရက်တွင် ချီဖွေမြို့ကို KIA/PDF ပူးပေါင်းတပ်က သိမ်းပိုက်ပြီးနောက် နှစ်ရက်အကြာ အောက်တိုဘာ ၂ရက်မနက်အစော ပိုင်းတွင်ဆော့လောမြို့ကိုပါထပ်မံ သိမ်းပိုက်နိုင်ခဲ့ခြင်းလည်းဖြစ်​ကြောင်းစစ်​ရေးရင်းမြစ် ၅ ဦးက​ပြောသည်။ “မြို့နယ်အဆင့် ဆော့လော်မြို့ သိမ်းတာပါ။ ရဲစခန်း ၊ ဌာနဆိုင်ရာ ရုံးတွေ၊ တပ်စခန်းတွေလည်းသိမ်းရပါတယ်။ နဂိုရ်ကတည်းက မြို့ကွက်ကွက်လေးနဲ့ တပ်ပဲ ကျန်ပါတယ်။ လမ်းကြော ဖြတ်တောက်ပိတ်ဆို့ထားတာ ၁နှစ်ကျော်ခန့်ရှိပါပြီ။တခါတလေရိက္ခာ ချပေးတာနဲ့ အသက်ဆက်နေကြတာပါ” ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ ဆော့လော်မြို့ရှိ အမှတ် ၂၉၈ ​ခြေလျင်တပ်ရင်း(ခလရ-၂၉၈) တပ်စခန်း ကို အောက်တိုဘာ ၂ရက် မနက် ၇နာရီခွဲတွင် သိမ်းပိုက်ခဲ့ရာ လက် နက်ခဲယမ်းနှင့် စစ်သုံ့ပမ်းများ ရရှိခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်က အသိပေးသည်။ဆော့လော်မြို့သိမ်းပိုက်နိုင်ရေးအတွက် ၂ရက်ကြာ တိုက်ခိုက်ခဲ့ရသည်ဟုလည်း ၎င်းက ဆိုသည်။ အခြား သတင်းရင်းမြစ်တစ်ဦးကလည်း “ဟုတ်တယ် မြို့သိမ်းလိုက်ပြီ။ ကွန်ဖန်းတယ်။ ဒီနေ့မနက် ၆နာရီကနေ ၉နာရီ အကြားထဲမှာ အကုန်လုံးပြီးစီးသွားပြီ။ “ ဟု ဆော့လော်မြို့သိမ်းတိုက်ပွဲ အခြေအနေကို People’s Spring သို့ပြောသည်။ အခြားကချင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း ဆော်လော်မြို့ နှင့် အတူ စစ်ကောင်စီ…

Read More

အောက်တိုဘာ ၂၊ The Nation Voice မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ရေလှောင်တမံလေးဆယ်ကျော် ရေကျော်လွန်နေတဲ့အတွက် ဆည်တချို့ ရေဖောက်ချနေရတယ်လို့ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ဒီနေ့အောက်တိုဘာလ ၂ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ထိန်းသိမ်းထားတဲ့ ရေလှောင်တမံ ၂၄၆ခုအနက် ရေလှောင်တမံ ၄၇ခုဟာ စက်တင်ဘာ ၂၉ ရက်မှာ ကန်ရေပြည့် အမှတ် အထက်ကျော်လွန်ပြီး ရေပိုလွှဲမှရေကျော် စီးဆင်းခဲ့တယ်လို့ သိရပါတယ်။ ရေပိုလွှဲမှရေကျော် စီးဆင်းခဲ့တဲ့ ရေလှောင်တမံတွေဟာ ကရင်ပြည်နယ်မှာတစ်ခု၊ချင်းပြည်နယ်မှာသုံးခု၊စစ်ကိုင်းတိုင်းမှာနှစ်ခု၊ပဲခူးတိုင်းမှာ ၁၁ခု၊ မကွေးတိုင်းမှာ ၁၁ခု၊ မန္တလေးတိုင်းမှာ လေးခု၊ နေပြည်တော်မှာနှစ်ခု၊ မွန်ပြည်နယ်မှာနှစ်ခု၊ ရခိုင်ပြည်နယ်မှာတစ်ခု၊ ရန်ကုန်တိုင်းမှာသုံးခု၊ ရှမ်းပြည်နယ်တောင်ပိုင်းမှာနှစ်ခု၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှာတစ်ခုနဲ့ ဧရာဝတီတိုင်းလေးခုဖြစ်ပြီးစုစုပေါင်း ၄၇ခုရေကျော်နေတာဖြစ်ပါတယ်။ အဆိုပါရေလှောင်တမံတွေဟာ ကြံ့ခိုင်မှုကောင်းမွန်သလို တာဝန်ကျဝန်ထမ်းတွေကိုလည်း ၂၄ နာရီ ရေကင်းတာဝန်ချထားပြီး အနီးကပ် စောင့်ကြည့်နေတဲ့အတွက် စိုးရိမ်စရာမရှိဘူး လို့ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။ မန္တလေးတိုင်းအတွင်းမှာ ကင်းတားဆည် ရေထုတ်လွှတ်ထားတာဖြစ်လို့ မြစ်ချောင်းဘေး နေထိုင်သူတွေနဲ့ ကျေးရွာအုပ်စုတွေ အမြန်ပြောင်းရွှေ့ဖို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က အောက်တိုဘာ၁ရက်နေ့မှာ လိုက်လံအသိပေး ကြေညာပေးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကင်းတားဆည်ရေလှောင်တမံဟာ အောက်တိုဘာလ ၁ ရက်နေ့မှာ ဆည်ရေ ပြည့်အမှတ် ၆၇၇.၃၂ ပေကိုရောက်ရှိပြီး လက်ရှိမိုးရွာသွန်းမှုအခြေအနေကြောင့် ရေပိုလွှဲရေတံခါးကနေ ၁.၆၄ ပေ နှစ်ပေါက် ဖွင့်လှစ်ထားရှိရာမှ ရေထွက်ပေါက်လေးပေါက်အထိ ရေထပ်မံထုတ်လွှတ်ထားတယ်လို့ သိရပါတယ်။ ရေပိုလွှဲရေတံခါးမှ ၁.၆၄ပေ ရေထွက်ပေါက် လေးပေါက် ထပ်မံရေထုတ်လွှတ်နေမှာဖြစ်တာကြောင့် ပန်းလောင်းမြစ်ကမ်းဘေးကရွာတွေ ရေထပ်မံမြင့်တက်လာနိုင်တဲ့အတွက် ကုန်းမြင့်ရှိရာ ဒေသတွေဆီ ပြောင်းရွှေ့နေထိုင်ကြဖို့အတွက် အသိပေးထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

