Author: Ka K

မိုးများနိုင်မည့်အခြေအနေ (ECMWF forecast update) နိုဝင်ဘာ ၅ ရက် ည ၈ နာရီ ===== နိုဝင်ဘာ ၇ ရက် ည ၁၂ နာရီမှ ၈ ရက် ည ၁၂ နာရီ(၂၄ နာရီအတွင်း) ရခိုင်ပြည်နယ်တောင်ပိုင်း၊ မကွေးတိုင်းတောင်ပိုင်း၊ ပဲခူးတိုင်းအနောက်မြောက်ဘက်၊ နေပြည်တော်၊ မန္တလေးတိုင်းတောင်ပိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကယားပြည်နယ်၊ ဧရာဝတီတိုင်းဒေသအချို့(ပုံ) တို့တွင် မိုးများနိုင်ပါမယ်။ ကျန်ပြည်နယ်တိုင်းဒေသများ မိုးမများနိုင် အသင့်အတင့်သာ ရွာနိုင်ပါမယ်ကြိုတင်ခန့်မှန်းချက်ကြည့်ရန် – https://www.mmweather.org/divisional-cities-weather ၂၄ နာရီအတွင်း – 64.5 mm နှင့်အထက် မိုးရွာလျှင် မိုးများပါသည်(Heavy Rainfall) 115.6 mm နှင့်အထက် မိုးရွာလျှင် မိုးအလွန်များပါသည်(Extremely Heavy Rainfall) ဘင်္ဂလားပင်လယ်အော်မှ ထူးခြားမိုးလေဝသအခြေအနေ UPDATE နိုဝင်ဘာ ၅ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ် ==== ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းပင်လယ်ပြင်မှာ နိုဝင်ဘာ ၅ ရက် နံနက်ပိုင်းက စ ပြီး အထက်အမြင့်လေပွေလှိုင်းမှ လေဖိအားနည်းရပ်ဝန်းဖြစ်လာနိုင်မယ်လို့ အိန္ဒိယမိုးလေဝသဋ္ဌာနမှ ယမန်နေ့က ထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။ နိုဝင်ဘာ ၅ ရက် နံနက်ပိုင်း models တွေရဲ့ update အချက်အလက်များအရ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနှင့် ဆက်စပ်လျှက်ရှိတဲ့ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းပင်လယ်ပြင် 11.223ºN, 87.122ºE မှာ လေဖိအားနည်းရပ်ဝန်း စတင်ဖြစ်ပေါ်ကြောင်းတွေ့ရပါတယ်။ တရားဝင်မိုးလေဝသဋ္ဌာနများမှ ထုတ်ပြန်ကြေညာချက်တွေထွက်လာရင်လည်း ဆက်လက်တင်ပြပေးသွားပါမယ်။ အခုလိုဘင်္ဂလားပင်လယ်အော်တောင်ပိုင်းပင်လယ်ပြင်မှ…

