Author: Ka K

အကြမ်းဖက်သံသယဖြင့် စစ်ဆေးနေကြောင်းသတင်းထုတ်ပြန် ———————– Myanmar Now ပြီးခဲ့သည့်စနေနေ့(နိုဝင်ဘာ ၃၀) နံနက်အစောပိုင်းက ကပ္ပလီပင်လယ်ပြင်အတွင်း စစ်ကောင်စီရေတပ်က ဖမ်းဆီးခဲ့သည့် ထိုင်းငါးဖမ်းစက်လှေတွင် လိုက်ပါလာသည့် ထိုင်းလေးဦးနှင့် မြန်မာ၂၇ ဦးကို ပြန်မလွှတ်သေးဘဲ အကြမ်းဖက်အဖွဲ့များနှင့် ဆက်နွယ်ကြောင်း သံသယဖြင့် စစ်ဆေးနေကြောင်း စစ်ကောင်စီပြောခွင့်ရအရာရှိကဆိုသည်။ မြန်မာနှင့်နယ်နိမိတ်ထိစပ်နေသည့် ရနောင်းခရိုင်ပင်လယ်ပြင်အတွင်း ငါးဖမ်းနေသည့် ထိုင်းငါးဖမ်းစက်လှေကို စစ်ကောင်စီရေတပ်က ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း ထိုင်းရေတပ်က သတင်းထုတ်ပြန်ထားပြီး လှေပေါ်ပါထိုင်းနိုင်ငံသားလေးဦးကို ပြန်လွှတ်ပေးရန် ထိုင်းအစိုးရက တောင်းဆိုထားသည်။ စစ်ကောင်စီကတော့ ငါးဖမ်းစက်လှေများသည် မြန်မာရေပိုင်နက်အတွင်းဝင်ရောက်ခဲ့သဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ လှေပေါ်ပါလာသူများကို အကြမ်းဖက်သံသယဖြင့် စစ်ဆေးနေကြောင်း ယနေ့ညပိုင်းတွင် သတင်းထုတ်ပြန်လိုက်သည်။ “လက်နက်ခဲယမ်းမဟုတ်တဲ့ အကြမ်းဖက်အဖွဲ့တွေနဲ့ ဆက်နွယ်နေတဲ့ ပစ္စည်းများတွေ့ရှိရတဲ့အတွက် စစ်ဆေးလျှက်ရှိပါတယ်” ဟုစစ်ကောင်စီပြောခွင့်ရအရာရှိ ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းဌာနများကို ပေးပို့သည့် ကြိုတင်အသံသွင်းထားသည့် ဖြေဆိုချက်တွင် ထည့်သွင်းပြောကြားခဲ့သည်။ စစ်ကောင်စီက “အကြမ်းဖက်အဖွဲ့” ဟုရည်ညွှန်းပြောဆိုခဲ့သော်လည်း အဖွဲ့အစည်းအမည်ကို တိတိကျကျပြောဆိုခဲ့ခြင်းမရှိပါ။ စစ်ကောင်စီသည် ၎င်းတို့ကိုဆန့်ကျင်သည့် အဖွဲ့အစည်းများကို အကြမ်းဖက်အဖွဲ့အဖြစ် မကြာခဏကြေညာလေ့ရှိသည်။ ပုံစာ – ၂၀၁၉ အတွင်းက ကိုကိုးကျွန်းအနီးစစ်ရေးလေ့ကျင့်နေသည့် မြန်မာရေတပ်သင်္ဘော (ဓာတ်ပုံ -စစ်ကောင်စီ)

