Subscribe to Updates
Get the latest creative news from FooBar about art, design and business.
What's Hot
Author: Ka K
Breaking News- လေ့ကေ့ကော်အနီးရှိ စစ်ကောင်စီတပ်၏ စွယ်တော်ကုန်း လက်နက်ကြီး ဗျူဟာစစ်စခန်းကို KNLA၊ PDF ပူးပေါင်း တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်၊ တပ်မ ၄၄ ဗျူဟာမှူးနှင့် စစ်ကောင်စီတပ်သားများ ထွက်ပြေး ရန်ကုန်၊ အောက်တိုဘာ ၁၇ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ လေ့ကေ့ကော်မြို့သစ်အနီးရှိ စစ်ကောင်စီတပ်၏ စွယ်တော်ကုန်း လက်နက်ကြီး ဗျူဟာစစ်စခန်းကို KNLA ဦးဆောင်သော တော် လှန်ရေးတပ်များ ယနေ့ နံနက်ပိုင်း တိုက်ခိုက်သိမ်းပိုက်ရရှိကြောင်း KNLAနှင့်PDF သတင်းရင်းမြစ်က ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ အောက်တိုဘာလ ၁၇ ရက်နေ့ နံနက် ၅ နာရီအချိန် လေ့ကေ့ကော်မြို့သစ်အနီး စွယ်တော်ကုန်း(ခ) ခွေးကုန်း စစ်တပ်ဗျူဟာစခန်းကို KNLA ၊ ကော်ဘရာစစ်ကြောင်း၊ PDF ပူးပေါင်းစစ်ကြောင်းများက သိမ်းပိုက်ရရှိကြောင်း၊ လက် နက်ခဲယမ်းများ သိမ်းဆည်းရရှိပြီး စစ်သုံ့ပန်းများလည်း ဖမ်းဆီးရရှိကြောင်း၊ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများတွင် စစ်သုံ့ပန်းများ၊ ၁၂၀ မမ လက် နက်ကြီးများ၊ ပွိုင့်ဖိုက်များ ပါဝင်ကြောင်း သိရှိရသည်။ “လေ့ကေ့ကော်အနီး စွယ်တော်ကုန်း(ခ) ခွေးကုန်း ရန်သူဗျူဟာ စခန်းကို KNLA နဲ့ ကော်ဘရာ PDF ပူးပေါင်းတပ်တွေ ဒီမနက် ၅ နာရီလောက် မှာ သိမ်းဆည်းရမိပြီ၊ ရန်သူ တပ်မ ၄၄ ဗျူဟာမှုးနဲ့ အများစု စခန်းစွန့်ထွက်ပြေးပါတယ်။ လတ်တလောက် ၁၂၀ မမ၊ ပွိုင့်5 အပါ လက်နက်အများစုသိမ်းဆည်းရမိထားပြီး ရန်သူ သုံ့ပန်းတချို့လည်း…
အင်းစိန်မြို့နယ် ကမ်းနားအနောက်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဓားထိုးခံရပြီး သေဆုံး ရဲခေါင်/People’s Spring ရန်ကုန်မြို့၊ အင်းစိန်မြို့နယ် ကမ်းနားအနောက်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဓားထိုးခံရပြီး သေဆုံးသွားကြောင်း ဒေသခံအချို့က လူထုနွေဦးသို့ ပြောသည်။ ယနေ့(အောက်တိုဘာ ၁၆ရက်) နံနက်ကဖြစ်ပွားခဲ့သော အခင်းဖြစ်စဥ်အရ ကမ်းနားအနောက် ရပ်ကွက်အုပ်ချုပ်ရေးမှူး စိုးသန်းအား အဆိုပါရပ်ကွက်နေသူ ထွန်းထွန်းလတ်ဆိုသူက ဓားဖြင့် ထိုးခဲ့ခြင်းဟု ဆိုသည်။ ” သိရသလောက်တော့ ထွန်းထွန်းလတ်က မူးနေတဲ့အချိန် စိုးသန်းက အာဏာသွားပြတာ။ဟိုက ဒါနဲ့ဓားနဲ့အသေထိုးတာ။ဒီမှာ မသေဘူး။အင်းစိန်ဆေးရုံရောက်မှ သေတာ”ဟု