Read More

ဧရာဝတီတိုင်းမ်‌ နိုဝင်ဘာ ၅ရက် အမ်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) အနီးရှိ စစ်ကောင်စီ၏ လေကြောင်းရန်ကာကွယ်ရေးတပ်ကို အာရက္ခတပ်တော် (AA) က ထပ်မံသိမ်းပိုက်လိုက်ကြောင်း သိရသည်။ စစ်ကောင်စီ၏ လေကြောင်းရန်ကာကွယ်ရေးတပ်ကို ပြီးခဲ့သည့် နိုဝင်ဘာ ၃ ရက်နေ့တွင် AA က ဝင်ရောက် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီက Y 12 လေယာဉ်များနှင့် ဗုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ စစ်ကောင်စီ၏ ခမရ ၃၇၃ ဆေးတပ်၊ အမှတ် (၂) တပ်မ တော်ဆေးရုံ၊ စရဖတပ်တို့နှင့်လေကြောင်း ကာကွယ်ရေးတပ်တို့သည် တဆက်တည်း တည်ရှိနေပြီး AA က မဲတောင်မှစ၍ အဆိုပါတပ်ရင်းတပ်ဖွဲ့အားလုံးကို သိမ်းယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “အခု အမ်းမှာက နေရာလေးခုထက်မနည်း တိုက်ပွဲ ဖြစ်နေတယ်။ ပဲပဒုံ၊ ဒိုင်ကြီး၊ ခမရ ၃၇၁၊ တပ်ဆေးရုံ နားမှာ တိုက်ပွဲပြင်းထန်နေတယ်။ မနေ့ကတော့ တပ်ဆေးရုံဘက်ကို စစ်ကူသွားတဲ့တပ်တွေ နောက်ပြန်လန်သွားတယ်လို့ သိရတယ်။ ဒရုန်းနဲ့လေကြောင်း အကာအကွယ်တွေအတွက် အဓိကဖြစ်တဲ့ လေကြောင်းကာကွယ် ရေးတပ်လည်း ကျသွားပြီ။ မဲတောင်ကနေ နပခ ဂိတ်အနီး ဘယ်တပ်မှ မကျန်တော့ဘူး” ဟု ရခိုင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။ စစ်ကောင်စီသည် အမ်းမြို့နယ် တစ်မိုင်ကုန်းနှင့် ၎င်းတို့၏ ဂေါက်ကလပ်အနီးဝန်းကျင်ကို ပြီးခဲ့သည့် နိုဝင်ဘာ ၃ ရက်နေ့က Y 12 လေယာဉ်ဖြင့် ဗုံးကြဲကာ နယ်မြေရှင်းလင်းပြီးနောက် ရဟတ် ယာဉ်လေးစင်းဖြင့် စစ်ကူအင်အားဖြည့်ခဲ့ကြောင်း သိရသည်။ AA သိမ်းပိုက်ထားသည့်…

Read More

▪︎“ဒီခရီးစဥ်က တရုတ်နဲ့ မြန်မာပြည်သူလူထုအကြား၊ တရုတ်-မြန်မာဆက်ဆံရေးကို အထောက် အကူဖြစ်ဖို့ထက် အဖုအထစ်ဖြစ်သွားနိုင်ဖို့လို့ကို စစ်ကောင်စီကိုပဲ မျက်နှာမူပြီးဆက်ဆံတဲ့ ဆက်ဆံရေးမျိုး ဖြစ်နေလားဆိုတာကို ကျွန်မတို့ စိုးရိမ်မှုရှိတယ်ဆိုတဲ့အကြောင်းကိုတော့ ကျွန်မတို့ အကြောင်းကြားထားပြီးဖြစ်တယ်” -NUG နိုင်ငံခြားရေးဝန်ကြီး အီယိုရီ/People’s Spring အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ လက်ရှိ တရုတ်ခရီးစဥ်သည် နိုင်ငံတော်တရားဝင်ခရီးစဥ်(State ​Visit)မဟုတ်ဘဲ တရုတ်နိုင်ငံ ပြည်နယ်တစ်ခု၌ ပြုလုပ်သော ဒေသတွင်းဖိုရမ်(Regional Forum)တစ်ခုကို တက်ရောက်စေခြင်းသာဖြစ်သည်ဟု တရုတ်နိုင်ငံဘက်မှ သတင်းစကားပြန်လည်ရရှိခဲ့ကြောင်း NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောသည်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ကရင်အမျိုးသားအစည်းအရုံး KNU၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နှင့် ချင်းအမျိုးသားတပ်ဦး CNF တို့က ယနေ့(နိုဝင်ဘာ ၅ရက်)ပူးတွဲသတင်းစာရှင်းလင်းပွဲပြုလုပ်ရာ NUG နိုင်ငံခြားရေးဝန်ကြီးက ယနေ့စတင်သော စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ တရုတ်ခရီးစဥ်နှင့်ပတ်သက်၍ ဖြေကြားခဲ့ခြင်းဖြစ်သည်။ “ကျွန်မတို့ သဘောထားက အင်မတန်မှ ရှင်းလင်းပါတယ်။ ဒီတွေ့ဆုံမှု၊ ဒီလိုမျိုးဖိတ်ကြားမှု ဒီခရီးစဥ်က တရုတ်နဲ့ မြန်မာပြည်သူလူထုအကြား၊ တရုတ်-မြန်မာဆက်ဆံရေးကို အထောက်အကူဖြစ်ဖို့ထက် အဖုအထစ်ဖြစ်သွားနိုင်ဖို့လို့ကို စစ်ကောင်စီကိုပဲ မျက်နှာမူပြီးဆက်ဆံတဲ့ ဆက်ဆံရေးမျိုး ဖြစ်နေလားဆိုတာကို ကျွန်မတို့ စိုးရိမ်မှုရှိတယ်ဆိုတဲ့အကြောင်းကိုတော့ ကျွန်မတို့ အကြောင်းကြားထားပြီးဖြစ်တယ်။ နောက်ပိုင်း သိရသလောက်က state visit မဟုတ်ဘူး။ ပြည်နယ်တစ်ခုမှာပဲ​လုပ်တဲ့ regional forum တစ်ခုကို တက်ရောက်တာသာလျှင်ဖြစ်တယ်ဆိုတာကို ကျွန်မတို့ သတင်းစကားပြန်ရရှိခဲ့တာ ရှိပါတယ်”ဟု နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောသည်။ တရုတ်နိုင်ငံဘက်မှ မည်သည့်ဌာန၊ မည်သို့သော အဆင့်ရှိသူက NUG ကို ပြန်လည်သတင်းစကားပေးပို့ခဲ့သည်ကိုမူ ရှင်းရှင်းလင်းလင်းမသိရပေ။ သို့သော် NUG သည်…