Read More

ရခိုင်ပြည်နယ်ရှိ စစ်ကောင်စီထိန်းထားဆဲ စစ်တွေ၊ ကျောက်ဖြူ၊ အမ်း၊ တောင်ကုတ်မြို့တို့တွင် သန်းခေါင်စာရင်းများ ကောက်ယူနေကြောင်း သတင်းရရှိသည်။ သန်းခေါင်စာရင်းကောက်ယူရန်အထွေထွေအုပ်ချုပ်ရေး ဝန်ထမ်းများနှင့် ပညာရေးဝန်ထမ်းတို့ကို စက်တင်ဘာ အတွင်းက သင်တန်းပေးခဲ့ကာ ယနေ့တွင် စတင်ကောက်ယူနေပြီဖြစ်ကြောင်း မြို့ခံများက ဆိုသည်။ စစ်တွေမြို့ခံတဦးက “ပညာရေးဌာနက ဆရာမတွေ၊ ထွေအုပ်စာရေးတွေ တူညီဝတ်စုံ ဝတ်ပြီးတော့ ရပ်ကွက်တွေမှာ ဒီနေ့ သန်းခေါင်စာရင်း လိုက်ကောက်နေတယ်။ အိမ်မှာရှိတဲ့ လူစာရင်းအရေအတွက်ကို Tablet မှာ ဖြည့်တယ်။ သူတို့ ပြောတာ က ဒစ်ဂျစ်တယ်စနစ်နဲ့ ကောက်ယူတာလို့ ပြောတယ်” ဟုပြောသည်။ အဆိုပါ သန်းခေါင်စာရင်း ကောက်ယူသည့် ဝန်ထမ်းများကို ထမင်းဖိုး တနပ် ၅၀၀၀ ကျပ်နှင့် ဆိုင်ကယ် ဆီဖိုးထောက်ပံ့ ကာ ရဲအင်အားအလုံးအရင်းဖြင့် လုံခြုံရေးယူပေးထားကြောင်းလည်း သိရသည်။ အလားတူ တောင်ကုတ်မြို့နှင့် ကျောက်ဖြူမြို့တို့တွင်လည်း စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများက ယနေ့ သန်းခေါင် စာရင်း ကောက်ယူနေကြကြောင်း မြို့ခံများက ပြောသည်။ တောင်ကုတ်မြို့ခံတဦးက “သန်းခေါင်စာရင်း ကောက်တာကို ပြည်သူတွေက စိတ်ဝင်စားသလား ဆိုတာထက် သူတို့လာ ကောက်တဲ့အချိန်တဲ့ ဒီအိမ်လူ မရှိဘူးဆိုရင် ပြဿနာရှာနိုင်တဲ့အတွက် သူတို့လာမှာကို ကြိုပြီးကို စောင့်နေကြရတာ။ မေးတာကို ဖြေပေးလိုက်တယ်။ ပြဿနာ မရှာရင် ပြီးရော။ အဲဒီလို သဘောပါပဲ” ဟုပြောသည်။ စစ်ကောင်စီက ၂၀၂၄ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းကို နေပြည်တော်အပါအဝင် တိုင်း နှင့်ပြည်နယ်အသီးသီး၌ စာရင်းကောက်ယူသူ ၄ သောင်း ၂ ထောင်ခန့်ဖြင့် စတင်ကောက်ယူနေပြီဖြစ်ကြောင်းနှင့်…

Read More