Read More

မဲဆောက်၊ ဒီဇင်ဘာ ၂ ထိုင်းနိုင်ငံတွင် တရားမဝင် အလုပ်လုပ်ကိုင်နေသည့် မြန်မာ၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နှင့် လာအိုနိုင်ငံတို့မှ ရွှေ့ပြောင်းအလုပ်သမားများအားလုံးကို လွတ်လွတ်လပ်စွာ နေထိုင်ခွင့်ပြုကြောင်း ထိုင်းဝန်ကြီးချုပ်က အမိန့်ထုတ်ပြန်ထား သည်။ အဆိုပါ လွတ်လပ်စွာ နေထိုင်ခွင့်ပြုခြင်းကို ပြီးခဲ့သည့် နိုဝင်ဘာ ၂၈ ရက်က ထိုင်းဝန်ကြီးချုပ် ဖယ်ထောင်ထန် ရှင်နာဝပ်နှင့်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ဝန် ကြီး အနုထင် ချန်ဝီလကွန်တို့မှ လက်မှတ်ရေးထိုး၍ အမိန့်ထုတ်ပြန်ခဲ့ခြင်းဖြစ် သည်။ ထိုင်းတွင် တရားမဝင် အလုပ်လုပ်ကိုင်နေသည့် မြန်မာ အပါအဝင် နိုင်ငံခြား သား အလုပ်သမားများကို နိုဝင်ဘာ ၂၈ ရက်မှစတင်၍ ဒီဇင်ဘာ ၃၀ ရက်အထိ လွတ်လပ်စွာ နေထိုင်ခွင့်ပြုကြောင်း ထိုင်းဝန်ကြီးချုပ်နှင့်၊ ပြည်ထဲရေးဝန်ကြီးတို့၏ အမိန့်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယင်း အမိန့်ထုတ်ချက်အရ ထိုင်းနိုင်ငံတွင် နိုင်ငံကူးလက်မှတ် PJ, PV, CI, စသည့် စာအုပ်ကိုင်ဆောင်၍ အလုပ်လုပ်နေသော်လည်း စာအုပ်သက်တမ်းကုန်ဆုံးနေသူများနှင့် အထောက်အထား (လုံးဝ) မရှိသည့် အလုပ်သမားများအားလုံး အကြုံဝင်မည်ဖြစ်သည်။ ထိုသို့ တရားမဝင် နိုင်ငံခြားသားအလုပ်သမားများကို လွတ်လပ်စွာနေထိုင်ခွင့်ပြုထားသော်လည်း အလုပ်ရှင်အနေဖြင့် သက်ဆိုင်ရာနယ်မြေရှိ အလုပ်သမားစီမံခန့်ခွဲရေး(ကျတ်ဟာငန်)ရုံးသို့ မိမိအလုပ်သမား၏ နာမည်၊ နေရပ်လိပ်စာ၊ အသက်၊ မည်သည့်နိုင်ငံသား၊ အမျိုးသား/အမျိုးသမီး ဖြစ်ကြောင်း စသည့် အချက်အလက်များ ပေးပို့ထားရမည်ဖြစ်ကြောင်း သိရသည်။ မှတ်ချက် : ပြီးခဲ့သည့် နိုဝင်ဘာ ၂၈ ရက်က ထိုင်းဝန်ကြီးချုပ်နှင့် ပြည်ထဲရေး ဝန်ကြီးတို့၏ အမိန့်ထုတ်ပြန်ချက်ကို မြဝတီမဲဆောက်မီဒီယာ ဆီလျှော်အောင်…