Read More

ရန်ကုန်၊ နိုဝင်ဘာ ၅ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ပဲကတိုးကျေးရွာရှိ စစ်ကိုင်းတက္ကသိုလ်ဝင်းအတွင်း တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်သားများနှင့် စစ်ကူစစ်ကြောင်းများကို တိုက်ခိုက်ခဲ့ရာ စစ်သား ၂၀ ဦး ဝန်းကျင်သေဆုံးခဲ့ကြောင်း Sagaing PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။ ယမန်နေ့ နိုဝင်ဘာလ ၄ ရက်နေ့ နံနက် ၅ နာရီ ၁၅ မိနစ်ခန့်က စစ်ကိုင်းမြို့နယ်၊ ပဲကတိုးကျေးရွာရှိ စစ် ကိုင်းတက္ကသိုလ်တွင် တပ်စွဲနေသည့် အကြမ်းဖက်စစ်ကောင်စီဂိတ်ကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား အများအပြားသေဆုံးပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။ ထိုသို့ ဝင်ရောက်တိုက်ခိုက်မှုကို စစ်ကူပေးရန် စစ်ကိုင်းမြို့ပေါ်ရှိ တပ်မ ၃၃ က စစ်ယာဥ်တန်း ဖြင့် ထွက်လာခဲ့ရာ လမ်းကြောင်းပိတ်ဆို့ဖြတ်တောက်ရေး အတွက် တာဝန်ယူထားသော ပြည်သူ့ကာ ကွယ် ရေးတပ်ဖွဲ့ဝင်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်သား အများ သေဆုံး ခဲ့ကြောင်း၊ ထို့ပြင် တက္ကသိုလ်ဝင်းအတွင်းရှိ စစ်သားများ ကျောင်းပေါက်ဝ အရောက်တွင်လည်း မိုင်းတစ်လုံးဖြင့်ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုများအတွင်း အကြမ်းဖက်စစ် သား ၂၀ ဦးဝန်းကျင်သေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ “တက္ကသိုလ်ထဲမှာက ၅၀ ဝန်းကျင်လောက်နဲ့တပ်စွဲထားတာပါ။ တိုက်ပွဲက ၁၅ မိနစ်လောက်ပဲကြာခဲ့ ပါတယ်။ ကျနော်တို့ရဲဘော်တွေအားလုံးဘေးကင်းကင်းနဲ့ဆုတ်ခွာနိုင်ခဲ့ပါတယ်။ ကျနော်တို့ Sagaing PDF အနေနဲ့ စစ်ကောင်စီရဲ့ စစ်ရေးပစ်မှတ်တွေကို ယခုထက်ပိုမိုပြီး စစ်ဆင်ရေးဖော်ဆောင်သွားမှာ ဖြစ်ကြောင်း အသိပေးလိုပါတယ်” ဟု Sagaing…