အင်းစိန် မြို့နယ်နေသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။ သေဆုံးသူစိုးသန်းသည် ဝမ်းဗိုက်ယာဘက်ထိုးသွင်းဒဏ်ရာများနှင့် ယာလက်ကောက်ဝတ်ပြတ်ရှဒဏ်ရာရရှိခဲ့ကြောင်း အင်းစိန်မြို့နယ်ရဲစခန်း၏ အမှုစစ်ချက်တွင် ဖော်ပြသည်။ဓားဖြင့်ထိုးသွားသူ ထွန်းထွန်းလတ်ကို ဖမ်းဆီးရေးပိတ်ဆို့ရှာဖွေနေသည်ဟုလည်း ဆိုသည်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်မြို့အပါအဝင် အခြားမြို့နယ်များ၌ ရပ်ကွက် အုပ်ချုပ်ရေးမှူးဆိုသူများနှင့် ၎င်း၏နောက်လိုက် များသည် ပြည်သူလူထုအပေါ် အကြောင်းမဲ့ ဖမ်းဆီးနှိပ်စက်၊သတ်ဖြတ်မှုများ ကျူးလွန်နေသည်။ ထို့ကြောင့် စစ်ကောင်စီဘက်တော်သားများ ဖြစ်သော ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား မြို့ပြပြောက်ကျားအဖွဲ့များက ပစ်ခတ်ရှင်းလင်းသတိပေးမှုများရှိသည်။
ဆိုင်းမင်း/People’s Spring မန္တလေးမြို့ ၊ ပြည်ကြီးတံခွန်မြို့နယ်မှာ အောက်တိုဘာလ ၁၃ ရက်က သန်းခေါင်စာရင်းလိုက်လံကောက်ယူချိန် လမ်းသွားလမ်းလာ အမျိုးသား အစစ်မခံဘဲ ထွက်ပြေးတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ပစ်ခတ်ခံရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ အဲဒီဖြစ်စဉ်က ပြည်ကြီးတံခွန်မြို့နယ် ၊ သင်ပန်းကုန်းရပ်ကွက် ၊ ၅၅ လမ်း ၊ ၁၂၃ လမ်းနဲ့ ၁၂၄ လမ်းကြားမှာ အောက်တိုဘာလ ၁၃ ရက် မနက်ပိုင်း ၁၁ နာရီဝန်းကျင်က ဖြစ်ပွားတာပါ။ သန်းခေါင်စာရင်းကောက်ယူတဲ့အဖွဲ့ကို လုံခြုံရေး လိုက်ယူပေး တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်က ပစ်ခတ်တာလို့ သင်ပန်းကုန်းရပ်ကွက်ဒေသခံတစ်ဦးက ပြောပါတယ်။ ” လမ်းပေါ်သွားနေတဲ့သူကို စစ်တာ ၊ ဟိုကလည်းကြောက်ကြောက်နဲ့ထွက်ပြေးတာ လမ်းနှစ်ပြလောက်ထိကို သေနတ်နဲ့လိုက်ပစ်တာ” လို့ အဲဒီဒေသခံက ဆိုပါတယ်။ ပစ်ခတ်တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်ဟာ သန်းခေါင်စာရင်း ကောက်ယူတဲ့အဖွဲ့ တစ်အိမ်ဝင် တစ်အိမ်ထွက် စာရင်းကောက်နေချိန် လမ်းပေါ်မှာ လုံခြုံရေးယူတဲ့ စစ်သား ဖြစ်တယ်လို့သိရပါတယ်။ပစ်ခတ်ခံရတဲ့အမျိုးသားရဲ့နောက်ဆက်တွဲအခြေအနေကိုတော့မသိရပါဘူး။ မန္တလေးအပါအဝင် နိုင်ငံတဝှမ်း စစ်ကောင်စီ ထိန်းချုပ်မှု အောက်မှာရှိနေတဲ့ ဒေသတွေမှာ အောက်တိုဘာလ ၁ ရက်ကစတင်ပြီး ၁၅ ရက်ကြာစာရင်းကောက်ယူခဲ့တာပါ။ ၂၀၂၅ ခုနှစ်မှာ ကျင်းပမယ့်ရွေးကောက်ပွဲ မဲစာရင်းမှန်ကန်ဖို့ အကြောင်းပြပြီး စစ်ကောင်စီက သန်းခေါင်စာရင်း ကောက်ယူတာလည်းဖြစ်ပါတယ်။ သန်ခေါင်စာရင်းကောက်ယူရာမှာ လိုက်ပါ လုံခြုံရေး ယူတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ် လည်းဖြစ်ထားပါတယ်။ မန္တလေးတိုင်းစစ်ကောင်စီအဖွဲ့ ဝင်တွေကို သန်းခေါင်စာရင်းစတင်တဲ့နေ့က တွေ့ရပုံ ဓာတ်ပုံ – စစ်ကောင်စီပြန်ကြားရေး