Read More

🟥 “သူက ဘုရားအလောင်းဖြစ်တဲ့ အတွက် ပါရမီဖြည့်ဖက် လုပ်ရမယ်။ ဒါကြောင့် သူနဲ့ကလေးမွေးပေးရမှာ။ အဲ့ကလေးကို မျိုးဆက်ချန်ရမှာ” ဟု ပြောဆို လိင်ပိုင်းဆိုင်ရာ စော်ကားကျူးလွန် ရန်ကုန်၊ ဒီဇင်ဘာ ၂ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်တွင် စစ်တပ်က ကိုးကွယ်သည့် မြကျောက် အပ္ပမာဒမဟိဒ္ဓိကျောင်းထိုင် ဘုန်းကြီးက စစ်ဘေးရှောင် အပါအဝင် အမျိုးသမီး ၂၀ ကျော်ကို လိင်ပိုင်းဆိုင်ရာ စော်ကားပြီး အသက် အန္တရာယ် ခြိမ်းခြောက်မှုများ လုပ်ဆောင်ခဲ့ကြောင်း ကျူးလွန်ခံရသူတချို့နှင့် အနီးကပ်နေထိုင်ခဲ့ရသူတချို့က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ပြင်ဦးလွင်မြို့နယ်၊ အင်းကြီးစံပြရွာ၊ အနီးစခန်း စည်သာဆည်အနီးရှိ မြကျောက်အပ္ပမာဒမဟိဒ္ဓိကျောင်းတွင် နေထိုင်သော ကျောင်းထိုင် ဘုန်းကြီး အပ္ပမာဒမဟိဒ္ဓိ ဆရာတော် အရှင်ဝါသဝ ဆိုသူက စစ်ဘေးရှောင် ပြည်သူများ အပါအဝင် အမျိုးသမီး ၂၀ ကျော်ကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုများ လုပ်ဆောင်ခဲ့ကြောင်းသိရသည်။ အဆိုပါ ဘုန်းကြီးကျောင်းကို စစ်ဘေးတိမ်းရှောင်လာသော အမျိုးသမီးများနှင့် တရားစခန်း ဝင်လာသော အမျိုးသမီးများကို ပစ်မှတ်ထား၍ သီလရှင် ဝတ်ခိုင်းပြီး ကျောင်းထိုင် ဘုန်းကြီးက သာသနာအတွက် ပါရမီ ဖြည့်ဖက် လုပ်ဆောင်ရမည်ဟု စည်းရုံးသိမ်းသွင်းပြီး မျိုးဆက်ပွားရမည်ဟုဆိုကာ အမျိုးသမီးများကို လိင်ပိုင်ဆိုင်ရာ စော်ကားခဲ့ခြင်းဖြစ်ကြောင်း၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရသော အမျိုးသမီးများကိုလည်း ကျောင်းတိုက်အတွင်း ပိတ်လှောင်ပြီး ရိုက်နှက် နှိပ်စက်ခြင်း၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့သည်များကို ထုတ်ဖော် ပြောဆိုလျှင် သတ်ပစ်မည်ဟု ခြိမ်းခြောက်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။ “သူက ဘုရားအလောင်းဖြစ်တဲ့ အတွက်…

Read More

🟥မင်းအောင်လှိုင်နှင့်ပတ်သက်သူအားလုံး ပျက်စီးဆုံးရှုံးမှုများသာ မလွဲမသွေရင်ဆိုင်ကြုံတွေ့ရမည်ဟု သတိပေး ရန်ကုန်၊ ဒီဇင်ဘာ ၁ နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) က ဖမ်း၀ရမ်းထုတ်တော့မည့် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဆီးနိုင်ရေးနှင့် တရားစီရင်နိုင်ရေးအတွက် အစွမ်းကုန် အရှိန်မြှင့် ကြိုးပမ်းအားထုတ်မည်ဖြစ်ကြောင်း အမျိုးသာညီ ညွတ်ရေးအစိုးရ-NUG ၊ ကရင်အမျိုးသားအစည်းအရုံး-KNU ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ-KNPP နှင့် ချင်းအမျိုးသားတပ်ဦး-CNF တို့က ပူးတွဲကြေ ညာချက်တစ်ရပ်ကို ထုတ်ပြန်လိုက်သည်။ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုဖြင့် ဖမ်းဝရမ်းထုတ် ခံရမည့် တရားခံ မင်းအောင်လှိုင်ကို နိုင်ငံတကာက ဖမ်းဆီးအရေးယူနိုင်ရေး၊ အလား တူ မြန်မာပြည်သူလူထုအပေါ် ကျူးလွန်သည့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သော ရာဇဝတ်မှုများကိုလည်း ဖော်ထုတ်ပြီး နိုင်ငံတကာ ဥပဒေများနှင့်အညီ ICC၊ ICJ စသည့် နိုင်ငံတကာတရားစီရင်ရေးယန္တရားများမှတဆင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေးအတွက် အစွမ်းကုန်အရှိန်မြှင့် ကြိုးပမ်းအားထုတ် သွားမည်ဖြစ်ကြောင်း ယမန်နေ့ ညပိုင်းတွင် ပူးတွဲ ကြေညာလိုက်ကြခြင်းဖြစ်သည်။ ရိုဟင်ဂျာများအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ရန်အတွက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) ၏ ရှေ့နေချုပ် Karim AA Khan က ICC သို့ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၇ ရက်နေ့က လျှောက်ထားလိုက်ကြောင်း၊ အပြည် ပြည် ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) ရှေ့နေချုပ်၏ ဆောင်ရွက်ချက်ကို ကြိုဆို ကြောင်း၊အဆိုပါဖြစ်ထွန်းမှုသည် မြန်မာ့တပ်မတော်သမိုင်းတွင် လူသားမျိုးနွယ်အပေါ်ကျူးလွန်သော ရာဇဝတ်မှုတရားခံအဖြစ် နိုင်ငံတကာတရားရုံးတစ်ခု၏ ဖမ်းဝရမ်းထုတ်ရန် ပထမဆုံး…