Read More

နိုဝင်ဘာ ၅ – ၂၀၂၄ နေပြည်တော် အေလာလေဆိပ်မှာ ဒီကနေ့ နိုဝင်ဘာ ၅ ရက်၊ မနက် ၈ နာရီ၊ မိနစ် ၂၀ ဝန်းကျင်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အေလာလေယာဥ်ကွင်းရှိ လေယာဥ်ပြေးလမ်းနဲ့ ကားပါကင်ကြား ခြုံပုတ်အတွင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာလို့ ကနဦး သိရပြီး စစ်ဆေးချက်အရ PVC ပိုက်နဲ့ ပြုလုပ်ထားတဲ့ ဗုံးဖြစ်တယ်လို့ သိရပါတယ်။ ဒါနဲ့ပတ်သက်လို့ ဒေသခံတယောက်က “ကျွန်မတို့ သိတာတော့ လေယာဉ်ပြေးလမ်းပေါ်မှာလို့ သိရတယ်။ ပေါက်ကွဲသံက နှစ်ချက်၊ တချက်ကတော့ အကျယ်ကြီးပဲ။ ကျွန်မတို့ကြားတာတော့ မနက် ၉ နာရီ၊ ၁၅ မိနစ်လောက်က ကြားတာ။ ပထမတချက်ကတော့ ဘာသံမှန်း မသဲကွဲဘူး။ နောက်တချက်ကျမှ အသံအကျယ်ကြီးထွက်လာတာ။ ကျွန်မတို့က လေယာဉ်ပျက်ကျတယ် ထင်နေတာ” လို့ ပြောပါတယ်။ ပေါက်ကွဲသံတွေ ထွက်ပေါ်လာပြီးနောက် နစက လေယာဉ်တွေ ကောင်းကင်ပေါ် ခေါက်တုံ့ခေါက်ပြန် ဝဲပျံနေတာကိုလည်း တွေ့ရတယ်လို့ သူက ပြောပါတယ်။ နောက်ထပ် ဒေသခံတယောက်က တော့ “ပေါက်ကွဲမှုလည်း ဖြစ်ပြီးရော ကျွန်တော်တို့တဲနားမှာ တတီတီနဲ့ ကျလာလို့ အသံကြားလို့ သွားကြည့်ကြတာ။ ဒရုန်းပုံစံ သေးသေးလေးတခုတွေ့တယ်။ နေရာကတော့ အေလာလေဆိပ်နားက ရန်အောင်ချမ်းသာ ထိုင်တော်မူဘုရားကြီးနဲ့ဆို တမိုင်လောက် ဝေးတဲ့နေရာပေါ့။ ဘုရားကြီးလမ်းရဲ့ ဘယ်ဘက်ခြမ်းမှာ။ ခဏနေတော့ နစက လုံခြုံရေးတပ်ဖွဲ့တွေ အများကြီးရောက်လာပြီး စစ်နေတာအကြာကြီးပဲ။ လိုက်လည်း ရှာကြတယ်။ ဒရုန်းကတော့ တောက်လျှောက်…