နာမည်ကြီးမင်းသမီးတော့ သတင်းစာထဲမှာပါ ကြေညာပြီ
တာမွေ၊ ဗျိုင်းရွာမ ရပ်ကွက်အုပ်ချုပ်ရေးမှူး မောင်မောင်က လူငယ်များ စစ်မှုမထမ်းလိုလျှင် ငွေကျပ် သိန်း ၄၀ ပေးရမည်ဟု တောင်းခံ၊ တောင်ငူနှင့်အုတ်တွင်းစစ်ဆေးရေးဂိတ်များတွင် လူငယ်များ ပေါ်တာဆွဲ ဖမ်းဆီးခံနေရ ရန်ကုန်၊ အောက်တိုဘာ ၁၆ ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ ဗျိုင်းရွာမရပ်ကွက်အုပ်ချုပ်ရေးမှူး မောင်မောင်က စစ်မှုထမ်းရန် အကျုံးဝင်နေသည့် လူငယ်များအနေဖြင့် စစ်မှုမထမ်းလိုဘဲယာယီ ရွှေ့ဆိုင်းလိုခြင်း၊ ရှောင်ရှားလိုပါက လူငယ် ၁ ဦးလျှင်ငွေကျပ် သိန်း ၄၀ ပေးရမည်ဟု တောင်းခံလာကြောင်း တာမွေမြို့နယ် အတွင်းမှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။ တာမွေမြို့နယ်အတွက် လစဉ် စစ်မှုထမ်းရမည့် လူငယ်များစာရင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးများက အဓိက ကိုင်တွယ်ပြီး စာရင်းများ ထုတ်ပေးနေကြရကြောင်း၊ ထို့ကြောင့် ဗျိုင်းရွာမရပ်ကွက်အတွင်းမှ လူငယ်များအနေဖြင့် စစ်မှုမထမ်းလိုပါ ငွေကျပ် သိန်း ၄၀ ပေးရမည်ဖြစ်ကြောင်း၊ အကယ်၍ မပေးလိုလျှင် စစ်မှုထမ်းရမည့် လူငယ်စာရင်းသည် ၎င်း၏ လက်ထဲတွင်သာ ရှိပြီး ၎င်းစိတ်ကြိုက် မည်သူ့ကိုမဆို စစ်မှုထမ်းစာရင်း ထည့်သွင်းနိုင်သည်ဟု ဗျိုင်းရွာမ ရပ်ကွက် အုပ်ချုပ်ရေးမှူး မောင်မောင်က ပြောဆိုကြောင်း သိရှီရသည်။ “လူငယ်တွေ စစ်မှုထမ်းရမယ့် ကိစ္စမှာ စစ်ရှောင်ချင်ရင် သိန်း ၄၀ ပေးရမယ်။ မဟုတ်ရင် သူ့လက်ထဲမှာ ဘာမဆို လုပ်လို့ရတယ်ဆိုပြီး လူငယ်တွေနဲ့ မိဘတွေကို ခြိမ်းခြောက်တယ်။ စစ်မှုထမ်းစာရင်းဆိုတာ သူတို့က အဓိက လုပ်ပေးရတာဖြစ်လို့ မပေးရင်လည်း စာရင်းထည့်ရုံပဲဆိုပြီး ပြောတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။ ထို့ပြင် ဗျိုင်းရွာမရပ်ကွက်အတွင်း…
ရန်ကုန်၊ အောက်တိုဘာ ၁၅ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ပေါ်တွင် ရည်းစားဖြစ်သူနှင့် သွားရောက်တွေ့ဆုံသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦးကို အရှင် ဖမ်းဆီးရမိခဲ့ကြောင်း Kanbalu Underground Warriors အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။ အောက်တိုဘာလ ၁၅ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီတပ်သား ၂ ဦးဖြစ်သည့် ဒုတပ်ကြပ် ကျော်မင်းနိုင် နှင့် ပျူစောထီး ဝေဖြိုးအောင် တို့သည် ဇီးကုန်းမြို့ပေါ်တွင် ရည်းစားဖြစ်သူနှင့် သွားရောက် တွေ့ဆုံစဉ် Kanbalu Underground Warriors အဖွဲ့မှ တော်လှန်ရေး ရဲဘော်များက အရှင်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦးသည် တော်လှန်ရေး ရဲဘော်များကို လက်ပစ်ဗုံးဖြင့် ပြန်လည် ပစ်ခတ် တိုက်ခိုက်ခဲ့သော်လည်း ထိခိုက်မှုမရှိကြောင်း၊ ဒုတပ်ကြပ် ကျော်မင်းနိုင်သည် စစ်မှုထမ်း သက်တမ်း ၂၅ နှစ်ရှိသူဖြစ်ပြီး လက်နက်ကိုင် ပျူစောထီး ဝေဖြိုးအောင် သည် စစ်မှုထမ်း သက်တမ်း ၁ နှစ် ရှိသူဖြစ်ကြောင်း သိရှိရသည်။
သီပေါတိုက်ပွဲ ဟောင်ဝစ်ဇာအပါအဝင်လက်နက်မျိုးစုံ ၁၇၀ကျော်ရဟု TNLA အသိပေး ▪️စစ်ကောင်စီ၏ အရပ်ဘက်ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် ပြည်သူ ၃၃ဦး သေဆုံး၊ ၈၀ ဒဏ်ရာရ (သီပေါမြို့တိုက်ပွဲအတွင်းမှ သိမ်းရသော လက်နက်ခဲယမ်းများနှင့် TNLA ရဲဘော်များ။ ဓာတ်ပုံ – TNLA) ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်ရှိ စစ်ကောင်စီတပ် ခလရ(၂၃)ကို အောက်တိုဘာ ၁၃ ရက်တွင် သိမ်းနိုင်ခဲ့ပြီး မြို့နယ်တစ်ခုလုံးကို အလုံးစုံသိမ်းပိုက်နိုင်ပြီး တိုက်ပွဲအတွင်း ဟောင်ဝစ်ဇာလက်နက်ကြီးအပါအဝင် လက်နက်ကြီး၊ငယ်မျိုးစုံ ၁၇၀ကျော်ရရှိခဲ့ဟု တအာင်းတပ်မတော်(TNLA)က ထုတ်ပြန်သည်။ သီပေါမြို့နယ်ရှိ တပ်စခန်းများကို တအာင်းတပ်မတော် TNLA မှ ၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) အတွင်း ဇူလိုင် ၂၀ ရက်မှ စတင်တိုက်ခိုက်ခဲ့ရာ (၂)လကျော်အကြာတွင် စစ်ကောင်စီတပ်စခန်းများဖြစ်ကြသည့် ခမရ (၅၀၃)၊ ခမရ(၅၀၄)နှင့် ခလရ(၂၃)တပ်စခန်း၊ ရဲစခန်းအပါအဝင် အစိုးရဌာနဆိုင်ရာရုံးများ အလုံးစုံသိမ်းပိုက်ရရှိခဲ့သည်ဟု ဆိုသည်။ သီပေါမြို့သည် ပဉ္စမမြောက်အလုံးစုံထိန်းချုပ်နိုင်ခဲ့သည့် မြို့ဖြစ်ကြောင်း TNLA က ထုတ်ပြန်သည်။ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းစတင်သည့် ဇွန်လ ၂၅ရက်မှ အောက်တိုဘာ ၁၃ရက်အတွင်း နောင်ချိုမြို့၊ မိုးကုတ်မြို့၊ မိုးမိတ်မြို့၊ ကျောက်မဲမြို့နှင့် သီပေါမြို့တို့ကို အလုံးစုံ ထိန်းချုပ်ထားပြီးဖြစ်သည်ဟုလည်း TNLAက အသိပေးသည်။ တိုက်ပွဲကာလအတွင်း ဟောင်ဝစ်ဇာလက်နက်ကြီးအပါအဝင်၊ လက်နက်မျိုးစုံ (၁၅၅)လက်၊ 60 MM (၇)လက်၊ 81 MM (၁)လက်၊ RPG (၂)လက်၊ စက်လက် (၉)လက် စုစုပေါင်း လက်နက်မျိုးစုံ ၁၇၄ လက်ထက်မနည်း သိမ်းရခဲ့ဟု အသိပေးသည်။…