Read More

သုည/People’s Spring မြန်မာ့ရိုးရာလက်ဝှေ့ကျော် စိုးလင်းဦးသည် ကရင်ပြည်နယ်တွင် ကားတိမ်းမှောက်၍ ဒဏ်ရာရရှိခဲ့ကြောင်း လက်ဝှေ့နှင့်နီးစပ်သည့် အသိုင်းအဝိုင်းက ပြောသည်။ နိုဝင်ဘာ ၃၀ရက် ညနေပိုင်းက တောင်ကုန်းပေါ်ကအဆင်း ကားဘရိတ်ပေါက်၍ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း စိုးလင်းဦးက လူမှုကွန်ယက်မှတဆင့် ပရိသတ်များအား အသိပေးခဲ့သည်။ သို့သော် ယာဉ်တိမ်းမှောက်သည့်နေရာကိုမူ ဖော်ပြထားခြင်း မရှိပေ။ “မနေ့ညနေက ကျွန်တော်တစ်ယောက်ထဲ တောင်ကုန်းပေါ်ကအဆင်းကားဘရိတ် မမိတော့လို့ ကားနဲ့အတူ တောင်ကုန်းပေါ်ကနေ အောက်ထိလိမ့်ကျခဲ့ပါတယ်။ ဘုရားပေးတဲ့အသက်ပဲ ကျန်ပါတော့တယ်”ဟု စိုးလင်းက အသိပေးထားသည်။ အဆိုပါ ကားတိမ်းမှောက်မှု ဒဏ်ရာကြောင့် လာမည့် ဇန်နဝါရီအတွင်း ထိုင်းနိုင်ငံတွင် ထိုးသတ်မည့် One Championship ပွဲစဥ်ကို လွဲချော်မည် ဖြစ်ကြောင်း စိုးလင်းဦးက ဆိုသည်။ “ရှေ့လပွဲကတော့ ကျွန်တော့်အခြေအနေကြောင့် မထိုးနိုင်သေးပါဘူး။ ဆုတောင်းပေးကြတဲ့သူ ကူညီပေးကြတဲ့သူ အယောက်စီတိုင်းကို ကျေးဇူးတင်ပါတယ်”ဟု ၎င်းက ဆိုသည်။ မြန်မာ့လက်ဝှေ့​​ကျော်စိုးလင်းဦးသည် One Championshipက ကျင်းပသည့် မွေထိုင်းပြိုင်ပွဲများတွင် ဝင်ရောက်ထိုးသတ်နေပြီး ပွဲစဥ် (၄)ပွဲ ထိုးသတ်ခဲ့ရာ (၃)ပွဲနိုင် (၁)ပွဲရှုံးရလဒ်ပိုင်ဆိုင်ထားသည်။ ဓာတ်ပုံ – စိုးလင်းဦး (ဒို့ရိုးရာ)