Read More

နိုဝင်ဘာ ၅ – ၂ဝ၂၄ KKO(VOM) ကားလောကရဲ့ ဒိတ်ဒိတ်ကြဲ လူငယ်စီးပွားရေးလုပ်ငန်းရှင်တယောက်ဖြစ်သူ ကိုကြည်သာဟန် ဖမ်းဆီးထိန်းသိမ်းခံရတာ ဟုတ်မှန်တယ်လို့ သူနဲ့ နီးစပ်တဲ့ကားလုပ်ငန်းရှင်အသိုင်းအဝိုင်းက လုပ်ငန်းရှင်တယောက်က အတည်ပြုပြောကြားလိုက်ပြီး မည့်သည့် အတွက်ကြောင့် အခုလိုဖမ်းဆီးထိန်းသိမ်းခံထားရသည်ဆိုတာကိုတော့ တိတိကျကျမသိရသေးဘူးလို့ သူက ဆိုပါတယ်။ “ကိုကြည်သာဟန်အဖမ်းခံရတယ်ဆိုတဲ့ သတင်းတွေထွက်လာတော့ သူတပည့်တွေကို ဖုန်းဆက်မေးကြည့်တဲ့အခါမှာ သူတပည့်တွေကလည်းဒါနဲ့ပတ်သက်လို့ဟုတ်မှန်ကြောင်းပြောပါတယ်။သူတပည့်တွေကလည်း အတော်လေးစိတ်မကောင်းဖြစ်နေတယ်၊ဝမ်းနည်းကြောင်းပဲပြောတယ်၊ဦးတို့ အခုသိရသလောက်က‌တော့ သူ့ကိုစစ်ကြောရေးတခုမှာစစ်နေတယ်လို့ကြားတယ်၊ ဘယ်စစ်ကြောရေးမှာလဲဆိုတာကိုတော့မသိဘူးပေါ့နော်၊အဲ့လိုလေးတော့လောလောဆယ်မှာသိတယ်၊ကြားရတယ်”လို့ ပြည်တွင်းရှိ အမည်မဖော်လိုသူ ကားလုပ်ငန်းရှင်တယောက်က VOM ကို ပြောပါတယ်။ ကိုကြည်သာဟန် ဖမ်းဆီးထိန်းသိမ်းခံရတာဟာ EV လျှပ်စစ်ကားတင်သွင်းရောင်းချမှုမှာဈေးကစားတာကြောင့်ဖြစ်နိုင်တယ်လို့ ကားအသိုင်းအဝိုင်းက လုပ်ငန်းရှင်အချို့က သုံးသပ်ထားသလို ပြင်ပမှာထွက်ပေါ်နေတဲ့ သုံးသပ်ပြောဆိုမှုတွေအရ မကြာသေးမီက ဖမ်းဆီးထိန်းခြင်းကို ခံခဲ့ရတဲ့ ဒေါက်တာနေစိုးမောင်အမှုနဲ့ ဆက်စပ်ပတ်သက်မှုကြောင့်လည်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုအချို့လည်း ထွက်ပေါ်နေတာဖြစ်ပါတယ်။ ဆက်လက်ပြီး ကားလုပ်ငန်းရှင်အသိုင်းအဝိုင်းနဲ့ နီးစပ်သူတယောက်ကတော့ ကိုကြည်သာဟန် ဖမ်းဆီးထိန်းသိမ်းခံရတာနဲ့ ပတ်သက်လို့ ဖြစ်နိုင်ချေအရှိဆုံးနဲ့ သူသိရှိရသလောက်ကို အခုလိုပြန်လည်ပြောပြပေးခဲ့ပါတယ်။ “သိရသလောက်က EV ကားကိစ္စမှာ သူကကားဈေးဆွဲတင်တာတွေ ဆွဲချတာတွေလုပ်ပြီးဈေးကစားတယ်ပေါ့၊ကားဈေးကို မသမာမှုလုပ်တယ်ပေါ့လေ၊ဟိုးအရင်ထဲက သူက SKD ကားတွေကိုလည်းနောက်ပေါက်ကနေထုတ်ခဲ့တာရှိတယ်။ ဒါကကားလောကမှာဖြစ်ခဲ့တာ‌ပေါ့၊အခုဟာက EV ကားကိစ္စလို့‌ တော့သိရတယ်။EV ကားကိစ္စမှာသူတော်တော်လေးအကျိုးအမြတ်ရလိုက်တယ်လို့လည်းအကိုတို့ကြားတယ်။သူက EV ကိုဘယ်လိုဝယ်ရမလဲ၊ဘယ်လိုဈေးကစားရမလဲ ၊ဘယ်အသိုင်းအဝိုင်းတွေကိုရောင်းချရ မလဲဆိုတာကိုလည်းသူကသိတယ်။EV ကားဈေးကစားတယ်ဆိုတာကလည်းသိရသလောက်သူနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းလောက်မှာ သူကဒါကို‌ဈေးကစားပြီးလုပ်သွား တဲ့အနေအထားပေါ့။ အဲ့ဒါကိုတချို့လုပ်ငန်းရှင်တွေကသူ့ကိုမျက်စောင်းထိုးတဲ့အနေအထားလည်းရှိတယ်။ပြောရရင် SKD တို့ EV တို့ဆိုတာက ပြည်တွင်းမှာလူသိပ်မကြိုက်တဲ့အမျိုးအစားတွေပေါ့၊ ဒါကိုသူကဈေးကွက်မှာဈေးကစားပြီးရ‌အောင်ရောင်းသွားတာပေါ့။နောက်လူကြီးသားတ‌ယောက်နဲ့ ရှယ်ယာကိစ္စတခုမှာလည်းသူပါဝင်ပတ်သက်နေတယ်လို့ကြားရတယ်။ငွေပမာဏက တော်တော်လေး များတယ်လို့ပြောတယ်။နောက်ဆုံးကြားရတာကတော့ သူက EV ကားတွေကိုသတ်မှတ်ဈေးနှုန်းထက်ပိုပြီးဈေးတင်ရောင်းတယ်ပေါ့၊အခုသူ့ကိစ္စကသူ့ပတ်ဝန်းကျင်ကလူတွေကိုလည်းသို့လော၊သို့လောတွေဖြစ်ကုန်တာပေါ့၊ တွေးစရာတွေလည်းဖြစ်ကုန်တယ်၊အကိုတို့ထင်တာက EV ကိစ္စမှာဒီလိုလေး မသမာမှုလေးသွားလုပ်လိုက်တာနဲ့ အခုလိုဖြစ်သွားတယ်လို့ထင်တာပါပဲ…