ရန်ကုန်၊ အောက်တိုဘာ ၁၅ လက်နက်ကိုင် တောင်းဆိုမှုများကို လိုက်လျောဖြေရှင်းပေးရန် မရှိဘဲ စစ်ကောင်စီက နိုင်ငံတစ်ဝန်း နှိမ်နင်းရေး ဆက်လုပ်မည်ဖြစ်၍ ပြည်သူများ သတိပြုကြရန် အကြမ်းဖက် မင်းအောင်လှိုင်က သတိပေးပြောဆိုသည်။ ယနေ့ ကျရောက်သည့် NCA တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် ၉ နှစ်ပြည့်နှစ်ပတ်လည်အတွက် အထိမ်းအမှတ်အဖြစ် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။ စစ်တပ်အနေဖြင့် နှိမ်နင်းရေးအတွက် လုပ်သင့် လုပ်ထိုက်တာများ ထပ်မံဆောင်ရွက်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်သူများအနေဖြင့် သတိပြုကြရန် အကြမ်းဖက် မင်းအောင်လှိုင်က ပြောဆိုသွားသည်။ ” တပ်မတော်အနေနဲ့ အကြမ်းဖက် သောင်းကျန်းသူတွေကို နှိမ် နင်းဖို့လိုအပ်တဲ့ လုပ်ဆောင်သင့်လုပ်ဆောင်ထိုက်တာတွေကို ထပ်မံဆောင် ရွက်မှာဖြစ်တာကြောင့် ပြည်သူများအနေနဲ့ အကြမ်းဖက်သမားတွေရဲ့ အသုံးချမှုမခံရအောင် သတိပြုကြဖို့ကိုလည်း ကျွန်တော့်အနေနဲ့ ထပ်မံအသိပေးပြောကြားလိုပါတယ်” ဟု မင်းအောင်လှိုင်က ဆိုသည်။ လက်ရှိတွင် NCA လက်မှတ်ရေးထိုးသော တိုင်းရင်းသားလက်နက်ကိုင်များ က ကတိကဝတ်ကို ဖောက်ဖျက်ပြီး NUG ၊ CRPH တို့ကို ထောက်ခံအားပေးပြီး PDF များကို ထောက်ပံ့မှု မျိုးစုံပေးနေကြောင်း၊ MNDAA ၊ TNLA နှင့် AA တို့ လုပ်ဆောင်ချက်များကြောင့် အခြေအနေများ ပိုမိုဆိုးရွားလာနေကြောင်း ၊ တိုင်းရင်းသားလက်နက်ကိုင်များက ပါတီစုံ ဒီမိုကရေစီလမ်းကြောင်းဖြင့် ပြည်ထောင်စု အတူတကွ တည်ဆောက်ရေးထက် တစ်သီးတခြားရပ်တည်လိုစိတ်ကိုသာ ရှေ့တန်းတင်လာကြကြောင်း ၎င်းက ဆိုသည်။ “လက်နက်ကိုင်တိုက်ခိုက်မှုများဟာ နိုင်ငံရေးကိုအကြောင်းပြပြီး လက်နက်ကိုင် အကြမ်းဖက်လုပ်ရပ်တွေကို လုပ်ဆောင်နေကြခြင်းသာ ဖြစ်ပါတယ်။ သူတို့အနေနဲ့…
ရန်ကုန်၊ အောက်တိုဘာ ၁၅ အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ ဇခုန်တန့်ယိန်း ဦးဆောင်သော ကချင်အထူးဒေသ ၁ ဌာနချုပ်တည်ရှိရာ ပန်ဝါမြို့ကို အဓိက ကာကွယ်ထားသည့် အမှတ် ၁၀၀၂ နယ်ခြားစောင့်တပ်ဌာနချုပ်စန်းနှင့်အတူ တပ်စခန်း စုစုပေါင်း ၄ ခုကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက ထပ်မံ တိုက်ခိုက် သိမ်းပိုက်ရရှိကြောင်း KIA စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။ အောက်တိုဘာလ ၁၄ ရက်နေ့ နှင့်အောက်တိုဘာလ ၁၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်အချိန် လုပြည် အမှတ် ၁၀၀၂ ပင်မစခန်းကြီးနှင့် ကာကင်းစခန်း ၃ ခု စုစုပေါင်း