Read More

ရုပ်သံသည် နှလုံးမကောင်းသူများ မကြည့်ရှုသင့်ပါ…ဤနေရာတွင်တင်ရန်အဆင်မပြေပါ၍ အောက်က telegram ကို သွားကြည့်ပေးပါ။ ကြည့်လိုပါက ဒီနေရာကိုနှိပ်ပါ မျိုးချစ်အဖွဲ့ဝင် သွေးသောက်အဖွဲ့ခေါင်းဆောင်ဆိုသူ မင်းမင်း နေပြည်တော်တွင် အသတ်ခံရ ဧရာဝတီတိုင်းမ် နိုဝင်ဘာ ၃၀ ရက် မဘသနှင့်မျိုးချစ်အဖွဲ့ဝင် သွေးသောက်အဖွဲ့ခေါင်းဆောင်ဆိုသူ မင်းမင်းကို စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်တွင် သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ကြိုးကြာနီပြည်သူ့ ကာကွယ်ရေးတပ်ထံက သိရသည်။ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ပျဉ်းမနား-တောင်ညိုလမ်းပိုင်းတွင် ကြက်ဝိုင်းကိုဆပ်ကြေးကောက်ရန်လာစဉ် ယမန်နေ့ နိုဝင်ဘာ ၂၉ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်ကပစ်ခတ်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ “ကြက်ဝိုင်းကိုဆပ်ကြေးလာကောက်နေကြသူက၊ လာ တိုင်းမှာ လက်နက်အမြဲပါတယ်။ ရဲဘော်နှစ်ယောက်က အရဲစွန့်ဝင်ရှင်းတော့ ဓားရှည်ပဲပါလာတာတွေ့ရတယ်။ သူ့ကိုပစ်တော့ ဘေးကနောက် လိုက်ကောင်က ဓားနဲ့ဝင်ခုတ်လို့ သူ့ကိုပါရှင်းခဲ့လိုက်တာ။ ဘေးမှာစစ်ကားတွေလည်းရှိတယ်”ဟု ကြိုးကြာနီပြည်သူ့ကာကွယ်ရေးတပ်၊ မကွေးအရှေ့ခြမ်းတာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။ ကိုမင်းမင်းသည် မဘသနှင့်အမျိုးသားလှုပ်ရှားမှုများတွင် ပါဝင်သူဖြစ်ပြီး လင်းယုန်ပရဟိအဖွဲ့အမည်ခံကာ သွေးသောက်အဖွဲ့အတွက် လက်နက်များအလှူခံပေးသူဖြစ်ကြောင်း သိရသည်။ သတ်ဖြတ်ခံရသူ သွေးသောက်အဖွဲ့ခေါင်းဆောင်မင်းမင်းသည် လူမှုကွန်ရက်တွင် တော်လှန်ရေးအင်အားစုများနှင့် ၎င်းတို့ကိုဆန့်ကျင်သူများကို ဖမ်းဆီးသတ် ဖြတ်ရန် အမြဲလှုံ့ဆော် ဆဲဆိုနေသူဖြစ်ပြီး၊ လက်နက်မျိုးစုံကိုင်ဆောင်ကာ ခြိမ်း ခြောက်ပြောဆိုနေသူလည်းဖြစ်သည်။ “သူအသတ်ခံရတယ်ဆိုတာ ယုံတောင်မယုံနိုင်ဘူး။ လိုင်းပေါ်ကနေ အမျိုးမျိုးပြောဆို လက် နက်ပြပြီး ရမ်းကားနေတာ။ သူသေတာ ဝမ်းသာလွန်းလို့။ တော် လှန်ရေးအဖွဲ့တွေက အဲဒီလိုလူတွေကို များများရှင်းနိုင် လေကောင်းလေပါပဲ။ လုံခြုံလှပြီထင်ပြီး လူတွေကို ဆဲဆို ရမ်းကား မိုက်ကြေးခွဲနေတာ”ဟု ရန်ကုန်မြို့နေ ပြည်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။…