Read More

နိုဝင်ဘာ ၃ ရက် ECMWF, ICON နှင့် GFS model UPDATE များအရ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတခု ဖြစ်ပေါ်နိုင်မည့် အခြေအနေကို model အားလုံးမှ တပြေးညီ ခန့်မှန်းထားကြောင်းတွေ့ရသည်ဟု တင်ပြခဲ့ပြီး ဖြစ်ပါသည်။ နေ့လည်ပိုင်း ထပ်မံရရှိသည့် update များအရ – နိုဝင်ဘာ ၆ ရက် နံနက် ၁၁ နာရီမှ နောက် ၂၄ နာရီအတွင်း … ရှမ်းပြည်နယ်တောင်ပိုင်းဒေသများ၊ မကွေးတိုင်းတောင်ပိုင်းနှင့် နေပြည်တော်နယ်မြေများ၊ ဧရာဝတီတိုင်းအရှေ့တောင်ဘက်ခြမ်း(မြေပုံတွင်ကြည့်ပါ) … တို့တွင် ၂၄ နာရီအတွင်း ရွာသွန်းနိုင်သည့် မိုးရေချိန်ခန့်မှန်းချက်များရှိနေကြောင်း၊ မိုးများနိုင်ကြောင်း (Heavy Rain) ဟု ဖေါ်ပြနေပါသည်။ (နိုဝင်ဘာ ၃ ရက် – နေ့လည် ၂ နာရီ ၄၀ မိနစ်) နိုဝင်ဘာ ၈ ရက် နေ့လည် ၁၂ နာရီမှာ လေဖိအားနည်းရပ်ဝန်းက ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်း – မြောက်လတ္တွီတွဒ် ၁၅ ဒီဂရီအထိ ရွေ့လာပြီးမှ အနောက်ဘက်ကို ဆက်ရွေ့မယ်လို့ ဥရောပ သင်္ချာပုံစံပြုမော်ဒယ် ICON(German)က ပြနေတာရှိပါတယ်။ ဒါကြောင့် နိုဝင်ဘာ ၆ ရက်နေ့က စ ပြီး ၇ ရက်၊ ၈ ရက်၊ ၉ ရက်နေ့တွေအထိ မြန်မာနိုင်ငံဘက်ခြမ်းမှာ မိုးများနိုင်တဲ့ အခြေအနေတွေက ဆက်ပြီးဖြစ်ပေါ်နေပါမယ်။ ဆက်လက်စောင့်ကြည့် တင်ပြပေးနေပါမယ်။ မြန်မာနိုင်ငံဘက်ကို ဦးတည်ရွေ့လျားနိုင်တဲ့ အခြေအနေတော့ မတွေ့ပါ။…

Read More

မြန်မာပြည်ကြီး ပြန်လည်ငြိမ်းချမ်းမယ့်နေ့ရက် အတိကျကို ဟောကိန်းထုတ်လိုက်တဲ့ နာမည်ကျော် ဆရာတော်ကြီး- ဆက်လက်ဖတ်ရှုရန်

Read More