တပ်စခန်း ၄ ခုစလုံးကို KIA နှင့် ပူးပေါင်းတပ်ဖွဲ့များက အပြီးသတ် ထပ်မံ သိမ်းပိုက်ရရှိခြင်းဖြစ်ကြောင်း သိရှိရသည်။ လတ်တလော သတင်းများအရ အမှတ် ၁၀၀၂ BGF တပ်စခန်းမှ ထိပ်ပိုင်းတာဝန်ရှိသူတချို့ တရုတ်ပြည်ဘက်သို့ ထွက်ပြေးသွားပြီဟု သိရှိထားသော်လည်း အတိအကျကို အတည်ပြုရန် ခက်ခဲကြောင်း၊ လက်ရှိတွင် နယ်မြေရှင်းလင်းရေးများ ဆက်လက် လုပ်ဆောင်နေကြောင်း သိရှိရသည်။ ပန်ဝါမြို့တွင် ဇခုန်တန့်ယိန်း ဦးဆောင်သော စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်ဌာနချုပ်နှင့် ကချင်အထူးဒေသ ၁ ဌာနချုပ်တည်ရှိနေရာ အမှတ် ၁၀၀၂ BGF ဗျူဟာတပ်စန်းသည် ပန်ဝါမြို့ကို ကာကွယ်ထားသော စခန်းဖြစ်ရာ စစ်အရေးအရ အလွန်အရေးပါသည်ဟု စစ်ရေးသတင်းရင်းမြစ်ကဆိုသည်။ ဇခုန်တန့်ယိန်း ထိန်းချုပ်ထားသော ချီဖွေမြို့ကို စက်တင်ဘာလ ၂၉…
ပင်လည်ဘူးမြို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည့် အောင်ပွဲရ တော်လှန်ရေးရဲဘော်များကို NUG ကာကွယ်ရေးဝန်ကြီး ကွင်းဆင်းတွေ့ဆုံ ရန်ကုန်၊ အောက်တိုဘာ ၁၅ စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည့် အောင်ပွဲရ တော်လှန်ရေးရဲဘော်များကို NUG ကာကွယ်ရေးဝန်ကြီး ကွင်းဆင်းတွေ့ဆုံကြောင်း NUG အမျိုးသားညီညွတ်ရေးအစိုးရက သတင်းထုတ်ပြန်သည်။ အောက်တိုဘာလ ၁၀ ရက်နေ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ် ရေးဝန်ကြီးဝန်ကြီး ဦးရည်မွန်က ပင်လည်ဘူး မြို့သိမ်းစစ်ဆင်ရေးတွင် ပါဝင်ခဲ့သော အောင်ပွဲရ ရဲဘော်များကို သွားရောက် တွေ့ဆုံ အားပေးခဲ့ကြောင်း၊ ခရီးစဥ်အတွင်း ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က သိမ်းပိုက်ရရှိထားသော ပင်လည်ဘူးမြို့ကို ဝင်ရောက် စစ်ဆေးခြင်းနှင့် လက်နက်ချ အညံ့ခံ ပူးပေါင်းလာသော စစ်သုံ့ပန်းများအား တွေ့ဆုံခြင်း များလည်း ဆောင်ရွက်ခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။ ပြည်သူ့ကာကွယ်ရေးတပ်များ အပါအဝင် တော်လှန်ရေး မဟာမိတ် ပူးပေါင်းတပ်များက ပင်လည်ဘူးမြို့သိမ်းစစ်ဆင်ရေးကို ဩဂုတ်လ၁၅ ရက်နေ့တွင် စတင်ခဲ့ပြီး အောက်တိုဘာလ ၈ ရက်နေ့တွင် အောင်မြင်စွာ တိုက်ခိုက် သိမ်း ပိုက်နိုင်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၇၀ ဦးခန့် သေဆုံးပြီး ၂၇၅ ဦး ပျောက်ဆုံး၍ ၂၂၅ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း၊ အလင်းဝင်ရောက် လာသူ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၈ ဦးရှိပြီး စစ်သုံ့ပန်း ၁၀၂ ဦး ဖမ်းဆီးရမိကြောင်း သိရှိရသည်။