Read More

ရန်ကုန်၊ နိုဝင်ဘာ ၃၀ နေပြည်တော်၊ ပုပ္ပသီရိမြို့နယ်၊ နေပြည်တော် -တောင်ညိုလမ်းမပေါ်တွင် စစ်လော်ဘီအကြီးစား မင်းမင်းနှင့်၎င်း၏ သက်တော်စောင့် တို့ကို ပစ်ခတ်ရှင်း လင်းခဲ့ရာ နေရာတွင်ပင်သေဆုံးသွားကြောင်း နတ်မောက်မြို့နယ်အခြေစိုက် ကြိုး ကြာနီတပ်ရင်း (BO-7) မှာ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။ ယမန်နေ့ နိုဝင်ဘာလ ၂၉ ရက် မွန်းလွဲ ၁ နာရီခန့်အချိန် တော်လှန်ရေးတပ်ဖွဲ့များ၏ သတင်းများကို စုံစမ်းရန် နေပြည်တော်၊ ပုပ္ပသီရိမြို့နယ်၊ နေပြည်တော် -တောင်ညိုလမ်းအတိုင်း ကားဖြင့် ဆင်းလာသော အကြမ်းဖက်စစ်တပ် လော်ဘီအကြီးစား မင်းမင်းနှင့် နောက် လိုက် ၃ ဦးတို့ကို လမ်းပိုင်းတနေရာအရောက် ဗိဿနိုး ပြည်သူ့ကာကွယ်ရေး တပ်မတော်၊နတ်မောက်မြို့နယ်အခြေစိုက် ကြိုး ကြာနီတပ်ရင်း (BO-7) ရဲဘော်များက ပစ်ခတ်ရှင်းလင်းခဲ့ရာ လော်ဘီမင်းမင်းနှင့် ၎င်း၏ နောက်လိုက်သက်တော်စောင့် ၁ ဦးတို့ သေဆုံးသွားကြောင်း၊ ကျန်နောက်လိုက် ၁ ဦးမှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။ “သူနဲ့ သူ့ရဲ့သက်တော်စောင့်တို့က ဓားနဲ့ပြန်ခုခံလို့ ပစ်ရှင်းလင်းခဲ့လိုက်တာ၊ နေပြည်တော် အပိုင် ထဲမှာပဲ တောင်ညိုနားမှာပေါ့၊ သူ့ လုပ်ရပ်တွေက မကွေး၊တောင်တွင်း၊ နတ်မောက် အဲဒီနေရာတွေမှာ လှုပ်ရှားတယ်၊ ကျော်စိုးဦးလို ပုံစံမျိုးမီဒီယာမှာအလုပ်လုပ်တယ်၊ သတင်းပေးတယ်၊ ထောက်လှမ်း ရေးတွေဘာတွေဆိုရင်လည်း သူ့တပည့်တွေနဲ့ ဝင်တယ်၊ သူကိုယ်တိုင် ပြည်သူတွေကို ရိုက်နှက်တာ၊ ရွာတွေကိုမီးရှို့တာ၊ သတ်တာတွေလည်း မနည်းတော့ဘူး။ ပြည်သူတစ်ယောက်ဆိုရင် သူရိုက်နှက် တာမခံနိုင်တော့လို့ တံတားပေါ်က‌နေခုန်ချအဆုံးစီရင်ပစ်လိုက်တာရှိတယ်။” ဟု နတ် မောက်မြို့…

Read More

ခါချဉ်တောင်ပေါ် တက်လာတဲ့ အကြမ်းဖက်စစ်သားတွေ အယောက် ၄၀ ခန့် သေစေခဲ့တဲ့ မိုင်းဆွဲတိုက်ခိုက်မှု (ရုပ်/သံ) ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အပိုင်ထဲက ပဲခူးရိုးမအတွင်းကို နိုဝင်ဘာ ၂၇ ရက်က စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေကို မြို့ချောင်း-စိန်ကန့်လန့် ရိုးမဖြတ်ကျော်လမ်း ခါ ချဉ်တောင်ပေါ်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ထံက သိရပါတယ်။ မိုင်းဆွဲခံရတဲ့ အကြမ်းဖက်စစ်သား အယောက် ၄၀ သေဆုံးခဲ့ပြီး ၁၅ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ အဲဒီနောက် နှစ်ဘက်အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှု နာရီဝက်ခန့်ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးရဲ ဘော် ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ထံက သိရပါတယ်။ ပဲခူးရိုးမထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေ မိုင်းဆွဲခံရပြီး အယောက် ၄၀ သေ   ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အပိုင်ထဲက ပဲခူးရိုးမအတွင်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား အယောက် ၄၀ သေဆုံးသွားတယ်လို့ သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) တပ်ခွဲ (၅) က သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၇ ရက်နေ့၊ မနက်အစောပိုင်းမှာ ပဲခူးရိုးမအတွင်း မြို့ချောင်း-စိန်ကန့်လန့် ရိုးမဖြတ်ကျော်လမ်းကနေ ခါချဉ်တောင်ပေါ်ကို အင်အား ၈၀ ခန့်နဲ့ တက်လာတဲ့ စစ်ကြောင်းကို ပဒေသာမိုင်းနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ “သူတို့က တောင်ပေါ်ကို ခြေလျင်လာတာ… ကားတွေကို ထားခဲ့ပြီးတော့။…

Read More

နိုဝင်ဘာ ၂၉၊ ၂၀၂၄ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်းတို့နဲ့ အနီးစပ်ဆုံးမြို့ဖြစ်တဲ့ ရခိုင်ရိုးမပေါ်က တောင်ကုတ်မြို့ကို AA က အလုံးစုံသိမ်းပိုက် ထိန်းချုပ်လိုက်ပြီဖြစ်ပြီး၊ မြို့နယ်တွင်း ကျန်ရှိနေသေးတဲ့ တပ်ရင်း ၃ခုကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ အာရက္ခတပ်တော် AA က အသိပေးထုတ်ပြန်ပါတယ်။ တောင်ကုတ်မြို့က စစ်တပ်စခန်း ၁၀ ခုကို သိမ်းပိုက်ရရှိပြီးတဲ့နောက် တောင်ကုတ်မြို့ကို ထိန်းချုပ်ကာ AA က မြို့နယ်တစ်ခုလုံး သိမ်းပိုက်နိုင်ရေးအတွက် တောင်ကုတ် စကခ ၅ ၊ ခမရ ၅၄၄ နဲ့ ခမရ ၃၄၆ တပ်ရင်းတို့ကို ဆက်လက် ထိုးစစ်ဆင်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ တောင်ကုတ်မြို့က မောင်းတံဂိတ် စစ်စခန်းတွေ၊ တက္ကသိုလ်ကျောင်းဝင်း စစ်စခန်း၊ အာလိမ်ငါးဆင့်ဘုရားကုန်း စစ်စခန်း၊ ဖုန်ညိုတံတားအနီး စစ်ခန်းတွေ၊ တောင်ကုတ်မြို့အဝင် ဂိတ်စခန်း၊ သိမ်တောင် ဆုတောင်းပြည့်ဘုရားကုန်း စစ်စခန်း၊ ကြိုးကြာကွင်း စစ်စခန်း၊ ကိုင်းရှည်တံတားထိပ် စစ်စခန်း၊ သီရိဆေးရုံ စစ်စခန်းနဲ့ တောင်ကုတ်မြို့မရဲစခန်းတို့ကို AA က သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ စစ်စခန်းတွေကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၄ ရက်ကနေ ၂၀ ရက်အတွင်း ၁၇ ရက်ကြာ ထိုးစစ်အပြီးမှာ သိမ်းပိုက်ရရှိခဲ့တာဖြစ်ပြီး တောင်ကုတ်မြို့တွင်းတစ်ခုလုံးကို နိုဝင်ဘာလ ၂၄ ရက်နေ့မှာ အလုံးစုံ ထိန်းချုပ်ထားနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ တောင်ကုတ်မြို့ကို ထိန်းချုပ်နိုင်ခဲ့တာကြောင့် AA ဟာ သံတွဲပြီးရင် ရခိုင်ပြည်တောင်ပိုင်းမှာ ဒုတိယမြောက်မြို့ကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ တောင်ကုတ်မြို့ဟာ ရခိုင်ရိုးမပေါ်မှာ…

Read More

အဉ္စနလီညှင်း(လေးဝတီ FM)   ၂၇ ၊ နိုဝင်ဘာ ၊ ၂၀၂၄ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်ရင်း၊ တပ်ခွဲ၊ စစ်ကြောင်း အသီးသီးက တပ်ဖွဲ့ဝင်အင်အား ၁၀၀ဝ ကျော်ဟာ နိုဝင်ဘာ လ အတွင်းမှာ အာရက္ခတပ်တော် AA ဆီကို ပုံစံအမျိုးမျိုးနဲ့ ဝင်ရောက်ခိုလုံခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်က သိရပါတယ်။ အဲ့ဒီလို ဝင်ရောက်ခိုလုံတဲ့ အထဲမှာ ဗိုလ်မှူးကြီးအဆင့်ရှိသူပါ ၊ ပါဝင်ပြီး နပခမှာ တာဝန်ကျနေတဲ့ အထဲက တပ်သားဟောင်းတွေရော နောက်ထပ်ပို့တဲ့ စစ်ကူစစ်ကြောင်းတွေပါ ပါတယ် လို့ ဆိုပါတယ်။ “စစ်ကောင်စီတပ်ထဲမှာက ထိပ်ပိုင်းအရာရှိမိသားစုတွေကို နေပြည်တော်ကို ရွှေ့လိုက်တယ်၊ နောက်ပြီး နောက်ဆုတ်လာတဲ့ တပ်ရင်းတွေကို နပခ ထဲ အဝင်မခံဘဲ ပြန်လွှတ်တယ်၊ ရှေ့တန်းကို အင်အားမရှိဘဲ ပို့ခံရတဲ့ လူတွေက အင်အားမမျှလို့ ပူးပေါင်းတာတွေလည်းရှိတယ်။ သူတို့အချင်းချင်း သဘောထားကွဲလွဲလို့ လာရောက်ပူးပေါင်းတာတွေလည်းရှိတယ် ” လို့ စစ်ရေးသတင်းရင်းမြစ်က လေးဝတီ FM ကို ပြောပါတယ်။ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ကို အာရက္ခတပ်တော် က ဝန်းရံပိတ်ဆို့ တိုက်ခိုက်နေတာ နှစ်လ ကျော်ကြာမြင့်ပြီ ဖြစ်ပြီး နိုဝင်ဘာ အတွင်းမှာ အပြင်းထန်ဆုံးဖြစ်ခဲ့ တာဖြစ်ပါတယ်။ AA က ထိမ်းသိမ်းထားတဲ့ တပ်သားတွေထဲမှာ ဒဏ်ရာ ရှိတဲ့ သူတွေ လည်းပါဝင်နေပြီး အများစုက အစာအဟာရ ပြတ်လတ်နေကြတယ် လို့ ဆိုပါတယ်။ “တိုက်ပွဲမှာ ဖမ်းမိတာလည်းပါတယ်၊ အုပ်စုလိုက် လာပူးပေါင်းတာလည်းပါတယ်။ တချို့က…

Read More